Isa ibn Maryam (a.s)

بِسْمِ اللهِ الرَّحْمـٰنِ الرَّحِيمِ
 

တမန်တော်အီဆာ(အ) အသက်ရှင်လျက်ရှိသေးသလော ၊ ကွယ်လွန်အနိစ္စရောက်ပြီလော

English Dicsussion 





ဤသည့်ကိစ္စရပ်သည် ခါတမန်နဗီယီးန်ကိစ္စရပ်နှင့် လွန်စွာဆက်နွယ်ပတ်သတ်လျက်ရှိနေပြီး ခါတမန်နဗီယီးန်ကိစ္စမဆွေးနွေးမီကတည်းက အလျင်ဆွေးနွေးကြရမည့် အတွေးအခေါ်တစ်ရပ်ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် အဟ်မဒီမဟုတ်သော အခြားမွတ်စလင်မ်မိတ်ဆွေများ၏ ယုံကြည်မှုအရ ခါတမန်နဗီယီန်း မှာ ကိုယ်တော်မြတ်(ဆွ)အားဖြင့် နဗူဝသ်အဆင့်သည် အဆုံးသတ်ခဲ့ပြီဖြစ်၍ အွမ္မသ်သီ နဗီအပါအဝင် အခြားမည်သည့်နဗီမှ ပွင့်ပေါ်စရာအကြောင်းမရှိဟူ၍ပင်။ အကယ်၍ ခါတမန်နဗီယီးန်သည် အဆုံးသတ်အပိတ်ဖြစ်ခဲ့ပါသော် တမန်တော်အဟောင်း ဖြစ်စေ၊ အသစ်ဖြစ်စေအကြောင်းမထူး၊ တမန်တောြ်မတ်(ဆွ) နောက်မည်သည့်တမန်တော်မျှပြန်လာစရာမလိုတော့ပါ။ သို့သော် ထိုမိတ်ဆွေများကပင် တမန်တော်အီဆာ(အ)သည် ဤလောကကြီးသို့ တမန်တော်အနေနှင့်ပြန်လာမည်ဟု ပြောဆိုတင်ပြနေကြပါသည်။

အခြေအနေအရ ခါတမန်နဗီယီးန်ကိစ္စရပ်ကို အလျင်ဆွေးနွေးပြီးဖြစ်သဖြင့် '' တမန်တော်အီဆာ(အ) အသက်ရှင်လျက်ရှိသေးသလော ၊ ကွယ်လွန်အနိစ္စရောက်ပြီလော '' ကဏ္ဍကို အလျဉ်းသင့်သလို ကျနော်များအဟ်မဒီယာမွတ်စလင်အဖွဲ့မြန်မာမှထုတ်ဝေသည့်စာအုပ်များမှ တိုက်ရိုက်ကူးယူ၍လည်းကောင်း ၊ အခြားအဟ်မဒီအင်္ဂလိပ်ဝက်ဘ်ဆိုဒ်များမှ ကူးယူဘာသာပြန်ဆို၍လည်းကောင်း တင်ပြဆွေးနွေးသွားပါမည်။

တမန်တော်အီဆာ(အ) အသက်ရှင်လျက်ရှိသေးသလော ၊ ကွယ်လွန်အနိစ္စရောက်ပြီလော ဆွေးနွေးချက် အပြည့်အစုံသို့ 

No comments: