နောက်ခံအဖြစ်မှန်
မစ္စတာဇာကိရ်နိတ်၏ လိမ်လည်မှုကို youtube ပေါ်၌ ပုဂ္ဂိုလ်တစ်ဦးက ဖော်ထုတ်တင်ပြထားခဲ့သည်။ ထိုဖော်ထုတ်တင်ပြမှုကို ကျွန်ုပ်က ထောက်ပြခဲ့သဖြင့် alfurqanmyanmar ဘလော့ဂ်အား ရေးသားဝါဒဖြန့် ချိနေသူက ဟဒီးဆ်တော်တစ်ခုအားအာခံကာ youtube တွင်ပင် ကော်မန့်ရေးသား၍ ၎င်းခံယူထားသည့် မုစ်လင့်မ် စာရိတ္တပေတံဖြင့် မိုက်ရိုင်းပြုမူပြခဲ့ပါသည်။
မူရင်း youtube တင်ထားသူက ပြန်လည်ဖြေကြားလေသော် alfurqanmyanmar ဘလော့ဂ်အား ရေးသား ဝါဒဖြန့်ချိနေသူမှာ ပျောက်ခြင်းမလှပျောက်သွားခဲ့ကာ ယနေ့တိုင် youtube သို့ မဝင်ရောက်တော့ပေ။ (အလ်-ဟမ်ဒိုလိလ္လာဟ် မှားယွင်းမှုသည် ထွက်ပြေးရမည်သာတည်း။)
ယခု ဤစာတမ်းဖြင့် alfurqanmyanmar ဘလော့ဂ်အား ရေးသားဝါဒဖြန့်ချိနေသူ မဟုတ်မတရားလိမ်လည် စွပ်စွဲထားသကဲ့သို့ ကျွန်ုပ်တို့အဟ်မဒီများက အဘူဟိုရိုင်ရာ(ရဒီ) အား အမနာပပြောဆိုသူများမဟုတ်မူဘဲ ၎င်းကိုယ်တိုင်ကပင် အဘူဟိုရိုင်ရာ(ရဒီ) အားမဟုတ်မတရားစွပ်စွဲပြောဆိုပြီး ကိုယ်တော်မြတ်(ဆွ)အားလှောင်ပြောင်နေသူဖြစ်ကြောင်း သက်သေပြုပါမည်။ youtube တွင် အခြေမလှဖြစ်ကာ မိမိတို့ဆရာကြီး၏ လိမ်ဆင်ကို ကိုယ်တိုင်ရိပ်စားမိသည်ဖြစ်၍ ဖုန်းကွယ်ရန်အလို့ငှာ အရှုပ်ပြခဲ့သည်အား ဖြေထုတ်လိုက်ရပေ ဦးအံ့။
ရှင်းလင်းချက်
အထက်ပါစာမျက်နှာတွင် ဖော်ပြထားချက်နှင့်ပတ်သတ်၍ context အလိုက် တိုက်ရိုက်လေ့လာဖတ်ရှုသူသည် ကတိတော်လာမဆီဟ် နှင့်မဟ်ဒီဘွဲ့ခံအရှင်သူမြတ်ရေးသားသော သဘောကို အပြည့်အဝနားလည် မည်ဖြစ်ပေသည်။
ကနဦးလေ့လာရမည်မှာ ကတိတော်လာမဆီဟ်(အ)သခင်ကြီးက အထက်ဖော်ပြပါ စာမျက်နှာတွင်ရေးသားနေသည့်အကြောင်း အရာပင်ဖြစ်သည်။ မဆီဟ်သခင်(အ)သခင်ကြီးက ကျမ်းမြတ်ကုရ်အာန် ဋီကာဖွင့်ဆိုမှုတစ်ခုအား ဝေဖန်ထားခြင်းဖြစ်သည်။ ဋီကာဖွင့်ဆိုမှုမှာ ကျမ်းမြတ်ကုရ်အာန် အာယတ်တော် ၄.၁၆၀ အပေါ်ဖြစ်ပြီး 'ဝအိမ် မိန်အာဟ်လိလ် ကိတာဘိ အိလ္လာ လယို့အ်မိနန်နာ ဘိဟိ' ဆိုသည့် မုက္ခပါတ်တော်အား ကျမ်းစာရလူမျိုးတိုင်းသည် မရ်ယမ်၏သား (အီစာ - အလိုင်စလာမ်)ကို တစ်ယောက် မကျန်သက်ဝင်ယုံကြည်ကြမည်ဟု သဖ်စီရ်ဋီကာဖွင့် ပြန်ဆိုထားခဲ့သည်။
ထိုသို့ပြန်ဆိုမှုအား အဘူဟူရိုင်ယာ(ရဒီ) ပြုလုပ်ခဲ့လျှင်သော်လည်းကောင်း၊ အဘူဟူရိုင်ယာ(ရဒီ)ပြုလုပ်ခဲ့သည်ဟု ယိုးစွပ် ဖော်ပြခံထားရလျှင်သော် လည်းကောင်း မှားယွင်းသော ဘာသာပြန်ဆိုမှုဖြစ်ကြောင်း မဆီဟ်သခင်(အ)က ထောက်ပြခဲ့ပြီး အထက်ပါအတိုင်း ဘာသာပြန်ဆိုမှုကို အဘူဟူရိုင်ယာ(ရဒီ)က ပြုလုပ် ခဲ့ခြင်းဖြစ်ပါသည်ဟု တင်ပြနေကြသည့် အိုလမာများအား အမှန်ကိုမြင်နိုင်ကြစေရန် မီးမောင်းထိုးပြ ခဲ့ခြင်းဖြစ်သည်။
မဆီဟ်သခင်(အ)ကြီးက အဘူဟူရိုင်ယာ(ရဒီ)အား တစ်စုံတစ်ရာစွပ်စွဲစော်ကားထားခြင်းမျိုးမဟုတ်ကြောင်း ကိုအထက်ဖော်ပြပါအူရဒူ ဘာသာဖြင့်ရေးသားထားသောစာမျက်နှာများတွင်ရှင်းရှင်းလင်းလင်းကြီးလေ့လာဖတ်ရှုနိုင်ပါသည်။ alfurqanmyanmar ဘလော့ဂ် အား ရေးသားဝါဒဖြန့်ချိနေသူမှာ အူရဒူဘာသာစာပေအား အနည်းငယ်မျှဖတ်တတ်ရုံဖြင့် ဆရာသခင်ကြီးများလမ်းစဉ်အတိုင်း ပိုင်ပြီ ဟုလုပ်စားသော်လည်း full context တွင်မူ အလွန်လျှင်ရှင်းလင်းပြတ်သားစွာ တွေ့မြင်ဖတ်ရှုနေရပေပြီ။
မဆီဟ်(အ)သခင်က စတင်၍ အဘူဟူရိုင်ယာ(ရဒီ)အား တစ်စုံတစ်ရာပြောဆိုရေးသားခဲ့ခြင်းမျိုးမဟုတ်ပေ။ သခင်(အ)က အခြား အိုလမာများနည်းတူ အထက်ပါ ဋီကာဖွင့်ဆိုမှုကို ဝေဖန်ထားခြင်းမျှဖြစ်လေသည်။ ထို့ကြောင့် ပေါ်လွင်သည်မှာ မဆီဟ်(အ)သခင် သည် အဘူဟူရိုင်ယာ(ရဒီ)အား ပုဂ္ဂိုလ်ရေးအရ တစ်စုံ တစ်ရာပြောဆိုရေးသားခဲ့ခြင်းမျိုး လုံးဝမရှိခဲ့ဘဲ မုက္ခပါတ်တော်တစ်ခုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုကိုသာဝေဖန်ခဲ့ခြင်းဖြစ်သည်။
alfurqanmyanmar ဘလော့ဂ်အား ရေးသားဝါဒဖြန့်ချိနေသူအနေဖြင့် မိမိကိုယ်ကို အူရဒူတတ်ကျွမ်းသည် ဟုယူဆလျှင် ယခု ကျွန်ုပ်တင်ပြသည့်အကြောင်းအရာမှန်မမှန် ထိုစာအုပ်ပါ စာမျက်နှာ အချို့အားလေ့လာခြင်းဖြင့် သံဝေဂရယူပါလေ။
alfurqanmyanmar ဘလော့ဂ်အား ရေးသားဝါဒဖြန့်ချိနေသူက မဆီဟ်(အ)၏ စာပေကို out of context ယူထားပြီး ယိုးမယ်ဖွဲ့ လိမ်လည်ထားလင့်ကစား ထိုသူကိုယ်တိုင် ဘာသာပြန်ပြလိုက်သည့်စာသား ကို အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်။
"ကျမ်းတော်မြတ် ကုရ်အာန်အပေါ်အီမာန်တည်ယုံကြည်ေ
'ကျမ်းမြတ်ကုရ်အာန်အပေါ် အီမာန်ယုံကြည်သောသူ' ဟူသည့် စကားပိုဒ်ကပင် ရှိုင်တာန်၏အမွေခံ alfurqanmyanmar ဘလော့ဂ် အား ရေးသားဝါဒဖြန့်ချိနေ သူအတွက် အဖြေထုတ်ယူနိုင်ပြီဖြစ်သော်လည်း ထိုသူသည် မည်သည့်အခါကမျှ ကျမ်းမြတ်ကုရ်အာန်ကို မျက်မှောက်ပြုခဲ့သူမဟုတ်သဖြင့် ကျွန်ုပ်အတွက်မူ ထူးဆန်းသည်တော့မဟုတ်ပါ။
အကယ်၍ သတိသပ္ပဇဉ်တရားကို လက်ကိုင်ပြုထားခဲ့ပါလျှင် အောက်ပါအာယတ်တော်များကို အလျင်ပင် ပြေး၍ သတိရမည်မှာ မလ ွဲမသွေပင်။ (ယခု ကျွန်ုပ် လုပ်ရိုးလုပ်စဉ် အတိုင်း ဖုရ်ကန်နှင့်တိုက်ပြီ။ ရှုလော့။ )
(က) အလ္လာဟ် (၏စကား) ထက် သာလွန်၍ မည်သည့်စကားသည် မှန်ကန်နိုင်အံ့နည်း။ (၄း၁၂၃)
(ခ) အလ္လာဟ်နှင့် ထိုအရှင်မြတ်၏ အာယတ်တော်များနှင့် ယှဉ်လျက်မည်သည့်စကားကို ယုံကြည်သက်ဝင် ပါဦးမည်နည်း။ (၄၅း၇)
သို့ကြောင့် ဖုရ်ကန်မှတ်ကျောက်တည်းဟူသော ကုရ်အာန်ကျမ်းတော်ကို မိမိတို့ဘဝလမ်းညွှန်တော်အစစ်ဟု သက်ဝင်ယုံကြည်ထား သူမုအ်မင်န်တစ်ဦးအဖို့ ဖုရ်ကန်နှင့်ယှဉ်ထိုးမရသော စကား(အကြောင်းအရာ)တစ်ခု ကိုအိဗ္ဗနေ့အဗားစ်၊ အဘူဟူရိုင်ရာ (ရဒီ) စသည့် သာဝကကြီးများ၏ အမည်ကို ရှေ့တန်းတင်ထား ရုံလောက်ဖြင့်လက်ခံနိုင်ပါမည်လော။
ဤသို့ပင် သာဝကကြီးများသည် ရေဝါယသ်လောက်ကိုသာ အားမထားကြဘဲ ဒေရာယသ် ကိုအသုံးပြု ခဲ့ကြောင်း နားလည်ထားကြ ရပါမည်။ အဘူဟူရိုင်ယာ(ရဒီ) ကိုယ်တိုင် ဆင့်ပြန်ချက်တစ်ရပ်လာရှိသည်မှာ - 'လူစုလူဝေးတစ်ခုတွင် အဘူဟူရိုင်ယာမှ ဆင့်ပြန်၏။ အကြင်အရာဝတ္ထုတစ်ခုအား မီးထိသွားပါလျှင် ထိုအရာအား အသုံးပြုခြင်းဖြင့် ဝုသူပြန်၍ ပြုလုပ်ရန်လိုအပ်သည်ဟု တမန်တော်မြတ် (ဆွ) မိန့်ခဲ့သောဟူ၏။ ဤတွင် အိဗ္ဗနေ့အဗားစ်(ရဒီ)က အဘူဟူရိုင်ယာ(ရဒီ)အား ဒါဆိုလျှင် ကျွနု်ပ်တို့သည် ထောပတ်နှင့်ဆီများကို သုံးစွဲပြီးနောက်တွင်လည်း ဝုသူပြန်၍ပြုကြရပါမည်လော၊ ထို့ပြင် ကျွန်ုပ်တို့သည် ရေနွေးကို အသုံးပြုပြီးလျှင် လည်း ဝုသူပြန် ပြုရပါ မည်လောဟု မေးမြန်းခဲ့လေသည်။'
ဤရေဝါယသ်ဆင့်ပြန်ချက်ကို ဖော်ပြလျက် သီရ်မေဇီ(ရ.ဟ)က ရှင်းလင်းသည်မှာ မီဖြင့်စီစဉ်ထား သည့်အရာများကို သုံးစွဲခြင်းဖြင့် ဝုသူပြန်၍ ပြုရမည်ဟူသော အချက်ကို အိုလမာအများစုက မကျင့်သုံးကြပါ။ (သီရ်မေဇီကျမ်း၊ ကိသာဘ်-အလ်-သွဟာရသ်)
ဤဟဒီးဆ်တော်အရ ဆွဟာဘာသာဝကကြီးများအနက် ရဝါယသ်ဆင့်ပြန်ချက်အများအပြားရှိသော အဘူ ဟူရိုင်ယာ(ရဒီ)ကဲ့သို့သော ပုဂ္ဂိုလ်၏ရေဝါယသ်ကိုပင် ဟာဇရသ်အိဗ္ဗနေ့အဗားစ်(ရဒီ)က သဘာဝယုတ္တိဖြင့် ယှဉ်ထိုးတိုက်ကြည့်ရုံမျှဖြင့်ပင် ပယ်ချခဲ့သည်။ ထိုသို့ပင် သာဝကကြီးများသည် မိမိတို့အချင်းချင်း၏ ကျမ်းမြတ်ကုရ်အာန်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုများအား ငြင်းပယ်ခဲ့သည်များ ရှိပေသည်။
ထို့ကြောင့်လည်း မဆီဟ်မဟ်ဒီ(အ)သခင်က ကျမ်းမြတ်ကုရ်အာန်ကဲ့သို့သော မှတ်ကျောက်ကို ယုံကြည် ထားသူအကြင်မုအ်မန် တစ်ဦးအဖို့ အဘူဟူရိုင်ယာ(ရဒီ)ဟု အမည်တတ်ထားရုံလောက်ဖြင့် မကျေနပ်ကြ ရန်နှင့် သေချာစွာစိစစ်ပြီးမှ လက်ခံကြရန် ဆော်သြခြင်းဖြစ်သည်။
ယခုဆက်လက်၍ alfurqanmyanmar ဘလော့ဂ်အား ရေးသားဝါဒဖြန့်ချိနေသူက မည်သည်ကိုဖုန်းကွယ် ချင်သဖြင့် အရှုပ်ပြလုပ်စား ခဲ့သည်အား အနည်းငယ်ဖော်ထုတ်လိုက်ရပေဦးအံ့။
Bukhari Volume 3, Book 34, Number 425:
Narrated Abu Huraira:
Allah's Apostle said, "By Him in Whose Hands my soul is, son of Mary (Jesus) will shortly descend amongst you people (Muslims) as a just ruler and will break the Cross and kill the pig and abolish the Jizya (a tax taken from the non-Muslims, who are in the protection, of the Muslim government). Then there will be abundance of money and no-body will accept charitable gifts.
အထက်ပါအတိုင်း အဘူဟူရိုင်ယာ(ရဒီ) က ကြွမြန်းလာဦးမည့် အီစာ(အ) သည် 'ဟတ်ကမာန် အဒ်လန်' ၊ ဖြောင့်မတ်သော တရားသူကြီး ၊အဆုံးအဖြတ်ပေးသူလည်းဖြစ်မည်ဟု ဆင့်ပြန်ထားသော်လည်း စလဖီဆရာကြီး ဇာကိရ်နိတ်က နိုး .. နိုး၊ ကြွမြန်းလာဦးမည့် အီစာ(အ)သည် ခရစ်ယာန်များကို (only to testify Christians ) testify လုပ်ရန် သက်သက်မျှလာ ရောက်ခြင်း ဖြစ်သည်၊ အခြားမည်သည့် တာဝန်မျှမရှိ ဟု ကန့်သတ်ပေးလိုက်ခြင်းဖြင့် အဘူဟူရိုင်ယာ(ရဒီ)၏ ဆင့်ပြန်ချက်ကို အမည်ခံအိုလမာ ဘွဲ့ပင် မရထား ပါဘဲ အဓမ္မကန့်ကွက်ခဲ့(ဖသ်ဝါပေးခဲ့)သည်။ (alfurqanmyanmar ဘလော့ဂ် အား ရေးသားနေသူရှိုက်တာန်၏အမွေခံ ၊ အသင်သည် ပုဂ္ဂိုလ်ဆွဲမရှိဘဲ အမှန်တရားကို ဝန်ခံ တတ်သည့်အထုံရှိပါမူ ဝန်ခံပါလေ။)
ဤသည်ကို ဖုန်းကွယ်၍ မိမိတို့စလဖီဆရာကြီး လိမ်လည်မှုကို ပရိသတ်အား အမှန်အတိုင်းမတင်ပြဘဲ အရှုပ်ပြကာ ပြောင်းပြန်စွပ်စွဲ အမြတ်ထုတ်ခဲ့သူမှာ ရှိုင်တာန်၏အမွေခံ alfurqanmyanmar ဘလော့ဂ် အား ရေးသားဝါဒဖြန့်ချိနေသူပါပင်။
အို- ရှိုင်တာန်၏အမွေခံ၊ အသင် အဓိပ္ပါယ်ဖွင့်သော မုစ်လင်မ့်စာရိတ္တပေတံသည် ဤသည်ကို ဆိုလိုခြင်းဖြစ် ပါသလား။ ဖြေပါ။
ကတိတော်လာမဆီဟ်နှင့် မဟ်ဒီဘွဲ့ခံ အရှင်သူမြတ်(အ)သည် Just Ruler ၊ အမှန်အမှားခွဲခြားဆုံးဖြတ်နိုင်သည့် အခွင့်အာဏာ ပိုင်ဖြစ်သည့်အလျောက် အဘူဟူရိုင်ယာ(ရဒီ)ဆင့်ပြန်သည်ဟု ယူဆထားသော ဟဒီးဆ်တစ်ခုကို မှားကြောင်းဆုံးဖြတ်ခဲ့သည်မှာ တစ်စုံတစ်ရာအပြစ်ဖို့ဖွယ်ရှိပါသလော၊ ထိုဟဒီးဆ်ကပင် ကျမ်းမြတ်နှင့် ဆန့်ကျင်နေပေသည်။ ၄.၁၆၀ ပါ အီစာ(အ) သည် ကယာမသ်နေ့တော်ကြီး၌ ထို(ရဟူဒီ) များနှင့် ဆန့်ကျင်၍ သက်သေအဖြစ်ရှိလိမ့်မည်ဆိုသည်မှာပင် ၄.၁၆၀၏ ဆိုလိုရင်း ပေါ်နေချေပြီ။ ဖုရ်ကန်နှင့်ဆန့်ကျင်သောစာသားများကို အသင်ရှိုင်တာန်၏အမွေခံ အရာပေးအလေးထား ပါသလော။
ကတိတော်လာမဆီဟ်နှင့် မဟ်ဒီဘွဲ့ခံ အရှင်သူမြတ်(အ)သည် အဘူဟူရိုင်ယာ(ရဒီ)ဆင့်ပြန်သည်ဟု ယူဆသော ဟဒီးဆ်တစ်ခုအား ပယ်ချခြင်းကို အသင်က အသင့်ကိုယ်ပိုင် စာရိတ္တပေတံဖြင့် မဟုတ်မတရားခေါင်းစဉ်တပ်အမြတ်ထုတ်ထားခဲ့ပြီ။
ယခုအသင် မတင်မြှောက်ပါဘဲ ခေါင်းဆောင်ကိုယ်စားပြုနေသည့် ဟနဖီအိုလမာများက ဟာဇရသ်အဘူ ဟူရိုင်ယာ(ရဒီ) အား မည်သို့ပြောထားသည်ကို အသင့်ရှေ့၌ ချပြလိုက်၏။
ဖော်ပြထားသော စာမျက်နှာ ၁၂-၁၃ တွင် သေချာစွာဖတ်ရှုလော့။ (အူရဒူမတတ်က တတ်ကျွမ်းသူ ထံမေးမြန်းပါလေ။) ဟနဖီအိုလမာများက အဘူဟူရိုင်ယာ(ရဒီ) အား ပုဂ္ဂိုလ်ရေးအားဖြင့် စော်ကားထားပြီး သူသည် ယုံကြည်ကိုးစားထိုက်သူ မဟုတ် ကြောင်း (တနည်း လူလိမ်ဖြစ်ကြောင်း) ကြေညာထားပေသည်။ အဘူဟူရိုင်ယာ(ရဒီ)သာမက ထို ဟနဖီအိုလမာများက ဟာဇရသ်အနဆ်ဘင်မာလိက်(ရဒီ)ကိုလည်း ထိုအတိုင်း ကြေညာထား၏။ အသင်မြင်ပြီလော။ အသင်သိထားဖူးပါသလော။
အို - ရှိုင်တာန်၏အမွေခံ၊ ထိုသည့် အိုလမာများက ဆဟာဘာများကို ဆုံးဖြတ်နေသည်အား အသင်ဆင်ခြင် မိသလော။ ဟနဖီအား အသင်ကိုယ်စားမပြုတော့ဟု ဆုံးဖြတ်သော် ထိုစာအုပ်အပေါ်မှ ဘလောက်တုန်းကို ဆင်ခြင်ပါလေ။
အသင်က ထိုအိုလမာများကို ဆဟာဘာများအား ဆဲရေးသူများအဖြစ်ကင်ပွန်းတပ်ကာ စိန်ခေါ်ပါလေ။ မဟုတ်ပါမူ ထိုအိုလမာ များသည်ပင် ဆဟာဘာများအား အဆုံးအဖြတ်ပေးနေသော် တမန်တော်တစ်ပါးက ကျမ်းမြတ်နှင့်ဆန့်ကျင်နေသည့် ဟဒီးဆ်တစ်ခု အား အလေးမထားရန် တင်ပြခဲ့သည်ကို အသင်က မည်သည့်ဂုဏ်ကြောင့် ဝံ့ဘိသနည်း။ (အာအူဇိုဘိလ္လာဟိ အန်အကူးနာ့ မိနလ်ဂျာဟိလီးန်)
No comments:
Post a Comment