ပြတ်သားတိကျသော လိမ်လည်မှု

ဝဟာဘီ၊ စလဖီ၊ အဲဟ်လေဟဒီးဆ်၊ ရှိုင်တာန်မိစ္ဆာ၏လွှမ်းမိုးခြင်းခံရသူ alfurqanmyanmar.com အား မတရားရေးသားဝါဒဖြန့်ကာ မိမိကိုယ်ကို မွတ်စလင်မ်အားလုံး၏ အကျိုးဆောင်အဖြစ်သတ်မှတ်ထားသည့် လူရမ်းကားသည် အာရဗစ်၊ အူရဒူဘာသာစကားများကို တဖက်ကမ်းခတ်တတ်ကျွမ်းကြောင်း အချိန်နှင့်အမျှ ရလျှင်ရသလို ကြွားလုံးထုတ်လေ့ရှိကြောင်း သူ၏ဘလော့အားလေ့လာခြင်းဖြင့် သိရှိနိုင်ပေသည်။ 


ရှိုင်တာန်မိစ္ဆာ၏လွှမ်းမိုးခြင်းခံရသူရေးသားခဲ့သည်မှာ " ပမာအားဖြင့်-အိမာမ်အဗူဟနီဖွာ (ရ.ဟ)သခင်ကြီး၏ ဖွိကဟ်အား လုံးဝနာခံနောက်လိုက်သမှုပြုသူတို့ကို "ဟနဖီ"၊ အိမာမ် ရှာဖွီသခင်ကြီး၏ ဖွိကဟ်အား လုံးဝနာခံနောက်လိုက်သမှုပြုသူတို့ကို "ရှာဖွီ"စသည်ဖြင့် ခေါ်ဝေါ်သကဲ့သို့ပင်ဖြစ်လေသည်။ "ကာဒယာနီ" ဟု နာမပြုခေါ်ဆိုခြင်းမှာလည်း ကျွနု်ပ်တို့မုစ်လင်မ် များဘက်မှ တီထွင်ကာ ခေါ်ဝေါ်ခြင်းလုံးဝမဟုတ်ပါ။ မိရ်ဇာ ဂူလမ်အဟ်မဒ် ဆိုသူ ကိုယ်တိုင်က ၎င်းကိုယ်ကို ရည်ညွှန်းရာတွင် "မိရ်ဇာ ဂူလမ်အဟ်မဒ် ကာဒယာနီ" ဟူ၍ သုံးနှုန်းခဲ့ကြောင်းအောက်တွင် သက်သေအထောက်အထားဖြင့် ၎င်းကာဒယာနီတို့ကိုယ်တိုင်ထုတ်ဝေဖြန့်ချီသော စာအုပ်တစ်အုပ်၏ မျက်နှာဖုံးအားတင်ပြပေးလိုက်ပါသည်။




အလွန်လျှင်ညံ့ဖျင်းလှသော ဦးနှောက်ဖြင့်သုံးသပ်၍ အရှက်ကင်းမဲ့သောကောက်ချက်ဖြင့် ၎င်း၏ မိရ်ဇာအီကာဒယာနီဟူသည့် derogatory term အသုံးအနံှုးအား မှန်ကန်လှကြောင်း ထောက်ပံ့ထားလေသည်။  အိမာမ်အဗူဟနီဖွာ (ရ.ဟ)သခင်ကြီး၏ ဖွိကဟ်အား လုံးဝနာခံနောက်လိုက်သမှုပြုသူတို့ကို "ဟနဖီ"၊ အိမာမ် ရှာဖွီသခင်ကြီး၏ ဖွိကဟ်အား လုံးဝနာခံနောက်လိုက်သမှုပြုသူတို့ကို "ရှာဖွီ" စသဖြင့် ခေါ်ဝေါ်သည်ထားဦးတော့။ ဟနီဖာ ကြောင့် ဟနဖီဖြစ်လျှင် ၊ ရှာဖွီကြောင့် ရှာဖွီဖြစ်လျှင် မာလိက်ကြောင့် မာလိကီဖြစ်လျှင် အဟ်မဒ်မှာတော့ ဘာကြောင့် အဟ်မဒီမဖြစ်ရပါသနည်း။ alfurqanmyanmar.com အား မတရားရေးသားဝါဒဖြန့်နေသူ၏ ကောက်ချက်မှာ မသိနားမလည်သော အာဝါမ်များအား အလွန်တရာမိုက်မှောင်သော အမှောင်ထုထဲမှနေ၍ ထိုအမှောင်ထဲသို့ ဆွဲသွင်းယူနေသော အရေခြုံမူနာဖိက် ပူးသတ်သူ၏လိုရာဆွဲသည့် ကောက်ချက်ပါပင်။ 


alfurqanmyanmar.com အား ရေးသားဝါဒဖြန့်နေသူ၊ အသင်၏ မုစ်လိမ်အသုံးအနှုံးကို သုံးသပ်ရပါသော် - အဘူဟနီဖာသခင်ကြီးမှာ ကူဖာတွင်မွေးသောကြောင့် သူ့နောက်လိုက်ဝင်များအား ကူဖာမြို့သားဟု အနက်ရသောစကားလုံးဖြင့်ခေါ်ဝေါ်ရမည်သာ။ ထို့အတူ အေမာမ်ရှာဖွိအိသခင်ကြီးမှာ ဂါဇာတွင်မွေးဖွားခဲ့သဖြင့် သူ၏နောက်လိုက်များအား ဂါဇာမြို့သားများဟု ခေါ်ဝေါ်ပါသလော။ ယင်းသို့ပင်မဒီနာတွင်မွေးဖွားခဲ့သော  အေမာမ် မာလိက်သခင်ကြီးအားနောက်လိုက်ပြုသူများကို မဒီနာမြို့သားများဟု ခေါ်ဝေါ်ပါသလော။ ဘာသာစကားများ၏ စကားလုံးအသုံးပြုပုံကိုပင်မကျေညက်သေးသည့် ရှိုင်တာန်မိစ္ဆာ၏လွှမ်းမိုးခြင်းခံရသူ ၊ အသင်၏ မုစ်လိမ်အသုံးအနှုံးဆိုသည်မှာ မည်သည်ကို ဆိုလိုခြင်းဖြစ်ပါသနည်း။ 


မဆီဟ်နှင့် မဟ်ဒီဘွဲ့ခံအရှင်သူမြတ် မီရ်ဇာဂူလာမ်အဟ်မဒ်ကာဒီယာနီ (အ) သည် ကာဒီယန်မြို့တွင်မွေးဖွားခဲ့သဖြင့် သူ့ကို ကာဒီယာနီဟုခေါ်ဆိုခြင်း၊ သူ့ကိုယ်သူခေါ်ဆိုခြင်း သည် တစုံတရာမှားယွင်းမှုမရှိပါချေ။ မီရ်ဇာသည် သူ၏မျိုးရိုးနာမည်ဖြစ်၍လည်း မီရ်ဇာအီဟုသူ့ကိုယ်သူခေါ်ဆိုခြင်းသည် ချွတ်ချော်တိမ်းပါးခြင်းမရှိပါပေ။ ယခု အသင်၏ အရည်အချင်းကား ဆင်ပြောင်ကြီးပေါ် အလံစိုက်သည့်နှယ် ဘူးပေါ်သလို ပေါ်လာရပေပြီ။ အသင့်တွင် စကားလုံးအသုံးပြုပုံပညာမရှိသည့်အတွက် လိန်းအဘိဓာန်၏ နောက်တစ်မျက်နှာကိုလှန်ကာ usage ၊ context ၊ background history တို့ကို လျစ်လျူပြုပြီး ခါတမန်နဗီယီးန်စကားလုံးအား အနက်ဖွင့်ခြင်းဖြစ်ကြောင်း အမှန်တရားလိုလားသူများအတွက် သက်သေပင်။ 


ကာဒီယာနီသည် ကာဒီယန်မြို့သားဟူသော အနက်ကိုပေးသည်။ ကျွန်ုပ်သည် ကာဒီယန်သို့ တစ်ကြိမ်ဘူးမျှရောက်ပင်မရောက်ဖူးပါ။ ထို့အတူ ကုလားသည် ကုလ သို့မဟုတ် ကူးလာမှလာ၍ တစ်စုံတစ်ရာမကောင်းသည့်အနက်မထွက်သော်လည်း မြန်မာမွတ်စလင်မ်များအနေဖြင့် ကုလားဟုအခေါ်ခံရလျှင် derogatory term ဟု ချက်ချင်းခံစားကြရပေသည်။ ကျွနု်ပ်ယုံကြည်ကိုးကွယ်သောသာသနာမှာ အစ္စလာမ်သာသနာဖြစ်ပါသည်၊ ကျွန်ုပ်သည် ကလီမာရှဟဒါဟ်ကို ကိုယ်စိတ်နှလုံးသုံးပါးစလုံးဖြင့် သက်ဝင်ယုံကြည်သဖြင့် ကျွန်ုပ်သည်မွတ်စလင်မ်ဖြစ်ပါသည်။ ကျွနု်ပ်၏ သာသနာအား ကာဒီယာနီ (ism) ဟု စွပ်စွဲပုတ်ခတ်အမြတ်ထုတ်ခြင်းနှင့် ကျွန်ုပ်အား ကာဒီယာနီဟုခေါ်ဆိုခြင်းတို့မှာ derogatory term အသုံးအစွဲပင်ဖြစ်ကြောင်း ကျွနု်ပ်ကိုးကွယ်သော အလ္လာဟ်အရှင်မြတ်အား သက်သေထား၍ ပြောကြားလိုပါသည်။ 

အချုပ်မှာမူု အသင်စလဖီ ရှိုင်တာန်မိစ္ဆာ၏လွှမ်းမိုးခြင်းခံရသူ alfurqanmyanmar.com သည်အပေါင်းလက္ခဏာအား အနုတ်လက္ခဏာဟု ကလိမ်စေ့ငြမ်းစဉ် အကြောက်အကန်ငြင်းဆန်လေ့ရှိသည့် သဘောသဘာဝပိုင်ရှင်ဖြစ်၍ အသင်တပ်ထားသော ခေါင်းစဉ်၏အမှန်အဓိပ္ပါယ်မှာ " ပြတ်သားတိကျသော လိမ်လည်မှု (သို့မဟုတ်) အမှား " ဟု အသင့်ထံမှ မွတ်စလင်မ်အစစ်အမှန်ဟုတ်မဟုတ် ထောက်ခံချက်ကို လျစ်လျူပြုသော အလ္လာဟ်အရှင်မြတ်၏သာသနာတော်ဝင် မွတ်စလင်မ်များ နားလည်ထားပေသည်။
ထို့အတူ အသင့်တွင် မည်သည့်လန်းဂွေ့ချ်ကိုမျှ ကကြီး ခခွေးအဆင့်ပင်တတ်မြောက်ထားခြင်းမရှိကြောင်း ဖော်ပြပါအကြောင်းများဖြင့် သက်သေပြုလိုက်ရပေသည်။ 


( မှတ်ချက်၊၊ ၊၊ ကျွန်ုပ် စာရေးသူမှာ လွန်ခဲ့သည့် ငါးနှစ်ကျော်ကာလကတည်းက  မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ဆုတံဆိပ်ချီးမြှင့်ခြင်းခံထား ရသည့် မြန်မာပြည်ဖွား မြန်မာစာစစ်စစ် ကို ရေးသားသူဖြစ်ကြောင်းနှင့် ဗြိတိသျှကောင်စီမှ တရားဝင်အသိအမှတ်ပြု လက်မှတ်ရ British Council Certified English Speaker ဖြစ်ကြောင်း မလွှဲမရှောင်သာဖော်ပြအပ်ပါသည်။)


No comments: