ကတိတော်လာမဆီဟ်နှင့်မဟ်ဒီဘွဲ့ခံအရှင်သူမြတ်(အ)ကို Character Assassination ပြုလုပ်ထား မှုအားပြန်လည်ဖြေ ရှင်းချက် အမှတ်စဉ်(၃)
ယခုတဖန် ရူဟာနီယာသ်မျက်စိကန်းနေပြီး ဒဂျာလ်၏အမွေခံလျက် အလ်ဖူရ်ကန်မြန်မာဒေါ့ကွန်းအား မတရားရေးသားဝါဒဖြန့်နေသည့် လူရမ်းကား၏ ကျမ်းမြတ်ကုရ်အာန် အာယသ်မုက္ခပါတ်တော် တစ်ခုဖြစ် သော ၁၁၂း၄ အားခုတုံးလုပ်အလွဲသုံးမှုနှင့် မွတ်စလင်မ်များအား မတရားကာဖဲရ်ဖသ်ဝါထုတ်နေမှုများကို ဖော်ထုတ်ပါမည်။
ယခုတဖန် ရူဟာနီယာသ်မျက်စိကန်းနေပြီး ဒဂျာလ်၏အမွေခံလျက် အလ်ဖူရ်ကန်မြန်မာဒေါ့ကွန်းအား မတရားရေးသားဝါဒဖြန့်နေသည့် လူရမ်းကား၏ ကျမ်းမြတ်ကုရ်အာန် အာယသ်မုက္ခပါတ်တော် တစ်ခုဖြစ် သော ၁၁၂း၄ အားခုတုံးလုပ်အလွဲသုံးမှုနှင့် မွတ်စလင်မ်များအား မတရားကာဖဲရ်ဖသ်ဝါထုတ်နေမှုများကို ဖော်ထုတ်ပါမည်။
အလ်ဖူရ်ကန်မြန်မာဒေါ့ကွန်းအား မတရားရေးသားဝါဒဖြန့်နေသည့် လူရမ်းကားသည် " ကျမ်းမြတ်ကုရ်အာန် မုက္ခပါတ်တော်တစ်ခုကို အကျယ်ဖွင့်ရာတွင် အခြားမုက္ခပါတ်တော်တစ်ခုဖြင့် ကနဦးဖွင့်ရသည် (စလဖီ့ လက်ရှိရေးသားနေသည့် အာဘော်) " ကို လူအများကြားဝင်ဆံ့နိုင်ရန် လတ်တလောတင်ပြလာသော်လည်း အမှန်မှာမူ -
အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ထိုပုဂ္ဂိုလ်အား မျက်စိကွယ်ထားစေပေရာ မည့်သည့်လူသား တစ်ဦးကမျှသူ၏ စက္ခုအလင်းရရှိစေရန် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ် သည် အစစ်အမှန်အစ္စလာမ်အဟ်မဒီယသ်အား ရင်ဆိုင်ရာ၌ ကျမ်းမြတ်ကုရ်အာန်မုက္ခပါတ်တော်တစ်ခုကို အခြားမုက္ခပါတ်တော်ဖြင့် ကနဦးဖွင့်ရခြင်းဆိုသည်ကို မျက်မှောက်မပြုနိုင်ဘဲ ရှိနေခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ဒဂျာလ်၏အမွေခံစလဖီရေးသားခဲ့သည်မှာ "ဒါပေမဲ့.....မိရ်ဇာဂူလာမ်အဟ်မဒ် ကာဒယာနီကြီးကတော့ အလ္လာဟ်အရှင်မြတ်က သူ့ကို "သား"အဆင့်အတန်းမှာထားတော်မူတယ်လို့ မလျော်မကန်ရေးထားပါ တယ်။ " ဟူ၍ပင်။
ယခု မဆီဟ်နှင့်မဟ်ဒီဘွဲ့ခံအရှင်သူမြတ်ရေးသားခဲ့သည့်အလ္လာဟ်အရှင်မြတ်က သခင့်အားချီးမြှင့်ခဲ့သော ဗျာဒိတ်တော်မူရင်းအာရဗီစာသားကို လေ့လာကြပါစို့။
انت مني بمنزلة ولدي တွင် ဝိဘတ်ဖြစ်သည့် to အဓိပ္ပါယ်ဆောင်စကားလုံးပါရှိသဖြင့် အဓိပ္ပါယ်မှာ You are to me like My son သို့မဟုတ် You are to Me like My offspring ဟုသာ အဓိပ္ပါယ်ယူ ရမည်ဖြစ်သည်။ သို့သော် ရူဟာနီယသ်မျက်စိကန်းနေသည့် ဒဂျာလ်၏အမွေခံသည် နဆွရာနီများပမာ My son အား literally အတိုင်းသာနားလည်နိုင်စွမ်းရှိသဖြင့် အလ္လာဟ်အရှင်မြတ်က သူ့ကို "သား" အဆင့်အတန်းမှာထားတော်မူတယ် ဟု ဘာသာပြန်ဆိုလိုက်ပေသည်။
သို့ပြန်ဆိုလိုက်ခြင်းဖြင့် You are, of Me, like My son ဟု အဓိပ္ပါယ်ရသည့် literally စာသွားစာလာ အတိုင်း နားလည်မှတ်ပိုက်မှုဆီသို့ ဦးတည်သွားပါတော့သည်။ အလ်ဖူရ်ကန်မြန်မာဒေါ့ကွန်းအား မတရားရေး သားဝါဒဖြန့်နေသည့် လူရမ်းကားလည်း မိမိနားလည်ထားသည့်နဆွာရာနီခက်ဆစ်အဖွင့်ကို အာဝါမ်များအား ထပ်ဆင့်ဖောက်သည်ချထားပေရာ self claim အာရဗစ်ပါမောက္ခကြီး၏ အာရဗစ်စွမ်းရည်မှာ အလွန်လျှင် အဆင့်အတန်းနိမ့်ကျလှကြောင်း သက်သေရရှိပါတော့သည်။
နဆွရာနီများသည်လည်း literally နှင့် metaphorically မိန့်ကြားချက်များကို ရောချကာ နားလည်ချင်သလို နားလည်ပြီး အဘဘုရား၊ သားဘုရားဟု လုပ်ထားသည့်နှယ် ဆော်ဒီစလဖီနောက်လိုက်မှာလည်း ထိုသည့်အတိုင်း တသဝေမတိမ်းလိုက်ကာ ရှေ့ဆက်တိုးရင်း မဂ္ဂဒူးဘ်နှင့် ဒွါလိမ်တို့ပိုင် အသူတရာနက်သည့် ချောက်ထဲသို့ ခုန်ဆင်းလိုက်ပုံက -
ကြယ်ပွင့်လေးနဲ့ footnote ပြပြီး........... ခရစ်ယျာန်တွေက အီစာ (အလိုင်) ကို အလ္လာဟ့်သား လို့ပြော ကြလို့ အလ္လာဟ်အရှင်မြတ် က ခရစ်ယျာန်တွေကို ပညာပေးဖို့ မိရ်ဇာဂူလာမ်အဟ်မဒ်ကို "သင်ဟာငါ့သား အဆင့်အတန်းမှာရှိတယ်" ဆိုပြီး ဝဟီချပေးတာပါတဲ့လေ။ (စလဖီအရေးအသား)
ထို အောက်ခြေမှတ်ချက် footnote တွင် '..... this expression has been used as a metaphor.' ထိုသို့သော (အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ သားတော်အဆင့်ဟု) ဖော်ပြချက်သည် metaphor ၊ တင်စားဖော်ပြချက်ဖြစ်၏ (ref: Haqeeqatul Wahi, p. 86; Ruhani Khazain vol. 22, p. 89) ဟူသော မီရ်ဇာဆာဟိဘ်၏အရေးအသားကို အသင်စလဖီ၊ ဝဟာဘီ ၊ အဲဟ်လေဟဒီးဆ်ခင်မျာ မမြင်နိုင်၊ မဖတ်ရှုနိုင်ဘဲ ကျွနု်ပ်သည် အရာရာပိုင်နိုင်မှလုပ်စားပါသည်၊ ကျွန်ုပ်သည်တိုက်ရိုက်ကုတ်များဖြင့်ရေး သားသူဖြစ်ပါသည်ဟု အဖန်ဖန်အလီလီကြွေးကြော်နေခြင်းမှာ မွတ်စလင်မ်အစစ်အမှန်များ အလယ်တွင် ကြောင်သူတော်၏ ကြက်မွေးယိုပုံပမာဖြစ်နေရပါသည်။
ဤအောက်ခြေမှတ်ချက်စာ သုံးလေးကြောင်းကိုပင် ကုန်စင်အောင်မဖတ်ဘဲ မီရ်ဇာဂူလာမ်အဟ်မဒ်သခင်က မိမိကိုအလ္လာဟ်ကသားတော်အဆင့်ပေးထားသည်ဟုသူကိုယ်တိုင်နားလည်ထားကြောင်း ပရိသတ်အားတင်ပြသည်မှာ အသင်၏နဆွာရာနီဦးနှောက်က ထုတ်ပေးလိုက်သော အက္ခရာစဉ်များ ပါလော.. အို၊ စလဖီသကောင့်သား။
အသင်သည် မိမိလိုချင်သော ခရစ်ယျာန်တွေက အီစာ (အလိုင်) ကို အလ္လာဟ့်သား လို့ပြောကြလို့ အလ္လာဟ်အရှင်မြတ် က ခရစ်ယျာန်တွေကို ပညာပေးဖို့ မိရ်ဇာဂူလာမ်အဟ်မဒ်ကို "သင်ဟာငါ့သား အဆင့်အတန်းမှာရှိတယ် ကိုသာ အဓိပ္ပါယ်ပြန်နားလည်၍ '..... this expression has been used as a metaphor.' ထိုသို့သော (အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ သားတော်အဆင့်ဟု)ဖော်ပြချက်သည် metaphor ၊ တင်စားဖော်ပြချက်ဖြစ်၏ဟုသော အရေးအသားကို ဆက်လက်အဓိပ္ပါယ်မပြန်တော့သည်မှာ ကျွနု်ပ်အတွက်ထူးဆန်းသည်တော့မဟုတ်ပါပေ။ အဘယ်ကြောင့်ဆိုသော ထိုစလဖီမှာ ခါတမန်နဗီယီးန် မုက္ခပါတ်တော်မလာမီ အာယသ်တော်များနှင့် လာအပြီးအာယသ်တော်များအကြောင်းကို မည်သည့်အခါကမျှ အာဝါမ်များအား မတင်ပြခဲ့ခြင်းကြောင့်ပါပင်။
ယခုအလ္လာဟ်အရှင်မြတ်က အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ကို တည်ထောင်ခဲ့သူ မဆီဟ်နှင့်မဟ်ဒီဘွဲ့ခံအရှင် သူမြတ် မီရ်ဇာဂူလာမ်အဟ်မဒ်သခင်ကြီးအား You are to me like My son ဟု ဗျာဒိတ်တော်ချပေးခြင်းကို သခင်ကြီးကိုယ်တိုင် literally စာစကားအတိုင်း မဟုတ်ဘဲ metaphor တင်စားချက်အဖြစ်သာ နားလည်မှတ်ပိုက် ကြေညာမောင်းခတ်ခဲ့ကြောင်း ပေါ်လွင်စေရန် (အလ်ဖုရ်ကန်နှင့်မတိုက်မီ) အဟ်မဒ်သခင်ကြီး၏ အခြားနေရာမှဖော်ပြချက်များကို context အလိုက်ဆန်းစစ်ပါမည်။
........အလ္လာဟ်အရှင်မြတ်သည် တသီးပုဂ္ဂလသာဖြစ်၍ အရှင်သည်သားသမီးမွေးဖွားခြင်းနှင့် မွေးဖွားခံရခြင်းတို့မှ ကင်းသန့်ပါ၏။ ( Ahmad, Hadhrat Mirza Ghulam, Islami Usul ki Philosophy, p. 58, Ruhani Khazain, vol. 10, p. 372 )
အခြားတစ်နေရာ၌သခင်ကြီးဖော်ပြထားသည်မှာ -
အလ္လာဟ်အရြှင်မတ်သည် မည်သူ၏သားမျှ မဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ကမှလည်း အရှင်မြတ်၏ သားမဟုတ်ချေ။ ( Ahmad, Hadhrat Mirza Ghulam, Lecture Lahore, p. 8, Ruhani Khazain, vd. 20, p. 155 )
ယခုဆက်လက်၍ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွလလ္လားဟို့ အလိုင်းဟေ့ဝဆလာမ်) ၏ အဆိုအမိန့်အား ဖြင့် figurative sense အရ အလ္လာဟ်အရှင်မြတ်၏နောက်လိုက်အချစ်တော်များကို အရှင့်သားသမီးများပမာ ပင်ဟု ဖော်ပြခြင်းသည် အစ္စလာမ့်စကားလုံးများအရ လက်ခံနိုင်လောက်ပြီး ခွင့်ပြုခြင်းခံထားရကြောင်း သက်သေပြုပါမည်။
ဖန်ဆင်းခံလူသားအားလုံးတို့သည် အလ္လာဟ်၏သားသမီးများဖြစ်ကြ၏။ သို့ဖြစ်ရာအကောင်းမြတ်ဆုံး လူသား သည်ကား အလ္လာဟ်အရှင်မြတ်၏ သားသမီးများကို အကောင်းဆုံးဆက်ဆံသူပင်ဖြစ်၏။ ( မိရှ်ကားသ်ကျမ်း၊ နေဇာမီပုံနှိပ်၊ စာ ၃၆၃၊ မုဂျ်သဘာအီပုံနှိပ် ၊ စာ ၄၂၅)
သို့ကြောင့် စာတစ်ပိုဒ်လောက်ကို သာကွက်ပြီးမကြည့်မူဘဲ ဆိုလိုရင်းကို သဘောပေါက်အောင် စာတစ်အုပ်လုံးအသေအချာဖတ်ကြရန် (အလ်ဖုရ်ကန်မြန်မာဒေါ့ကွန်းလူရမ်းကားမှလွဲ၍ အခြားသူအားလုံးကို) နှိုးဆော်အပ်ပါသည်။
ယခုတဖန် မဆ်နဝီသခင်ကြီး မော်လာနာရူမီအား ထောက်ခံသည်ဟု ကြွေးကြော်ထားသည့် အင်အားချိနဲ့လှသော စလဖီဖတ်ရှုနိုင်ရန် ကျွနု်ပ်ကပင် မဆ်နဝီအား အခမဲ့ဖတ်ကြားပြလိုက်ပါသည်။ နားသောတဆင်နိုင်စွမ်းရှိက ဆင်ပါလေ။
God's care for His children.
O son, the pious are God's children,
Absent or present He is informed of their state.
(http://www.sacred-texts.com/isl/masnavi/msn03.htm)
အသင်စလဖီနားလည်ပါလေစွ။ နားလည်နိုင်စွမ်းရှိပါလေစွ။ ကျွန်ုပ်သည် out of context သမားမဟုတ် သဖြင့် ဆက်လက်လေ့လာပါ၏။ တွေ့ရှိရသည်မှာ .
The apostles of God are symbolically His sons. (Rumi, Hadhrat Jalal al Din, Mathnavi, vol iii, p. 13) ဟူ၍ပင်။ (အကယ်၍အသင်စလဖီအလိုရှိပါမူ ကျွန်ုပ်ထံမူရင်းတောင်းခံ၍ ကြည့်ရှုနိုင်ပါသည်။ )
အို ........... စလဖီ၊ ရှိုင်တာန်၏အမွေခံ၊ မော်လာနာရူမီအားလည်း ကာဖဲရ်ဟု ဆော်ဒီစလဖီလမ်းစဉ်အတိုင်း ကြေညာပါလေ။ ထို့ပြင် မိရှ်ကားသ်ကျမ်းကြောင့် တမန်တော်မြတ်မဟာကိုလည်း ကာဖဲရ်ဟုကြေညာကာ မိမိကိုယ်ကို အစ္စလာမ်သာသနာအား တမန်တော်မြတ်မဟာထက် ပို၍အဆုံးအဖြတ်ပေးနိုင်သူဟု မောက်မာပလွှားပါလေ။ (နအူဇိုဘိလ္လာ မိန်ဇာလိက်)
တဖန်ဆက်လက်၍ မဆီဟ်နှင့်မဟ်ဒီဘွဲ့ခံ မီရ်ဇာဆာဟိဘ်၏ အရေးအသားကို တင်ပြပါဦးမည်။
'God Almighty is far above having any sons and neither has He an associate and therefore no one has a right to claim that he is the son of God. But this sentence has been stated as a reflection and metaphorically.' (Ahmad, Hadhrat Mirza Ghulam, Dafe e Balaa, p. 7, f/n; Ruhani Khazain, vol. 18, p. 227) (အလ်ဖုရ်ကန်မြန်မာဒေါ့ကွန်းစလဖီအနေဖြင့် ဘာသာပြန်ဆိုနိုင်စွမ်းရှိ လျှင်ပြန်ဆိုပါ။ သို့မဟုတ်ပါမူ ကျွန်ုပ်ထံအကူအညီတောင်းပါ)
ယခုလိုဆန်းစစ်လိုက်တော့ မီရ်ဇာဆာဟိဘ်ရေးသားခဲ့သည့် Haqeeqatul Wahi, p. 86; Ruhani Khazain vol. 22, p. 89 လာ You are to me like My son ဟူသော ဗျာဒိတ်တော်မှာ တင်စားဖော်ပြချက် သာဖြစ်ကြောင်း သိရှိရပေတော့သည်သာမက ဤသည် တမန်တော်မြတ်(ဆွ)နှင့် အစ္စလာမ့်အဝန်းအဝိုင်းမှ ပုဂ္ဂိုလ်ကြီးများအဆိုရ လက်ခံဖွယ်ရာပင်ဖြစ်ကြောင်းကိုပါ တပါတည်းတင်ဆက်အပ်ပါသည်။
ယခုတဖန် ကျွန်ုပ်၏လုပ်ရိုးလုပ်စဉ်အတိုင်း ဖုရ်ကန်နှင့်တိုက်ပါပြီ။
[2:201] And when you have performed the acts of worship prescribed for you, celebrate the praises of Allah as you celebrated the praises of your fathers, or even more than that. And of men there are some who say, ‘Our Lord, grant us good things in this world;’ and such a one shall have no share in the Hereafter.
မိမိတို့၏ ဖခင်များ(ဘိုးဘေးများ)အား တသခြင်းပြုကြသကဲ့သို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တသကြကုန်။ (အလ်ကုရ်အာန် ၂း၂၀၁)
အမှန်တော့ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်လူသားများ၏ဖခင်မဟုတ်ပါ။ သို့သော် ဖခင်၏အဆင့် အတန်းတွင်ရှိတော်မူသည်ဟုတင်စားသော် အထက်ပါမုက္ခပါတ်တော်အရတစ်စုံတစ်ရာမမှားယွင်းနိုင်ပါ။ မီရ်ဇာဆာဟိဘ်ထံကျရောက်သော ဘိမန်ဇိလတိ ဝလဒီ ဟူ၍လာရှိသည့် ဗျာဒိတ်တော်သည် သားသကဲ့သို့ဂုဏ်အဆင့်တွင်ရှိ၏ဟူလို။ အဟုတ်အကယ်ပင် သားဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ကျမ်းမြတ်ကုရ်အာန်အားဖြင့်သက်သေပြုလိုက်နိုင်ပါပြီ။
လက်ဦးဆရာသခင်ကြီးများက ကာဒီယာနီဝါဒကို လွယ်ကူစွာသုံးသပ်နည်းစာအုပ်ငယ်လေးများဖြင့် မြင့်မိုရ်တောင်ကို ဇီးစေ့နှင့်ပေါက်သကဲ့သို့ ပြုလုပ်ထားကြခဲ့သည်ကို အမှီသဟဲပြုစံယူလျက် ယခုတဖန်တရေးနိုးပြီး ကျွန်ုပ်တို့လူငယ်များအား ဝပ်စ်ဝစာ ၊ သံသယပွားရလေအောင် အဖျက်သမားတို့၏ထုံးနှလုံးမူလျက်အဖျက်လုပ်ငန်းကို ပြန်၍လုပ်နေခြင်းမှာရှေးဦးဆရာသခင်ကြီးများ ကဲ့သို့သာ ရမ်းဆပြောဆိုကြကုန်သော သူတို့သည် ပျက်ဆီးကြရပေမည်။ (၅၁း၁၀)
ရှိုင်တာန်သည်ကားတရားလမ်းမှန်၌ ပုန်းလျှိုးချောင်းမြောင်း၍ လူတို့အား ဖျက်ဆီးရန်ထိုင်ဆောင့်နေပါသည်။ (ရး၁၇)
မုချပင်ရှိုင်တာန်သည် လူသားတို့၏ ထင်ရှားသောရန်သူဖြစ်ပေသည်။ (၁ရး၅၄)
သို့ကြောင့် သူတော်စင်များအနေဖြင့် အဖျက်သမားငစဉ်းလဲ၏ရန်မှ ကင်းဝေးရစေကြောင်း အရှင့်ထံပါးခိုလှုံ ၍နေကြရန် နှိုးဆော်လိုက်ပါရစေ။
No comments:
Post a Comment