وَمَنْ يُّطِعِ اللّٰهَ وَالرَّسُوْلَ فَاُولٰٓٮِٕكَ مَعَ الَّذِيْنَ اَنْعَمَ اللّٰهُ عَلَيْهِمْ مِّنَ النَّبِيّٖنَ وَالصِّدِّيْقِيْنَ وَالشُّهَدَآءِ وَالصّٰلِحِيْنَۚ وَحَسُنَ اُولٰٓٮِٕكَ رَفِيْقًاؕ
And whoso obeys Allah and this Messenger of His shall be among those on whom Allah has bestowed His blessings, namely, the Prophets, the Truthful, the Martyrs, and the Righteous. And excellent companions are these. (4:70)
''အကြင်သူတို့သည် အလ္လာဟ်နှင့် ဤတမန်တော်မြတ် အား အမှန်တကယ် နာခံလိုက်နာမှုကို ကျင့်သုံးကြ လျှင် ငါအရှင်မြတ်မှ 'အင်န်အာမ်' အကျိုးဆုလာဘ်ချီးမြှင့်ခြင်းခံရသော ထိုသူတို့နှင့် အတူတကွ အတူပေါင်း စည်းပါဝင် ကြရပေလိမ့်မည်။ ထိုသူတို့မှာ ''နဗီ'' များ ''ဆိဒ်ဒီးက်'' များ ''ရှဟီးဟ်'' များနှင့် ''ဆွာလေဟ်'' များ ဖြစ်ကြ၏။ ဤဆုလာဘ်ရရှိသော အဖွဲ့ဝင်များသည် အချင်းချင်း အလွန်လျှင် ကျက်သရေမင်္ဂလာ ရှိစေသော အဆွေတော်များ ဖြစ်ကြလျက် အကောင်းဆုံးအဖော်မွန်များ ဖြစ်ကြပေသတည်း။'' (၄ း ၇၀)
၃၃.၄၁ ပါ ခါ-သ-မ သည် နာမ်ပုဒ်ဖြစ်ကြောင်း မည်သူမျှမငြင်းနိုင်သည်အထိ သက်သေပြခဲ့အပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန်အားဖြင့် ကျွန်ုပ်တို့ အဟ်မဒီယာမွတ်စလင်များ၏ အကီဒါဟ်ကို ထပ်ခါထပ်ခါ မှတ်ကျောက်တင်ပြလေသောအခါ -
ကတိတော်မလာမဆီဟ်နှင့်မဟ်ဒီဘွဲ့ခံအရှင်သူမြတ်(အ)ကို ဆဲရေးတိုင်းထွာနေသော တဘက်လူ အနေနှင့် မြန်မာ့ကျက် သရေဆောင်၊ တိုင်းသိပြည်သိ မိမိတို့ဆရာကြီး အရှက်ဗြန်းဗြန်းကွဲရလေခြင်းဟုခံစား မိလေသလော၊ လူအများကြားဝင်ဆံ့ဖို့ လိုသည့်အခါယူသုံးခဲ့သည့် ထိုထိုကျက်သရေဆောင်ကြီးကို ရံဖန်ရံခါ ခေါက်ထားတတ်သည်ဖြစ်သောကြောင့် ထိုသို့မခံစား မိလေခြင်း လည်းဖြစ်နိုင်စေကာ မူ ခြေမကိုင် မိလက်မကိုင်မိဖြစ်ပြီး ကျမ်းမြတ်ကုရ်အာန်ကို စိတ်ကြိုက်အလိုကျဇုလုမ်ကျူးလွန် သဖ်စီရ်ဖွင့်ကာ ငါ့မြင်းငါစိုင်းပြီး ပရိသတ်အား ရောက်တတ်ရာရာသို့ဆွဲခေါ်သွားခဲ့၊ သွားနေသည်ကို အလ္လာဟ်ကြောက် စိတ်ရှိသူ များသာ မြင်တွေနေပေအံ့။
တဘက်လူက ကျမ်းမြတ်ကုရ်အာန်နှင့်ဆိုင်သော မည်သည့်စောဒကကိုမဆို အထွန့်တက်စေကာမူ အဟ်မဒီယတ်တည်းဟူသော အမှန်တရားက အမေးနွားကျောင်းသား အဖြေဘုရားလောင်းနှယ် ဖုရ်ကန်ဖြင့် မှတ်ကျောက်တင်ပြနေမြဲသာ။
ယခုလည်း ကျမ်းမြတ်ကုရ်အာန်အပေါ် ဇုလုမ်ကျူးလွန် လိမ်လည်ထားမှုအား ဖြည်ထုတ်လိုက်ရပေဦးအံ့။ တဘက်လူက ကုရ်အာန် ၄.၇၀ ကိုလည်း စိတ်ကြိုက်သဖ်စီရ်ဖွင့်ရာ၌ အောက်ပါအတိုင်း
' မုစ်လင်မ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာအဆင့်အတန်းတွင် တမန်တော် တို့နှင့်အတူရှိနိုင်သည်ဆိုသော အယူအဆမှာမှန်ကန် ပေ သည်ဟု ကျွနု်ပ်လည်း ယုံကြည်ပါသည်။ သို့ရာတွင် တမန်တော်တို့နှင့်အတူ ရှိနိုင်ခြင်းခြင်း နှင့် အမှန်တစ်ကယ် တမန်တော် ဖြစ်ခြင်း တို့တွင် လုံးဝကွဲပြားခြားနားလှပေသည်။ "ဝိညာဉ်ပိုင်းဆိုင်ရာအဆင့်အတန်းတွင် တမန်တော်တို့နှင့် အတူရှိနိုင်သည်" ဆိုသော အယူအဆ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ- အမှန်စင်စစ်သော်ကား၊ အကြင် သူသည်အလ္လာဟ် အရှင်မြတ် ၏ အမိန့် တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ (အမိန့်တော်များ)ကိုလည်းကောင်း၊ လိုက်နာအံ့။ ယင်း(ကဲ့သို့သော) သူတို့ သည်အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော နဗီတမန်တော်များ၊ ‘ဆွစ်ဒ္ဒီက်’ တိကျ မှန်ကန်စွာပြောဆိုပြုလုပ် ဆောင်ရွက် သူများ၊ ‘ရှဟီဒ်’ အလ္လာဟ် အရှင်မြတ်၏လမ်းတော်၌ အသက်ဇီဝိန်ကို စွန့်သူများ၊ ‘ဆွာလိဟ်’သူတော်စင် သူတော်ကောင်း များနှင့် အတူတကွ ရှိကြလတ္တံ့။ စင်စစ်ဆိုသော် ယင်းသူတို့သည် အဘယ်မျှလောက် မွန်မြတ်လှစွာသော မိတ်သဟာရအဖော် အဖက်များ ဖြစ်ကြပေသနည်း။ (ကျမ်းတော်မြတ် ကုရ်အာန် ၄း၆၉)
ဆိုလိုသည်မှာ ကိုယ်တော်မြတ် (ဆွ) ၏နောက် မုစ်လင်မ်တစ်ဦးသည် အမှန်တကယ် တမန်တော် အဖြစ်ကိုရရှိမည်မဟုတ် ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အမိန့်တော်တို့ကို ဦးထိပ်ပန်ဆင်တိတိကျကျ မပျက်မကွက် လိုက်နာသောအားဖြင့် နဗီတမန်တော် တို့နှင့်အတူတကွ အရေးတယူပြုခြင်းခံရမည် ဟူ၍သာ။ နဗီတမန်တော်ဖြစ်ခြင်း "နုဗူဝသ်" သည်ကျင့်ကြံ၍ရကောင်းသော အဆင့်အတန်း မဟုတ်ပေ။ တရားကျင့်ကြံအားထုတ်၍ နဗီတမန်တော်ဖြစ်သွားသော တမန်တော်မျိုး အစ္စလာမ်သာသနာတွင်လုံးဝ မရှိ။ ' .....
ဟု ရေးပြခဲ့ခြင်းဖြင့် မျက်ခွက်နှင့်ကြမ်းပြင်တသားတည်းကျအောင်မှောက်လျက်လဲကျသွားပါတော့သည်။
အို-သူတော်ကောင်းယောင်ဆောင်ကလိမ်ခြုံကျသူ၊ 'မုစ်လင်မ်တို့သည် အမှန်တကယ်အားဖြင့် အလ္လာဟ် အရှင်မြတ်နှင့် အလ်-ရစူလ် တမန်တော်မြတ်ကြီး(ဆွ)' တို့၏အမိန့်တော်ကို ဦးထိပ်ပန်ဆင်တိတိကျကျလိုက် နာလျှင် -
၁) တမန်တော်အစစ်အမှန်မဖြစ်နိုင် တမန်တော်တို့နှင့်အတူတကွသာရှိရမည်။ သို့ဆိုပါလျှင် အာယတ်တော် ၄.၇၀ လာအတိုင်း
၂) ဆွိဒ္ဒီးက်အမှန်တကယ်လည်းမဖြစ်နိုင်ပြီ ဆွိဒ္ဒီးက်များနှင့်သာအတူတကွရှိရမည် ဟုဆိုလျှင် ဟာဇရသ် ဆွိဒ္ဒီကေ အက္ကဗရ် အဘူဘက္ကရ်သခင်(ရဒီ)၊ ဟာဇရသ် အာအိရှဟ်ဆွိဒ္ဒီကာဟ်(ရဒီ)တို့ မိမိတို့ရရှိထားသော ဘွဲ့များကို အသင်လူရမ်းကားက ဘယ်ဂုဏ်ဖြင့် ပြန်လည်ရုပ်သိမ်းမည်နည်း။ (အအူးဇိုဘိလ္လာဟိ အာန်အကူးနာ မိနာလ် ဂျာဟီလီးန်)
၃) ရှဟီးဒ်ဘွဲ့မှာလည်း အမှန်တကယ်မဖြစ်ဘဲ ရှဟီဒီများနှင့်အတူတကွသာရှိရမည်ဆိုလျှင်လည်း ဘဒရ်မှသည် သာသနာ့စစ်ပွဲ ဟူသမျှ၌ ကျဆုံးခဲ့ကြသူ မုအ်မိန်အပေါင်းဟာလည်း မိမိတို့ဘွဲ့ထူးများကို အသင့်လက်ထဲ ပြန်လည်အပ်နှံကြရမည်လား။ (အအူးဇိုဘိလ္လာဟိ အာန်အကူးနာ မိနာလ် ဂျာဟီလီးန် )
၄)မွတ်စ်လင်မ်လူမှုဘဝတလျောက်လုံးမှာရှိကြသူအပေါင်းတို့ဟာလည်း ဆွာလေဟီယသ် (ဆွာလေအမှန်တ ကယ် ဖြစ်ခြင်း အဆင့်အတန်း) ကို မရကြဘဲ ဆွာလေဟ်များနှင့်အတူတကွသာရှိကြရတော့မည်လား။
တယ်လည်းတတ်နိုင်၊ ရယ်စရာကောင်းသော မူဖတ်စိရုလ်ကုရ်အာန်ကြီးရဲ့ deceit သဖ်စီရ်ပါလားဗျာ။
တဘက်လူမှာ ငယ်စဉ်ကတည်းက ကျောင်းတော်ဝါဒ မိရိုးဖလာအစဉ်အလာအတွေးအခေါ်လောင်း ရိပ်အောက် ဝါဒမှားအယူမှား ကြီး ရိုက်သွင်းပေးထားခဲ့ခြင်းခံရတာကြောင့် အမေမှာတဲ့ဆန်တစ်ခွဲ လုပ်နေရသည်ကို အလ္လာဟ်ကြောက်စိတ်ရှိသူများ မြင်တွေ့ နေရပေပြီ။
သည်အာယတ်တော် ၄.၇၀(၆၉) ကို 'ဆွေရာသွလ္လဇိးနာ အာန်အာမ်သာအလိုင်းဟီးမ်' ဟူသည့် စူရာဟ်ဖာတီဟာပါ အာယတ်တော်၏ ရှင်းလင်းချက်၌ ချိတ်ဆက်တွဲဟပ်၍ ဟန်ချက်ညီစွာဖြင့် ဃာဇီဟာရှင်ပြုစုသည့် ကုရ်အာန်ကျမ်းတော်မြတ်၏ အလင်းပြကျမ်း ပ-စောင် ကဏ္ဍ(၁) အတွဲ (၁) အဖွင့်ကဏ္ဍ စာ ၂၂ မှာရော 'မအာရိဖုလ်ကုရ်အာန် မြန်မာဘာသာပြန်' အတွဲ ၁ မှာပါဖော်ပြထားပေသည်။ (အကျယ်ရှုရန်)
ဒီတော့ကား - အလ္လာဟ်ရဗ္ဗုလ်အာလမီးန်အရှင်က 'ဆွေရာသွလ္လဇိးနာ အာန်အာမ်သာအလိုင်းဟီးမ်' ဆိုတဲ့ ဒိုအာဆုတောင်းကို သင်ပေးထားတော်မူပြီး 'အင်န်အာမ်' ဆိုတဲ့ကောင်းကျိုးချမ်းသာဆုလာဘ်ကို ချီးမြှင့်တော်မူမယ့်အကြောင်း ဖော်ပြထား သည်အား အသင့်ကဲ့သို့သော လိုရာဆွဲ၍ အမဲစက်ထင်စေသူ ဖရေဘီအစစ်အမှန်က အလ္လာဟ်အရှင်မြတ်အား ရဲဝံ့စွာဖြင့် အမဲစက် ထင်အောင် ပြုလုပ်(အာအူးဇိုဘိ လ္လာဟ်ဟေ မိနရှ်ရှိုင်းတွာနိရ် ရဂျီးမ်) တာဟာဖြင့် အောင်မြင်မှုရနိုင်သူတို့၏ အလုပ်ပါ လားလို့ အော်ဟစ် ပြီးတော့သာ မေးလိုက်ချင်ပါတော့သည်။
ဒါ့ပြင် တဘက်လူ ရှိုင်တာန်၏အမွေခံကား အာယတ်တော် ၄.၇၀(၆၉)မှ 'မအ' ဆိုသည့်စကားလုံးကို အတူတကွ(with) ဆိုသော အဓိပ္ပါယ်လောက် သိထားသည်နှင့် တူပေ၏။ ကျမ်းမြတ်ကုရ်အာန် ၃.၁၉၄ ၊ ၃.၅၄ ၊ ၅.၈၄၊၈၅ ၊ ၁၅း၃၂ တို့မှ 'မအ' ဆိုသည့် စကားလုံးများကိုလည်း 'အတူတကွ(with)' တမျိုးကလွဲလို့ တခြားအဓိပ္ပါယ် ယူမရတော့ဘူးလို့ အော်ဟစ်ပါဦးမည်လော။ ၁၅.၃၂ တွင် 'မအဆ် ဆာဂျိဒီးန်' ဟုဖော်ပြချက်ထားပြီး ၇.၇၂ မှာလည်း 'အင်နီ မအကွမ်' ဟု ဖော်ပြတော်မူလျက် 'မအ' ဆိုတာ 'များအထဲမှ' (Among) လို့လည်း အနက်ရကြောင်း ကျမ်းမြတ်ကုရ်အာန်က မှတ်ကျောက်တင်လိုက်ပေပြီ။ ကျမ်းမြတ်ကုရ်အာန် ဘာသာပြန်ဆရာများ(အသင်ကိုယ်စားပြုနေသောသူများ)ကိုယ်တိုင်က နှစ်မျိုးစလုံး သုံးပြခဲ့သည်အား ရှိုင်တာန်၏အမွေခံ ရှုလော့ .....
(15.31)
Sahih International: Except Iblees, he refused to be with those who prostrated.
Pickthall: Save Iblis. He refused to be among the prostrate.
Yusuf Ali: Not so Iblis: he refused to be among those who prostrated themselves.
Shakir: But Iblis (did it not); he refused to be with those who made obeisance.
Muhammad Sarwar: except Iblis who refused to join with the others in prostration.
Mohsin Khan: Except Iblis (Satan), - he refused to be among the prostrators.
Arberry: save Iblis; he refused to be among those bowing.
အီဗ်လီစ်မှအပ၊ ယင်းအီဗ်လီစ်မှာမူကား စဂျ်ဒဟ်ပျပ်ဝပ်ဦးချသူတို့တွင် အပါအဝင်ဖြစ်ခြင်းကို ငြင်းပယ် ခဲ့လေသတည်း။ (၁၅း၃၁၊ ဆော်ဒီအသိအမှတ်ပြု ဃာဇီ ဟာရှင်မ် ဆာဟိဘ်မြန်မာပြန်)
___________________________________________________________________________________________________________________________________
(007.071)
Sahih International: [Hud] said, "Already have defilement and anger fallen upon you from your Lord. Do you dispute with me concerning [mere] names you have named them, you and your fathers, for which Allah has not sent down any authority? Then wait; indeed, I am with you among those who wait."
Pickthall: He said: Terror and wrath from your Lord have already fallen on you. Would ye wrangle with me over names which ye have named, ye and your fathers, for which no warrant from Allah hath been revealed? Then await (the consequence), lo! I (also) am of those awaiting (it).
Yusuf Ali: He said: "Punishment and wrath have already come upon you from your Lord: dispute ye with me over names which ye have devised - ye and your fathers,- without authority from Allah? then wait: I am amongst you, also waiting."
Shakir: He said: Indeed uncleanness and wrath from your Lord have lighted upon you; what! do you dispute with me about names which you and your fathers have given? Allah has not sent any authority for them; wait then, I too with you will be of those who wait.
Muhammad Sarwar: He replied, "You will certainly be afflicted by wickedness and the wrath of God. Do you dispute with me about the names of that which you and your fathers have invented? God has given no authority to those names. Wait for God's decree and I, too, am waiting with you."
Mohsin Khan: (Hud) said: "Torment and wrath have already fallen on you from your Lord. Dispute you with me over names which you have named - you and your fathers, with no authority from Allah? Then wait, I am with you among those who wait."
Arberry: Said he, 'Anger and wrath from your Lord have fallen upon you. What, do you dispute with me regarding names you have named, you and your fathers, touching which God has sent down never authority? Then watch and wait; I shall be with you watching and waiting.'
___________________________________________________________________________________________________________________________________
ဆက်လက်၍ အသင်စလဖီတို့ကြီးစိုးရာ ဆော်ဒီနိုင်ငံ ဘုရင်ဖာဟဒ်ပုံနှိပ်တိုက်ထုတ်၊ အင်္ဂလိပ်ဘာသာပြန်ကုရ်အာန် ၄.၆၉ အား ရှိုင်တာန်၏အမွေခံ ဖတ်ဖူးပါသလော။ မဖတ်ဖူးလျှင် ရှုလော့။
အို-နှင်ထုတ်ခြင်းခံရသော ရှိုင်တာန်၊ ကျမ်းမြတ်ကုရ်အာန်၌ အသင့်အတွက်နေရာမရှိပြီ၊ ရှောင်လော့၊ ရှားလော့၊ ဖယ်လော့။
ဒါကြောင့် ၄.၇၀ (၆၉) အာယတ်တော်မှာလည်း 'မအလ္လဇီးနာ' လို့ဖော်ပြတော်မူပြီးနောက် 'မင်နန်နဗီယီးန်' ဆိုပြီး ဆက်လက်ဖော်ပြတော်မူကာ ဤအာယတ်တော် ၄.၇၀မှာလာရှိတဲ့ 'မအ' မှာ Among (မင်န်) ၊ 'များထဲမှ' ဟုလည်း ဆိုလိုတာဖြစ်ကြောင်း ထပ်ဆင့်သိရှိစေတော်မူထားပါသည်။
ဒါကြောင့် ခိုင်းရ်အွမ္မသ်၊ တမန်တော်မြတ်မဟာ(ဆွ)၏အစုအဖွဲ့ဝင်များ (၃.၁၁၀)ဖြစ်ကြသူတို့က တမန်တော် မူစာ(အ)ရဲ့ တပြည့်နောက်လိုက်များလောက်တောင် အရည်အချင်းမပြည့်မီသယောင် အတုအယောင် ဆုလာဘ်ကိုရရှိမည့် သူများဖြစ်သယောင် ဖော်ပြခြင်းဟာဖြင့် မွတ်စလင်မ်အွမ္မသ်ထုကြီးအား အစည်းအတား မရှိ စော်ကားလိုက်ခြင်းသာဖြစ်သောကြောင့် ထိုသို့သောသူအား မုအာဝနေအစ္စလာမ်၊ အစ္စလာမ့် အကျိုးဆောင်အဖြစ် အသို့လျှင် သတ်မှတ်နိုင်ပါအံ့နည်း။
ထို့ပြင် ၄.၇၀ ကို ကုရ်အာန်ကျမ်းတော်မြတ်ဆိုင်ရာ အဘိဓာန်ကြီးပြုစုခဲ့သော အစ္စလာမ့်ကမ္ဘာမှ ကြည်ညိုလေးစားအမြတ် ထားခြင်းခံရသော 'အေမာမ် ရာဃိဘ်သခင်(ရ.ဟ)' သခင်က အောက်ပါအတိုင်း လင်းပြထားခြင်းအား ထပ်မံဖော်ပြရပေချိမ့်။
ခုလိုလင်းဝင်းထင်းရှားတဲ့ ယုတ္တိသာဓကများစွာ ရှိထားပါလျက်လည်း ကျားကျားမီးယပ်ဆဲဆို ပြီး ဆေးတမယ်ထဲရေလည်းသုံးနေ သည့် ဘိန္ဓောဆရာယောင်တဦးကဲ့သို့ ဒဂျာလ်၏အမွေခံလျက် အပြစ်မဲ့ မွတ်စ်လင်မ်ညီနောင်အပေါင်းတို့အား လှည့်စားပြီး လမ်းလွဲရောက်အောင်ပြုနေခြင်းမှာ အသို့လျှင်အောင်ပွဲ ရနိုင်ပါအံ့နည်း။ (အအူးဇိုဘိလ္လာဟိ အာန်အကူးနာ မိနာလ်ဂျာဟီလီးန်)
No comments:
Post a Comment