ကတိတော်လာမဆီဟ်နှင့် မဟ်ဒီဘွဲ့ခံအရှင်သူမြတ်အား ဆဲရေးတိုင်းထွာနေသော အမည်နှင့်လိုက်အောင် ပညတ်သွားရာ ဓာတ်သက်ပါလှသည့် နုတ်ရဲလက်ရဲရှိလှသူကြီးက ကျွန်ုပ်တို့ဘက်မှ ခိုင်လုံသောအထောက် အထားများကို ကျမ်းမြတ် ကုရ်အာန်အား ဦးထိပ်ပန် ဆင်လျက် မပြတ်တမ်းတင်ပြနိုင်ခဲ့သဖြင့် အရှင့် အလိုတော်ဖြင့် 'ယတ်စ်သွဖွီ' ကို ကာလဆက်တိုက်ပြကြိယာ ဖြစ်ကြောင်း မဖြစ်မနေ ဝန်ခံ၍ အမှန်တရား ၏အဝန်းအဝိုင်းအပါးသို့ ချဉ်းကပ်လာခဲ့ပေပြီ။ (အလ်ဟမ်ဒိုလိလ္လာဟ်)
သို့သော ဗီဇဉာဉ်စိုးကို လုံးလုံးကြီးမချွတ်ချနိုင်သေးဘဲ လှည့်ပတ်၍လိမ်နိုင်သမျှလိမ်ဦးမည်ဟု အရဲကြိုးကုတ် လျက် ကျွန်ုပ်တို့အား အပြစ်တင်စကားများဖြင့် ပရိသတ်နှင့်ရန်တိုက်ပေးထားပြန်ပါသည်။ ထို့ပြင်ယင်းသူ ကား - "......အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်သည် အမြဲတမ်းမှန်ကန်နေရမည်ဖြစ်ရာ ကိုယ်တော်မြတ်(ဆွ) ၏ နောက်မှ စ၍ တမန်တော်တစ်ပါးပြီးတစ်ပါး ပေါ်ထွန်းရမည်ဖြစ်ပြီး ၊ မိရ်ဇာဂူလာမ် အဟ်မဒ်ကာဒယာနီမတိုင်ခင်လည်းကောင်း၊ မိရ်ဇာဂူလာမ်အဟ်မဒ်ကာဒယာနီ လွန်ပြီးနောက် လည်း ကောင်းကိယာမသ်နေ့တိုင် နဗီတမန်တော်အပေါင်းတို့ ပေါ်ထွန်းနေရ မည်သာ......." စသဖြင့် ရေးလျက် မိမိ၏အတ္တနောမတိပေတံငယ်ကလေးဖြင့် အလ္လာဟ်အရှင်မြတ်၏ စနစ်ကြီးကို တိုင်းထွာ တွက်ချက် ပျက်ရယ်ပြုထားပါသည်။ (၎င်း၏ပျက်ရယ်ပြုမှုမှာ ကိုယ်တော်မြတ် (ဆွ)အားတိုက်ရိုက် ပျက်ရယ် ပြုနေခြင်း ဖြစ်ကြောင်း ဤစာတမ်းဖြင့် သက်သေပြုပါအံ့။)
ယင်းသို့ အဖျက်သဘောဖြင့်သာရပ်တည်နေသော "လမ္မအေရှိုင်တွနီယာဟ်" ၏ လွှမ်းမိုးခြင်းကို ခံနေရ သူသနားစရာသတ္တဝါမှာ ရဲလှစွာဖြင့် အလ္လာဟ်အရှင်မြတ်၏ ထာဝရပဋိညာဉ်တော်နှင့် မဖောက်မပြန်မှန် ကန်သော ပရမတ္တသစ္စာတရားဖြစ်သည့် ၂၂.၇၆(၇၅) မုက္ခပါတ်တော်ကို စောဒကဝင်လျက် ပျက်စီးရာပျက် စီးကြောင်းလမ်းမကြီးထက် လျောက်လှမ်းနေသည်မှာ ဝမ်းနည်းစရာပင်။
ကျွနု်ပ်တို့အနေဖြင့် နားလည်ထားကြရမည်မှာ "(အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ် တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ " (၆.၁၂၅ - ဃာဇီဆာဟိဘ်မြန်မာပြန် ၆.၁၂၄ ကြည့်) ဆိုသည်ကိုပင်။
သို့ဖြစ်၍တမန်တော်ခန့်ထားမှုဆိုင်ရာ အခြေအနေအချိန်အခါနှင့် လူပုဂ္ဂိုလ်ရွေးချယ်မှု ကိစ္စရပ်များ အားလုံးမှာ အလ္လာဟ်အရှင်နှင့်သာ သက်ဆိုင်တော်မူပါသည်။ အာယတ်တော် ၂၂.၇၆ တွင် ယတ်စ်တွဖီ၊ ကာလဆက်တိုက်ပြကြိယာကို သုံးစွဲဖော်ပြထားသဖြင့် အလ္လာဟ်အရှင်မြတ်က စက္ကန့်နှင့်အမျှ လူသား ရစူလ်များ စေလွှတ်ရမည်ဟု မျက်တောင်တဆုံးမျှလောက်သာကြည့်တတ်သော အမြင်နှင့် သုံးသပ်ခြင်း မှာ အလွန်ပင်ကလေးဆန်သော သုံးသပ်မှုသာဖြစ်ပါသည်။
ဥပမာ- အလ္လာဟ်အရှင်မြတ်က "အလ္လာဟ်ဟု ယတ်စ်တွဖီ မိနလ်မလာအိကသိ ရုစုလောင်ဝ် ဝါမိနန်နားစ်" မှာ 'အီစ်တမ်ရာရိတဂျဒ်ဒဒီ' လို့ခေါ်တဲ့ ကာလဆက်တိုက်ပြပုဒ်ကို သုံးစွဲတော်မူထား၏။ ဝါကျတည်ဆောက် မှုတွင် 'အလ်-ရုစုလ်' ဆိုပြီး ဗဟုဝုစ်ပုဒ်နှင့် ကာလပြကြိယာတို့မှာလည်း အလ္လာဟ်အရှင်မြတ်ဘက်သို့ ညွှန်ပြလျက်ရှိသဖြင့် 'အိစ်တမ်ရာရိ တဂျဒ်ဒဒီ' တွင် ကာလကြီး သုံးပါးစလုံး အကြုံးဝင်ပြီး မည်သည့်ကာလမှ ချွင်းချက်ထားဖို့ မဖြစ်နိုင်သောကြောင့် အလ္လာဟ်အရှင်က မိမိ၏နိယာမအစဉ်အလာတော်နှင့် အညီစေတ မန်များကို ရွေးချယ်ခဲ့၊ ရွေးချယ်လျက်၊ ထို့ပြင်ရွေးချယ် ဦးမည့် အရှင်ဖြစ်သည်ဆိုတာကို ရည်ညွှန်းခြင်းဖြစ် ပါ၏။
'အိစ်တမ်ရာရ်' အတွက် လိုအပ်ချက်ဟူသည့် အကန့်အသတ်စည်းကမ်းချက်ပါဝင်လျက်ရှိပါသည်။ ပမာအားဖြင့် 'ကားနာ့ ယာ့ကုလားနစ်သွအာမ်'၊ တမန်တော်အီစာ(အ)နှင့် ၎င်း၏မိခင်မွန်တို့ကအစားအာဟာ ရ ကို မှီဝဲစားသုံး လျက်ရှိခဲ့ကြသည်ဟု လာရှိထားရာ 'ကားနာယာ့ကုလားန်' မှာ အတိတ်တစ်နေရာတွင် စတင်ခဲ့ပြီး ယခုလက်ရှိမတိုင်မီ (အတိတ်တစ်နေရာတွင် ပင်အဆုံးသတ်ခဲ့ သည့်သဘော။)အထိအကြုံး ဝင်နေသော အတိတ်ရောကာလ ဆက်တိုက်ပြကြိယာဖြစ်သည်။ ဤတွင် တမန်တော် အီစာ(အ)နှင့် မိခင်မွန်တို့မှာ 'ကားနာ့ယာ့ကုလားန်' (အတိတ်ရောကာလ ဆက်တိုက်ပြကြိယာ) ကြောင့် နှစ်ဦးစလုံးသည် အတိတ်ကာလတွင် အစားအစာကို အချိန်ရှိသရွေ့မှီဝဲစားသုံးနေသည်ဟုယူလျှင် မှားပေစွ၊ တမန်တော် အီစာ(အ)နှင့် မိခင်မွန် တို့မှာ အတိတ်ကာလတွင် အစားအစာကို လိုအပ်သည့်အချိန်တွင် လိုအပ်သလို မှီဝဲစားသုံးခဲ့ ကြသည်ဟုသာ ယူကြရမည် မဟုတ်ပါလော။
ယင်းသို့ပင်။ ယခု ၂၂.၇၆ တွင်လည်း 'အလ္လာဟ်ဟုယတ်စ်တွဖီး'၏ အလိုသဘောမှာ လိုအပ်သောအချိန်တွင် အလ္လာဟ် အရှင်က ကောင်းကင်တမန်များမှလည်းကောင်း လူသားများအနက်မှလည်းကောင်း မိမိ အလိုတော်ရှိသည့်အားလျော် စေတမန် တော်များကို ရွေးချယ်တော်မူမည့်အကြောင်း ဆိုလိုရင်းဖြစ်လျက် အရှင့်၏ စွန်နသ်နိယာမအစဉ်အလာတံခါးကြီး လားလားမျှ မပိတ်သေးကြောင်းအလ္လာဟ်၏ ရဟ်မသ်တော် တံခါး ပိတ်သံကိုသာကြားချင်နေကြကုန်သော ကံမွဲသူတို့အား အသိပေးတာ်မူ ခြင်းဖြစ်ပါသည်။
"မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမသြဝါဒ သတိပေး နှိုးဆော်ချက် ၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီမဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့မဖြစ်ကြရန်။ ထို သူတို့သည်ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ် နှလုံးမှာခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင်မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်သည် ပထဝီမြေကို သေလွန်သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအ ံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။" (၅၇.၁၇-၁၈ ဃာဇီဟာရှင်ဆာဟိဘ်မြန်မာပြန်မှ)
ထို့ပြင် စောဒကဝင်သူက "သို့ရာတွင်...ကာဒယာနီတို့မှာမူကား ကိုယ်တော်မြတ် (ဆွ) နှင့် မိရ်ဇာဂူလာမ် အဟ်မဒ်ကာဒယာနီတို့အကြားကာလတွင်မည်သည့်တမန်တော်မျှ မရှိဟု ယုံကြည်ကြသလို ၊ မိရ်ဇာဂူလာမ် အဟ်မဒ်ကာဒယာနီ ၏ နောက်ကိယာမသ်နေ့အထိ တမန်တော်ပွင့်မည်မဟုတ်၊ မိရ်ဇာဂူလာမ် အဟ်မဒ်ကာဒယာနီ သာလျှင် နောက်ဆုံး တမန်တော်ဖြစ်သည်ဟု ယုံကြည်ကြပြန်သေးသည်။ အသို့ပါနည်း? (မိရ်ဇာဂူလာမ် အဟ်မဒ် ကာဒယာနီ သည် နောက်ဆုံးတမန်တော်ဖြစ်ကြောင်း ၎င်းမိရ်ဇာကြီးကိုယ်တိုင်က အခိုင်အမာပြော ဆိုခဲ့ လေသည်။......" ဟုဖော်ပြလျက် ပရိသတ်အား ယုံထင်ကြောင်ထင်ဖြစ် အောင် မဆီလျော်မ အပ်စပ်သည်ကိုပါ အတင်းဆွဲသွင်းလျက် ဖရေဘီအစစ် အမှန်ပီပီ ရေးချင်ရာကို ဆွဲရေးယိုးမယ်ဖွဲ့ထားပြန်ပါ၏။
ပရိသတ်အား တကွက်ချန်၍ လိမ်စားခဲ့သည့်အချက်မှာ -
မိမိတို့ကိုယ်ကို မည်သည့်ဂိုဏ်းဝင်များဟုဆိုကြစေမူ မွတ်စလင်မ်အားလုံးတို့သည် (အဟ်လေကုရ်အာန်မျ ား မှအပ) မဆိဟ် မော်အုဒ်၊ မဟ်ဒီမော်အုဒ် သည် တမန်တော်မြတ်ကြီး(ဆွ)၏ အွမ္မသ်အတွင်းမှ ပွင့်ပေါ်ရန် ရှိသေးကြောင်း တစ်စုတစ်စည်းတည်း၊ တစ်ညီတစ်ညွှတ်တည်း ယုံကြည်လက်ခံစောင့်မြော် နေကြပါသည်။
ကတိတော်လာမဆီဟ်နှင့်မဟ်ဒီဘွဲခံအရှင်သူမြတ်(အ)အား ဆဲရေးတိုင်းထွာနေသူက ကျွန်ုပ်၏ ကာလကြာရှည်ကပင် တင်ပြပြီးသည့်အကြောင်းအရာများကို လုံးဝမဖတ်ရှုဘဲ လိုရာဆွဲရေး အပုတ်ချ အမြတ်ထုတ်လျက်ရှိနေခဲ့ပါသည်။ ဤသည် ပညာရှင်ဟု မိမိကိုယ်ကိုကြေညာထားသူ၏အလုပ်ပါလော။
"لیس بینی و بینہٗ نبیٌّ ۔ ابوداؤد کتاب الملاحم، بخاری کتاب الانبیاء"
سُنَنُ أبي دَاوُد، الإصدار 2.02 - للإمامِ أبي دَاوُد الجزء الثاني >> -36- أول كتاب الملاحم >> -14- باب ذكر خروج الدجَّال
““သာဝကကြီး အဘူဟူရိုင်ရာ မှဆင့်ပြန်၏။ တမန်တော်မြတ် မိန့်ကြားတော်မူခဲ့သည်မှာ- ပွင့်ပေါ် ရန်ရှိသောမဆိဟ်(အီဆာ)နှင့် ကျွနု်ပ်၏ အကြားတွင် အခြားမည်သည့် “နဗီ” တမန်တော်မျှမရှိချေ။ (မူရင်း)
ဤသည့်ဟဒီးဆ်တော်အား အချိန်ကာလကြာမြင့်စွာကပင်တင်ပြခဲ့ပြီးဖြစ်သော်လည်း လိုရာဆွဲအပုတ်ချ အမြတ်ထုတ်လိုသူကြီးက ဆင့်ပြန်သူအဘူဟုရိုင်ရာ(ရဒီ)သခင်ကို မိရ်ဇာဂူလာမ်အဟ်မဒ်(အ)သခင်က ဆဲရေးပါသည် (နအူဇိုဘိလ္လာဟ်) ဟုသာ လူလည်ကျ ရှောင်ထွက်ဗျူဟာဖြင့် အမှန်တရားအားကျောခိုင်း၍ မမြင်ချင်ယောင်ဆော င်ခဲ့ပါ၏။ (မှတ်ချက်။ ။ အဘူဟုရိုင်ရာ(ရဒီ)သခင်ကိစ္စကို liar exposed တွင် အသေးစိတ်လင်းဦးအံ့။)
အမေးကား အထက်ပါဟဒီးဆ်ကို အသင်မယုံကြည်လေသလော ................................ ။
သို့ရှိထားပါသောကြောင့် (အထက်ပါဟဒီးဆ်ကို ရည်ညွှန်း) တမန်တော်အပေါင်း၏ ဦးစီးခေါင်းဆောင်၊ ရာဟ်မသွလ္လိလ် အာလမီးန်(ဆွ) သခင်ကြီးနှင့် မိရ်ဇာဂူလာမ်အဟ်မဒ်(အ)၊ ကတိတော်လာမဆီဟ်နှင့် မဟ်ဒီဘွဲ့ခံ အရှင်သူမြတ်တို့အကြား မည်သည့်တမန်တော်မှ မရှိဟု ကျွန်ုပ်တို့အဟ်မဒီများ၏ ယုံကြည် ချက်မှာ ရော်ရမ်း မှန်းဆအတ္တနောမတိပေတံကလေးဖြင့် တိုင်းတာ ထားသော ရလဒ်မဟုတ်မူဘဲ မိရ်ဇာဂူလာမ်အဟ်မဒ်(အ) ၏သခင်၊ ကျွနု်ပ်တို့အားလုံး၏ကျေးဇူးရှင် တမန်တော်မြတ်(ဆွ)၏ အဆို အမိန့်ကိုသာ နောက်လိုက်ပြုကြခြင်းဖြစ်ပါသည်။ (အသင်၏ပျက်ရယ်ပြုခဲ့မှုသည် မည်မျှတာ သွားကြောင်း ယခုရှုပါလေ။ အမှန်တကယ်တော့ အသင်သည် တမန်တော်မြတ်(ဆွ)အား တိုက်ရိုက်ဆဲရေး ပျက်ရယ်ပြုသူသာတည်း။ )
အလ္လာဟ်အရှင်မြတ်က တမန်တော်အာဒမ်(အ)နှင့်အစုအဖွဲ့တို့အား ကမ္ဘာမြေပေါ်သို့ပြောင်းရွှေ့သွားကြရန် အမိန့်ချမှတ်တော်မူစဉ် က မိန့်ကြားတော်မူချက်ကို မျက်စိကိုဖွင့် နားကိုစွင့်လျက်ကြည့်ရှုနိုင်စေရန် တင်ပြလိုပါသည်။
'နောက်သောကာလ၌ အကယ်ပင်ငါ၏အထံတော်မှ ဟုဒန်၊ လမ်းညွှန်တော်များရောက်ရှိလာသော် ငါအရှင်၏ လမ်းညွှန်တော် တို့ကို အကြင်မည်သူမဆိုနာခံလိုက်နာကြပါမူ စိုးရိမ်ကြရမည်လည်းမဟုတ်၊ ပူဆွေးသောကဖြစ်ကြရမည် လည်းမဟုတ်ချေ။' (၂.၃၉)
ယင်းသို့ အလ္လာဟ်အရှင်မြတ်၏စီမံကိန်းကို အရှင်ကချပြတော်မူခဲ့သည်နှင့်အညီ အရှင်မြတ်၏ စွန်နသ်နိယာမတော်ကြီးကို စဉ်ဆက် မပြတ် အကောင်အထည်ဖော်ခဲ့ပေသည်။ အလ္လာဟ်အရှင်မြတ်က မိမိအမိန့်တော်ကို ကြေညာခဲ့ရာတွင် အောက်ပါအတိုင်းလည်း ထပ်ဆင့်လှစ်ဟပြသတော်မူထားပါ၏။
''အို အာဒမ်၏ မျိုးဆက်အပေါင်းတို့။ အကယ်၍ အသင်တို့ အတွင်းမှပင် တမန်တော်များ ရောက်လာပြီး အသင်တို့အား ငါအရှင်မြတ်၏ 'အာယတ်' တော်များကို ရွတ်ဖတ်ပြသော် အကြင် မည်သူမဆို 'တက္ကဝါ' (အလ္လာဟ်အား ကြောက်သိရို ကျိုးခြင်း) တရားကို ကျင့်မူဆောက်တည်ပြီး ပြုပြင်ပြောင်းလဲလျှင် ထိုသူတို့ အပေါ် မည်သို့သော စိုးရိမ်ကြောက်ရွံ့မှုမျှ ဖြစ်မည် မဟုတ်။ ထို့ပြင် ထိုသူတို့သည် ပူဆွေးသောက ဖြစ်ကြရမည်လည်း မဟုတ်ချေ။'' (ရး၃၆)
ဤအာယတ်တော်ကို ပိုမို၍ထင်လင်းစေရန်အလို့ငှာနောက်ထပ်အာယတ်တော်တစ်ပုဒ်ကို ချပြထားတော် မူထားသည်။ ထိုသို့ ရွေးချယ်ခန့်အပ်ခံရမည့် ပုဂ္ဂိုလ်များမှာအခြား လူမျိုးတို့အတွက် ရွေးချယ်ခန့်အပ် ပြီးဖြစ်သော ခေါင်းဆောင်များမဟုတ်မူဘဲ တမန်တော်မြတ်(ဆွ) အားယုံကြည်လျက် တပည့်နောက် လိုက်ပြုသောအီမာန်ရှင်များအနက်မှတမန်တော်မြတ်(ဆွ)အားဆက်ခံသူအဖြစ်နှင့် တမန်တော်မြတ်ကြီး (ဆွ) ချမှတ်ထားရစ်သော စီမံကိန်းကြီးကိုပင်ဆက်လက် အကောင်အထည် ဖော်ဆောင် ကြမည့် ပုဂ္ဂိုလ် များဖြစ်မည့်အကြောင်း ဤသို့မိန့်ချွေထားတော်မူပါသည်။
''အလ္လာဟ်သည် အသင်တို့မှ သက်ဝင်ယုံကြည်၍ အခြေ အနေနှင့် အချိန်ကာလအားလျော် စွာ ကောင်းမှုကျင့်မူကြသူတို့အား ကတိပေးတော်မူသည်မှာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အလျင်က ရှိခဲ့ကြသော အကြင်သူတို့အား 'ခလီဖါဟ်' ပြုပေးတော်မူ ဘိသကဲ့သို့ ၎င်းတို့ကိုလည်း ကမ္ဘာမြေတွင် 'ခလီဖါဟ်' ပြုပေးတော်မူမည်။ ထို့ပြင် ၎င်းတို့အဖို့ နှစ်သက်ပြီဖြစ်သော အကြင် သာသနာကို ထိုအရှင် မြတ်သည် ၎င်းတို့အတွက် ခိုင်ခံ့မြဲမြံစွာ တည်ရှိစေတော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့၏ ကြောက်ရွံ့ ထိတ်လန့်ဖွယ် အခြေအနေ၏ နောက်တွင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ငြိမ်းအေးချမ်းသာသော အခြေအနေကို ပြောင်းလဲ ၍ပေးတော်မူမည်။ ၎င်းတို့သည် ငါအ ရှင်မြတ်အားသာလျှင် ဆည်းကပ် ကိုးကွယ်ကြမည်။ (ထို့ပြင်) မည်သည့်အရာကိုမျှ ငါအရှင်မြတ်နှင့် ယှဉ်ဘက်ထားကြလိမ့်မည် မဟုတ်ချေ။ စင်စစ်တစ်မူကား အကြင်သူတို့သည်ထိုသည့်နောက်တွင်လည်းငြင်းပယ် ကန့်ကွက ်ကြသည်ရှိသော် ယင်းသူတို့မှာ အမိန့်ဖီဆန် သူ (ဖာစိက်) များတွင် သတ်မှတ်ခြင်း ခံကြရလိမ့်မည်'' (၂၄ း ၅၆)
ဤသည်ကိုရည်မြော်၍ ကိုယ်တော်မြတ်(ဆွ)က မိန့်ချွေပြန်သည်မှာ "မုချပင်၊ အလ္လာဟ်အရှင်မြတ်သည် ဤသည့်အွမ္မသ်အတွင်း ၌ သာသနာတော်သန့်ရှင်းရေးပြုပြင်ရန်အလို့ငှာ ရာစုနှစ်အစအဦး ကာလတိုင်း တွင် ပြုပြင်ရေးသမားတို့အား စေလွှတ်တော်မူ သည်။" (အဘူဒါဝူဒ်၊ တွဲ ၂၊ စာ ၂၄၁၊ မိရှ်ကားသ်၊ နေဇာမီ ပုံနှိပ် - ဒေလီ၊ စာ-၂၄ ကိတာဘုလ်အိလ်မ်၊ မုဂျ်တဘာအီပုံနှိပ်၊ စာ-၃၄ ရှု)
ကိုယ်တော်မြတ်(ဆွ)က ထပ်ချပ်မကွာဆိုသလို စောဒကရှင်များအတွက် ကွင်းဆက်များဖြင့်မိန့်တော် မူထား သည်မှာ -
''အို-မွတ်စလင်အပေါင်းတို့၊ အသင်တို့တွင် ဤ 'နဗူဝသ်' တမန်တော်စနစ် တည်ရှိမည့်ကာလမှာ အလ္လာဟ်အရှင်မြတ် အလိုရှိ တော်မူသည့်တိုင် တည်ရှိပေလိမ့်မည်။ ထိုမှနောက်တွင် 'ခလီဖာဟ်' စနစ် ရောက်လာလိမ့်မည်။ ယင်း 'ခလီဖာဟ်' စနစ်သည် 'နဗူဝသ်' တမန်တော်စနစ်ကို အခြေခံ၍ တည်ရှိလိမ့်မည်။ ထိုမှတစ်ဖန် အချိန်ကာလအတန်ကြာပြီးနောက် ဤ 'ခလီဖာဟ်' စနစ်သည်လည်း လွင့်ပျေက်သွားပေလိမ့်မည်။ ၎င်းနောက်တွင် ခုတ်ထစ်ပိုင်းဖြတ်မည့် (ပြည်သူတို့ကို အဓမ္မပြုမည့်) ဘုရင်စနစ် ရောက်လာလိမ့်မည်။ တဖန်ကာလအတန် ကြာပြီးနောက် ဤစနစ်သည်လည်းချုပ်ငြိမ်း လျက် အဓမ္မပြုခြင်းမှ ရှောင်ရှားသရောင် ရှိလင့်ကစား အများပြည်သူ ဆန္ဒနှင့် ဆန့်ကျင်မည့် ဘုရင်စနစ် တည်ရှိပေလိမ့်မည်။ ထို့နောက် ထိုပုံစံဖြင့်ရှိသော အုပ်ချုပ်ရေးမှာလည်း ပျောက်ကွယ်သွား လတ္တံ့။ ယင်းနောက်မှ တဖန်ပြန်၍ ရှေးကရှိခဲ့သော စနစ်အတိုင်းပင် 'နဗူဝသ်' တမန်တော်စနစ်ကို အခြေခံသော 'ခလီဖာဟ်' စနစ်တည်ရှိပေလိမ့်မည်။ ထို့နောက် တမန်တော်မြတ်ကြီး သည် ခပ်မဆိတ် နှုတ်ပိတ်လိုက်တော်မူသည်။ (အခြားအစဉ် အဆက်ရှိသေးကြောင်း ထပ်မမိန့်တော့ချေ။) ဟု ဆင့်ပြန်သူက ပြောခဲ့ေ သာဟူ၏'' (မုစ်နဒ်အဟ်မဒ်ဗင်ဟမ်ဗလ်ကျမ်း၊ ဟဒီးဆ်နိုမယ်ဘင်ဘရှီးရ် တွဲ ၄၊ စာ-၂၇၃ ၊ မုစ်နဒ်အဟ်မဒ် တွဲ ၅၊ စာ ၄၀၄)(မူရင်း)
အလွန်ကျော်ကြား လူသိများလှသော 'မိရှ်ကတ်' ကျမ်းကြီးတွင်ဖော်ပြပါ ဟဒီးစ်တော်ကို မှတ်တမ်းတင်၍ အခြေ၌ ဤသို့ ဖော်ပြထားပြန်ပါ၏။
''နဗူဝသ် တမန်တော်စနစ်ကို အခြေခံ၍ ဒုတိယ အကြိမ် ခလီဖာဟ်စနစ် ပြန်လည်တည်ထောင် မည့်ခေတ် ဟူ သည် မဆိဟ်မဟ်ဒီ၏ ခေတ်ဖြစ်ကြောင်း ထင်ရှားပါသည်။'' (မိရှ်ကတ်ကျမ်း၊ အဆွ်ဟလ်မသွာဘိအ်၊ ကရာချိပုံနှိပ်၊ ကိတာ ဘုလ်ဖတန်၊ စာ-၄၆၁။)
ကျွန်ုပ်သည် ယခင်ကတည်းက ဤသည့်အကြောင်းအရာများကို အသေးစိတ်ရေးပြခဲ့ပြီး အမှန်တရားအား မီးမောင်းထိုးပြခဲ့သော် လည်း စောဒကရှင်မှာ လွတ်ရာလွတ်ကြောင်းထပ်ဆင့်အရှုပ်ပြရင်းဖြင့် ကတိတော်လာမဆီဟ်နှင့် မဟ်ဒီသခင်(အ)၏ နောက် မည်သည့်တမန်တော်များမှပွင့်ပေါ်ရန်မလိုတော့ဟု ကျွန်ုပ်တို့အဟ်မဒီများက သက်ဝင်ယုံကြည်ကြ ၏ဟု ကျွန်ုပ်တို့၏ယုံကြည်မှုကိုပင် ကိုယ်စားပြု ထားပါတော့သည်။
အလ္လာဟ်အရှင်က အာယတ်တော် ၄.၇၀တွင် အတိအလင်းကြေညာထားသည်မှာ အလ္လာဟ်နှင့် ရစူလ်ကိုယ်တော်မြတ်(ဆွ)ကို လိုက်နာလျှင် နဗီအဖြစ်ရရှိနိုင်သည်ဆိုခြင်းပင်။ ယင်း၌ အကန့်အသတ် ရှိသဘောဖြင့် မိန့်ကြားထားခြင်းမဟုတ်ပေ။ ၄.၇၀ ၌ပင် အလ္လာဟ်အရှင်က ဆွစ်ဒီက်များဟု အများကိန်း ဖြင့်ေ ဖာ်ပြထားတော်မူပြီး နှစ်ပေါင်းတစ်ထောင့်လေးရာကျော်လာသည့်တိုင် အဘူဘက္ကရ် သခင်(ရဒီ)နှင့် အိုင်အေရှာသခင်မ (ရဒီ) တို့ကိုသာ ယင်းဘွဲ့ကိုချီးမြှင့်ပါသလော၊ နောက်ထပ်မရွေး ချယ်တော့ ဘူး လားလို့ မိမိ၏ဂိုဏ်းချုပ်ဂိုဏ်းအုပ်များဖြစ်ကြသည့် ဝဟာဘီစလ်ဖီနှင့် အဟ်လေဟဒီးဆ်များထံ အလျင်မေးမြန်းကြည့်လိုက်ပါ။
ဆက်လက်၍ အဟ်မဒီမွတ်စလင်မ်များ၏အကီဒါဟ်ကို ပျက်ရယ်ပြုနေမည့်အစား အထက်ပါဟဒီးဆ်တော် (မုစ်နဒ်အဟ်မဒ်ကျမ်း ပါဟဒီးဆ်တော်)၏ အဆင့်အတန်းကို စလဖီဂိုဏ်းအုပ်ကြီးများထံ မေးမြန် းရင်း " အေမာမ်မဟ်ဒီနောက် ပေါ်ထွန်းလာမည့် ခေလာဖသ်အလာမင်န်ဟာဂျေနဗုဝသ် " အကြောင်း လေ့လာသင်ယူလိုက်ပါ။ သို့အားဖြင့် အတ္တနောမတိပေတံငယ်လေးများကို ခဝါချလိုက်နိုင်ပါပြီ။
"လမ္မအေရှိုင်တွနီယာဟ်" ၏လွှမ်းမိုးခြင်းခံနေရသူက ၂၂.၇၆ အား '.....သို့ရာတွင် နဗီတမန်တော် မုဟမ္မဒ် (ဆွ)၏နောက်ပိုင်းတွင်မူ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တိုင် နဗီတမန်တော်မုဟမ္မဒ် (ဆွ) အားသာလျှင် နဗီတမန်တော် အဖြစ်ရွေးချယ်မြဲရွေးချယ်လျှက်ပင်။ ဤသည်ကား မိရ်ဇာအီကာဒယာနီ တို့ မုစ်လင်မ်တို့၏အီမာန်အားတိုက်ခိုက်ရာတွင် အသုံးပြုသော ကျမ်းတော်မြတ် ကုရ်အာန် အာယသ် တော် (၂၂း၇၅) ၏နားလည်မှု နှင့်ပတ်သတ်၍ မုစ်လင်မ် တို့ထားရှိသော အကီဒဟ် ပင် ဖြစ်ပေသည်........' ဟု ကိုယ်တိုင်သဖ်စီရ်ဖွင့်ကာ စိတ်အတွေးအထင်ကို ကျမ်းမြတ်ကုရ်အာန်၏ အခြားမုက္ခပါတ်တော် တစ်ခုမျှထောက်ပံ့ မထားဘဲ ဖွင့်ချလိုက်ပါ၏။ (အဆ်သဂ်ဖိရုလ္လာဟ်)
ကဲ - ယခု ကျွန်ုပ်အချိန်ကာလကြာမြင့်စွာကပင်တင်ထားသည့် ဤပို့စ် မှ စာပိုဒ်အား ကူးယူပြပါမည်။ ' “ယခ်ရုဆွူန်” ရမ်းဆပြောဆိုသူကို “ရှာဟ်ရဖီအုဒ်ဒီးန်ဒေလီသခင်နှင့် မောင်လာနာ အယှရဖွ်အလီ ထာနဝီ သခင်” တို့ (၂) ပါး၏ ကျမ်းမြတ်ကုရ်အာန် အာရဗီ အူရဒူ ဘာသာပြန်ကျမ်း၌လည်း “ကိယာစီ” စကား၊ စိတ်တွေး အထင်ဆန္ဒအမြင်ဖြင့် ပြောဆိုခြင်းဟု ပြန်ဆိုထား သည့်အပြင် ဆော်ဒီအာရေဗီယား နိုင်ငံ ထုတ် ““မောင် လာနာမူဟမ္မဒ် “ဂျူနဃရီ” က အာရဗီကို အူရဒူပြန်ဆို၍ မောင်လာနာ ဆွလာ ဟူဒ်ဒီးန်ယူစွဖွ်” က အူရဒူဘာသာဖြင့် “သဖွှ်စီရ်” အကျယ်ရှင်းလင်းဋီကာဖွင့်ဆို ထားသည့် ကျမ်းမြတ်ကုရ်အာန်၌လည်း “ကိယာစီ” စကားကို “အတွေးအခေါ်ဖြင့် ပြောဆိုခြင်း”” ဟု ပြန်ဆိုရေးသားထားပြီး ယင်းကျမ်းမြတ်ကုရ်အာန် (၆း၁၁၆) အာယတ်တော်ကို အမှန်စင်စစ်အသင်သည် (၎င်းတို့သက်ဝင်ယုံကြည်ကြရန်) မည်မျှပင် တပ်မက်သော်ငြားလည်း အများဆုံး သောသူတို့မှာမူကား မုအ်မင်(န်) သက်ဝင်ယုံကြည်သူများဖြစ်ကြမည် မဟုတ်ချေ။ ' (မည်သူရေးသားခဲ့သည့် စာအုပ်၊ မည်သူ ဘာသာပြန်သည့်စာအုပ်ဖြစ်ကြောင်းကိုမူ ထပ်၍တဖန်မပြောလိုတော့ပါ။)
“ကိယားစ်”စိတ်အတွေး၊ အထင်အမြင်ဖြင့် “ခရ်ရာဆွန်း(န်)”(၅၁ း ၁၀) အုပ်စုဝင်တို့အတွင်း ပါဝင်ပတ်သက်ဖို့ အများသူငှာ ကိုပါ ဆွယ်တရားဟောနေခြင်းအား အရှက်အကြောက်တရားရှိစွာဖြင့် ရပ်တန့်ပါလေ။ အဟ်မဒီယသ်အား အနိုင်ယူရန် အသင့်တွင် ကီယာစီသာရှိတော့သလော။ ဖားတု၍ ခုန်သဖြင့် အိုင်ပျက်ရလေပြီ။
အို-သူတော်စင်အပေါင်း သူမြတ်လောင်းတို့၊ အလ္လာဟ်အရှင်မြတ်၏ ရာဟ်မသ်ကရုဏာတော်သက်ရာ မုခ်ဦးတံခါးပေါက်သည်ကား အလွန်တရာမှ ကျယ်ပြောလှပါ၏။(ရး၁၅၇) သို့ကြောင့်အလ္လာဟ်၏ ကရုဏာတော်သက်ရောက်ခြင်းမရှိတော့ချေဟု မျှော်လင့်ချက် ကင်းပြီး လက်မှိုင်ချ၍မနေကြပါလင့်။ (၃၉း၅၃) ယင်းသို့အလ္လာဟ်၏ကရုဏာတော်မှ ကင်းဝေးသောသူ (လအ်နသ်ကျသူ) သည်ကား မျှော်လင့် ချက်ကင်းမဲ့သူ 'အီဗလိစ်' ဖြစ်ပါသည်။ သို့ကြောင့် အီဗလီစ်၏လမ်းအိုလမ်းဟောင်း ကြီးကို စွန့်ခွာ၍ အရှင့်ကရုဏာသက်ရာ အဓိပတိလမ်းမကြီးပေါ်သို့ တက်လျက် လျောက်လှမ်းကြပါမည့် အကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဝမားအလိုင်းနာ အိလ်လလ် ဘလားဂ်
No comments:
Post a Comment