အင်တာနက်ပေါ်မှ မွလ္လာတစ်ယောက်၏ အန္တီအဟ်မဒီစာညံ့များ၊ စာတိုပေစများဖြန့်ချိနေခြင်းအား တုန့်ပြန်မှု
များမကြာမီက truthprevail.info အနေနဲ့ မြန်မာနိုင်ငံတဝှမ်း အန္တီအဟ်မဒီမော်လဝီ၊ မော်နာလာအမည်ခံများထံ အိတ်ဖွင့်ပေးစာကို ပေးပို့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ ကျမ်းမြတ်ကုရ်အာန်နဲ့ စစ်မှန်တဲ့ ဟဒီးစ် အထောက်အထားတစုံတရာကိုမှ ကောက်နုတ်ဆွေးနွေးမထားတဲ့ အတင်းအဖျင်း စာညံ့(ဖတ်၍မ ရလောက်အောင်အထိညံ့ဖျင်းသော အရေးအသားများ)၊ infamous စာတိုပေစများကို သာမာန်မွတ်စလင်မ် ပရိသတ်များထံ ဘာသာရေးလွတ်လပ်ခွင့်နှင့် မည်သည့်ဘာသာ သာသနာ အဖွဲ့အစည်းကိုမှ အတင်း အဖျင်းပြောခြင်းမပြု လုပ်ပါဟုကြေညာထားတဲ့ အချို့ဝက်ဘ်ဆိုဒ်များပေါ်မှ လည်းကောင်း၊ ဖေ့စ်ဘွတ်ခ်ပေါ် မှလည်းကောင်း ဖြန့်ချိ လျက်ရှိပါတယ်။ အဓိကဖြန့်ချိနေတဲ့ မွလ္လာကတော့ မောင်သူ(ခ) owaiseqarni@gmail.com ဖြစ်ပါတယ်။ ကျွန်တော် (စာရေးသူ)အနေနဲ့ မောင်သူကိုကိုယ်တိုင် ကိုယ်ကျစကား ပြောဖို့ ကြိုးစားခဲ့ပါသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့၊ အယူဝါဒစွန့်လွှတ်နိုင် တယ်၊ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ identify မလုပ်နိုင်ဘူးဆိုပြီး တမန်တော်တစ်ပါး အလာ ကို စောင့်မြှော်နေသေး တဲ့သူ့အယူကိုတောင် ချမပြရဲဘဲ၊ အန္တိမကြောင့် အထိနာစွာနဲ့ "ayam antima janti ဆိုတာသိ သလား ကာကာ တို့ရေ" ဆိုပြီးစတင်ခဲ့ရတာပါလို့ ကြွေးကြော်ဖူးတဲ့သူမျိုးတွေ့ဖူးသလို အခု အဲဒီထက် ဆိုးတဲ့မွလ္လာနဲ့ လည်းတွေ့ပြီးပါပြီ။ ဖသ်ဝါထဲမှာ ဘာရေးထားထား သူဖြေချင် သလိုမဖြေနိုင်တဲ့အဆုံး ကျွန်တော့်ကို ဘလော့ လုပ်ပြီးထွက်ပြေးပျောက်ကွယ်သွားပါ တယ်။ အောက်ပါ Chat History ကိုကြည့်ပြီး မွတ်စလင်မ် ပရိသတ်တို့ မိမိတို့ဖာသာ ဆုံးဖြတ်ကြပါ။
ဧပြီလ ၁၆ ရက် ၂၀၁၂ ခုနှစ်
owaiseqarni: စလာမ်
နေကောင်းလား
သူငယ်ချင်းက ဘယ်သူလဲ ?
12:31 me: ဝစလာမ် ၊ ဟုတ်ကဲ့ အလ္လာဟ့်ဖဇလ်နဲ့ နေကောင်းပါတယ်။ ကျနော်နာမည် nasir ahmad ပါ။ အဟ်မဒီတစ်ဦးပါ။ အကိုတို့အခေါ်ဆိုရင်တော့ ကာဒီယာနီပေါ့ဗျာ။ ကျနော်နဲ့ စကားဆက်ပြောလို့ရပါတယ်နော် ?
5 minutes |
12:36 owaiseqarni: ရပါတယ်
ပြောပါ
12:37 ကျွန်တော်အဖို့ကာဖိရ်နဲ့စကားပြောနိုင်သလို အကိုနဲ့လဲစကားပြောနိုင်ပါတယ်
12:38 me: ရလား။ ဒါဆိုဝမ်းသာစရာပဲ။ အကိုဖေ့ဘွတ်ခ်မှာတင်ထားတဲ့ ဖသ်ဝါထဲက ကာဒီယာနီတွေနဲ့ အပေါင်းအသင်းမလုပ်ရဘူး။ အဆက်အဆံမလုပ်ရဘူးဆိုတာ မှားနေတာပေါ့။
12:39 owaiseqarni: အတာ အများမွစ်လင်မ်တွေကိုပြောတာ
ကျွန်တော်က ခင်ဗျားကို ဒါအီပုံစံနဲ့စကားပြောနေတာ
me: အကိုက အများမွတ်စလင်မ် တွေထဲက မဟုတ်ဘူးပေါ့။
ဒါအီပုံစံနဲ့ဆိုရတယ်ပေါ့ အဲဒိလိုလားခင်ဗျ။
12:40 ဖသ်ဝါထဲမှာ အဲလိုရေးမထားပါလား
owaiseqarni: ကာဖိရ်တစ်ယောက်နဲ့ဘယ်ပုံစံအဆက်အသွယ်လုပ်လို့ရတယ်
ဘယ်ပုံစံမရဘူးဆိုတာရှိပါတယ်
ဘယ်လိုအခြေအနေမှာ ကာဖိရ်တွေနဲ့အတူနေနိုင်ပြီး
me: အကိုတင်ထားတဲ့ ဖသ်ဝါအကြောင်းပဲပြောပါ
owaiseqarni: ဘယ်လိုအခြေအနေမှာမနေနိုင်ဘူးဆို တာရှိပါတယ်
me: ဖသ်ဝါထဲမှာ အခုအကိုပြောနေတာတွေပါလား ?
မပါဘူးမှတ်လား ?
12:41 owaiseqarni: ခင်ဗျားက ကျွန်တော်ကိုဘာလို့အပ်တာလဲ
လုပ်ပါအုန်း
12:42 me: ကျနော်မေးတာလေးဖြေပါအုန်းခင်ဗျ။ အခက်အခဲမရှိရင်။
ပြီးရင်အကိုမေးတာကျနော်ပြောပါ ့မယ်ခင်ဗျ။
12:43 owaiseqarni: ဖသ်ဝါကို ခင်ဗျားနားလည်မှာမှမဟုတ်တာ ..အတာက မုဖ်သီတွေပေးထားတာ ..ကျွန်တော်က မွဖ်သီမဟုတ်ဘူး ..
ဖသ်ဝါပေးတယ်ဆိုတာ
လူတိုင်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး
me: အာ.. ဒါဆိုအကိုဖသ်ဝါအတိုင်းမလိုက်နာ ဘူးလား။ ဖသ်ဝါမှာ ကာဒီယာနီနဲ့အဆက်အဆံမလုပ်ရဘူးလေ
12:44 ဒါအီတွေပဲလုပ်လို့ရတယ်လို ့ပါလို့လား
ပါမှမပါဘဲ
owaiseqarni: ဟုတ်တယ်
လုပ်လို့မရဘူး
me: မပါဘဲဘာလို့ကျနော်နဲ့စကားပြောေ နတာလဲ
အဲဒါကိုကျနော်မေးနေတာပါခင်ဗျ။
12:45 owaiseqarni: အကိုနဲ့ကာဖိရ်နဲ့အတူတူပဲ
အကိုက ကာဖိရ်ထက်ဆိုးတယ်
ဟုတ်တယ်နော်
me: ဖသ်ဝါကြောင်းပဲပြောပါ
owaiseqarni: ဖသ်ဝါအကြောင်းပဲပြောနေတာ
နားထာင်
me: ဖသ်ဝါထဲမှာ အကိုကျနော်နဲ့စကားပြောလို့ရလား၊ မရဘူးလား
ဖြေပေးပါအုန်း
owaiseqarni: မရဘူး
me: :D ဒါဆိုဘာလို့ဆက်ပြောနေတာလဲခင်ဗျ
12:46 အကို့ဖသ်ဝါအကိုကိုယ်တိုင် တောင် မလိုက်နာနိုင်ပါပေါ့လားဗျာ
owaiseqarni: ငါပေးတာမဟုတ်ဘူး
me: မုသ်သီကြီးတွေကို မလိုက်နာနိုင်ဘူးလား
အကိုပေးတာမဟုတ်ဘူး အကိုလိုက်နာစရာမလိုဘူးလို့ဆိုလိ ုတာလား
owaiseqarni: မင်းကို ရှင်းပြမလားကြည့်တာ
မင်းက အရူးပဲ
ဟုတ်တယ်
မင်းနဲ့
အဆက်အသွယ်လုပ်လို့မပိုင်းဘူး
12:47 စကားလည်းမပြောတော့ဘူး
ငါမှားသွားတယ်
me: အကိုက တချက်လေးတောင်မရှင်းပြနိုင်ပဲ ကျနော့်ကို ဒါဝါလုပ်မလို့လား
owaiseqarni: သောင်ဘဟ်လုပ်တယ်
ဘိုင်း
me: စလာမ်
အသင့်အပေါ်အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေ။
12:48 owaiseqarni: ကာဒီရာနီရဲ့စလာမ်ကိုယူစရာလည်းအကြောင်းမရှိ ဘူး ..မင်းကိုသာအလ္လာဟ်ဟိဒါရသ်ပေးတော ်မူပါစေ
me: ကျနော်ကတော့ အကိုနဲ့အမြဲ တမ်းစကားပြောဆွေးနွေံးနိုင်ပါ တယ်
ဖသ်ဝါအကြောင်းလေးအရင်ရှင်းြ ပရင်ပေါ့နော်။
12:49 အာမီးန်။ အကြင်သူသည် မွတ်စလင်မ်တစ်ဦးအားကာဖဲ၇်ဟုဆို သော် အဆိုခံရသူသည် ကာဖဲရ်မဟုတ်ပါက နှစ်ဦးတွင် တစ်ဦးသည် ကာဖဲရ်အမှန်ဖြစ်၏. (ဟဒီးဆ်)
12:50 အကိုစကားဆက်ပြောမယ်ဆိုရင် ဖသ်ဝါလေးကိုသတိရပါ
ခင်ဗျ။
စလာမ် again
owaiseqarni: ဖသ်ဝါမှာ စကားပြောမရဘူးလို့ပါလား
me: အကိုတင်ထားတဲ့ဖသ်ဝါအကိုနားမလည် ဘူးလားခင်ဗျ။
ဖတ်ကြည့်ပါအုန်းလားတစ်ခေါက်ေ လာက်
owaiseqarni: မင်းကိုမေးတာပဲပြေပါ
12:51 me: အာ..
12:52 မုစ်လင်မ်တို ့သည် ကာဒီယာနီများနှင့်မည်သည့် ဆက်သွယ်မူမျှ မပြုရ ၊ စည်းပွားရေး ၊ လူမူဆက်ဆံရေး ၊ အဖွဲ့ပြုခြင်း ၊ သားရေးမယားရေ ဆောင်ရွက်ခြင်း ၊ထိမ်းငြားမင်္ဂလာပြုခြင်း ၊ မုစ်လင်မ်တို့၏ သင်္ချိုင်း၌ သင်္ကြု ိခြင်းစသည့် မည်သည့်ကိစ္စမှ မပြုရပေ ။ အကြောင်းကား ၎င်းတို့သည် တညီတညွတ်တည်း ကာဖိရ်ဖြစ်သည် ။
အဲဒါကြီးပါတယ်လေခင်ဗျ။
မုစ်လင်မ်တို့သည် ကာဒီယာနီများနှင့်မည်သည့် ဆက်သွယ်မူမျှ မပြုရ ၊
ဆိုတာ အဆက်အဆံမလုပ်ရ စကားမပြောရတို့ကိုဆိုလိုတာပေါ့
မဟုတ်ဘူးလား
ထိုအန္တီအဟ်မဒီမွလ္လာသာမက မည်သည့်ပုဂ္ဂိုလ်မဆို အောက်ပါမေးခွန်း ၁၀ ခုအား ဖြေဆိုကြည့်ပါ။
၁) ကျမ်းမြတ်ကုရ်အာန်မုက္ခပါတ်တော်တစ်ခုဖြစ်သည့် "မုဟမ္မဒ်သည် အသင်တို့ယောကျ်ားများအနက်မှ မည်သူတစ်ဦး၏ ဖခင်မျှမဟုတ်ချေ။ သို့သော် သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် တမန်တော်အပေါင်း၏ အချုပ်တံဆိပ်တော်ဖြစ်သည်။ " (အလ်ကုရ်အာန် ၃၃.၄၀/၄၁) အား အသင့်အနေဖြင့် မည်သို့အဓိပ္ပါယ်ဋီကာဖွင့်ဆိုလိုပါသနည်း။
၂) ကျမ်းမြတ်ကုရ်အာန်နှင့် ဘိုင်ဘလ်တို့အရ တမန်တော်မူစာ(အ)၏ သောင်ဝ်ရားသ်ကို အပြည့်အဝလိုက်နာခြင်းအားဖြင့် အချို့သော သူတော်စင်များမှာတမန်တော်အဆင့် (နဗီယွလ္လာဟ်)ကို ရရှိခဲ့ကြပါသည်။ (ဥပမာ - ဟာရွန်အလိုင်စလာမ်၊ ဒါဝုဒ်အလိုင်စလာမ်၊ ဆူလိုင်မန်အလိုင်စလာမ်၊ အီစာအလိုင်စလာမ်၊ ဇက္ကရီယာအလိုင်စလာမ်နှင့် ယာဟ်ယာအလိုင်စလာမ်) ။ သို့ဖြစ်၍ အသင့်အနေဖြင့် တမန်တော်မူစာ(အ)၏ ကျမ်းက လူအများကိုတမန်တော်(နဗီ)အဆင့်ရရှိရန်ပို၍လမ်းညွှန်ပေးနိုင်သလော သို့မဟုတ် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏ ကျမ်းစာတော် ကုရ်အာန်က ပို၍ လမ်းညွှန်ပေးနိုင်သလော၊ မည်သို့သဘောရရှိပါသနည်း။
၃) ဘူခါရီနှင့် မွတ်စလင်မ်ဟဒီးဆ်ကျမ်းများကဲ့သို့ စစ်မှန်သည့်ဟဒီးဆ်တော်များအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ဟဒီးဆ်ဒါဇင်ပေါင်းများစွာ၌ တမန်တော်အီစာ(အ)ဒုတိယမ္ပိပြန်လည်ကြွရောက်လာ မည့်အကြောင်း ထပ်တူညီစွာဖော်ပြထားပေရာ အသင့်အနေဖြင့် ထိုဟဒီးဆ်တော်များကို မည်သို့ဋီကာဖွင့်နားလည်ထားပါသနည်း။
၄) အကယ်၍ အသင်က တမန်တော်အီစာ(အ) တနေ့တွင်ပြန်လည်ကြွရောက်လာမည်ဟု ယုံကြည်ပါက သူ၏ ဒုတိယမ္ပိကြွလာခြင်းတွင် တမန်တော်အဖြစ်နှင့်ပင် ပြန်လည်ကြွရောက်လာဦးမည်လော၊ သို့တည်းမဟုတ် သူ့ကို ကျမ်းမြတ်ကုရ်အာန်၌ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က တမန်တော် အဖြစ်ကြေငြာပေးထားခြင်း ခံရသည့်အဖြစ်မှ (နအူဇိုဘိလ္လာဟ်) လျော့ကျကာ သာမာန်လူတစ်ဦးအနေဖြင့်သာပြန်လာမည်လော၊ မည်သို့ယုံကြည်ထားပါသနည်း။
၅) အသင့်အနေဖြင့် အသင်ကိုယ်တိုင်ဖြေဆိုထားခဲ့သော မေးခွန်းနံပါတ် ၁ ၏ အဖြေနှင့် မေးခွန်း ၃ နှင့် ၄ တို့၏ အဖြေများ အစပ်အဟပ်တည့် ဖြောင့်မတ်မှန်ကန်ရန် မည်သို့ချိတ်ဆက်ပြနိုင်ပါသနည်း။
၆) ဆော်ဒီအခွင့်ရ ကုရ်အာန်မြန်မာပြန်တွင် ၅း၁၁၆-၁၁၈ အား အောက်ပါအတိုင်းမြန်မာပြန်ဆိုထားပါသည်။
"ထိုအခါ (အီစာ)(အလိုင် ဟစ္စလာမ်)သည် (ဤသို့)လျှောက်ထား ပြန်ကြားပေအံ့။ ......ကျွန်တော်မျိုးသ
အသင်(အဟ်မဒီမဟုတ်သူများ) ၏ယုံကြည်ချက်တွင် တမန်တော်အီစာ(အ) ဤလောကသို့တဖန်ပြန်၍ လာရောက်ဦးမည်ကိုလည်းကောင်း၊ တမန်တော်အီစာ(အ) ကောင်းကင်တွင်အသက်ရှင်လျက် ရှိသေးသည်ကိုလည်းကောင်း တွေ့ရှိနိုင်သဖြင့် အထက်ပါမုက္ခပါတ်တွင်ဖော်ပြထားသည့်အကြောင်းချင်းရာ များ မည်သို့ဖြစ်ပျက်နိုင်ပါတော့မည်နည်း။
၇) အကယ်၍ အသင်က တမန်တော်မြတ်(ဆွ)ကို နောက်ဆုံးတမန်တော်အဖြစ်ယုံကြည်၏။ ကိုယ်တော်(ဆွ) ၏နောက်တွင် အခြားမည်သည့်တမန်တော်မျှမလာရောက်တော့ဟုလည်း ယုံကြည်ပြီးနောက်တွင်မှ တမန်တော်အီစာ(အ)သည် တမန်တော်မြတ်(ဆွ)၏နောက်တဖန်ပြန်လည်လာရောက်ဦးမည်ဟု ယုံကြည်နေသေးသည်ဆိုသော် - အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွ)ကိုယ်တော် တိုင်ပြန်လာ၍ (သို့မဟုတ်) တမန်တော်မြတ်၏ ခိုင်းရ်အွမ္မသ်ထဲမှ တမန်တော်တစ်ပါးပွင့်ပေါ်စေ၍ ယနေ့ ့ခေတ်ကာလမွတ်စလင်မ်အွမ္မသ်ထုကြီးအား ပြုပြင်ပြောင်းလဲရန် မစေလွှတ်ပါဘဲလျက် တမန်တော်မြတ်ထက် အဆင့်အားဖြင့် အလွန်နိမ့်ကျလှသော၊ မိမိဘဝတစ်သက်တာတွင် ကျမ်းမြတ်ကုရ်အာန်၏ စာသားတစ်လိုင်းကိုမှ မရွတ်ဆိုခဲ့ဖူးသော (သို့မဟုတ်) မသိခဲ့သော အစ္စလာမ်မတိုင်မီက တမန်တော်ကို စေလွှတ်ပြီး ယနေ့တမန်တော်မြတ်(ဆွ)၏ အွမ္မသ်ထုကြီးအား ပြုပြင်ပြောင်းလဲခိုင်းပါသလဲ။
အသင်၏ နံပါတ် ၇ အဖြေနှင့် နံပါတ် ၆ အဖြေ လိုက်လျောညီထွေရှိပါစေ။
၈) ဘိုင်ဘလ်ကျမ်းစာ၌ ပရောဖက် အိလိယားစ်(အ)ဤလောကသို့ ပြန်လည်ကြွရောက်မည့် အကြောင်း ဖော်ပြထားရာ ဂျူးများက သူ့ကိုကောင်းကင်မှကျလာမည့်သူအဖြစ် မျှော်လင့်လျက်ရှိခဲ့ကြသည်။ ထို့ကြောင့် ဂျူးအများစုက ပရောဖက်အိလိယားစ်(အ)ကို ကောင်းကင်မှ ရုပ်ခန္ဓာဖြင့်ကြွလာမည်ကို
မျှော်လင့်လျက်ရှိခဲ့သဖြင့် ပရောဖက် အီစာ(အ)အား ငြင်းပယ်ခဲ့ကြသည်။ သို့သော် တမန်တော်အီစာ(အ)က တမန်တော်အိလိယားစ်(အ)မှာ တမန်တော်ယာဟ်ယာ(အ)ပင်ဖြစ်ကြောင်း၊ မူရင်းတမန်တော် အိလိယားစ်(အ) မှာ လူသားတို့ဓမ္မတာအတိုင်းကွယ်လွန်ပြီးဖြစ်ကြောင်း၊ ဗတ္တိဇံဆရာ ယောဟန်(သို့မဟုတ်) ယာဟ်ယာ(အ)သည်သာ တမန်တော်အိလိယာစ်(အ)၏ ပုံစံအသွင်အတိုင်း ပွင့်ပေါ်လာခြင်းဖြင့် တမန်တော်အိလိယားစ်(အ) ဤလောကသို့ပြန်လည်လာရောက်ဦးမည်ဟူသည့် ပရောဖက်ပြု ချက်ကို ဖြည့် ဆီးပြီးဖြစ်ကြောင်းဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ကျမ်းတော်မြတ်ကုရ်အာန်ကလည်း ထိုသည့်အမြင်အတိုင်း သဘောညီမျှလျက်ရှိသည်။ ဤသည် ခရစ်ယာန်များသာမက မွတ်စလင်မ်အများစု ကြီး ဋီကာဖွင့်ဆိုသည့် ပရောဖက်ပြုချက်ဖြစ်သည်။ အသင့်အနေဖြင့် ဤပရောဖက်ပြုချက်ကို မည်သို့ ဋီကာဖွင့်အဓိပ္ပါယ်ပြန်ဆိုချင် ပါသလဲ၊ ဤသည့်ဖြစ်ရပ်အတိုင်း ယ္ခုအချိန်အခါသမယတွင်ဖြစ်ပျက်လျက်ရှိသည့် ထပ်တူညီမှုကို မြင်ပါ သလား။
၉) အကယ်၍အသင်က ကျမ်းတော်မြတ်ကုရ်အာန်ကိုသာ လက်ခံသူဖြစ်သော် အများစုကြီးလက်ခံထားသည့် အခွင့်အာဏာရှိ ဟဒးီဆ်တော်များမှ မဟ်ဒီ၊ မဆီဟ်လာရောက်ဦးမည့်အကြောင်းနှင့် ခေလာဖသ်အလာ မင်ဟာဂျေနဗူဝသ် (နဗူဝသ်ကိုအခြေခံသည့်ခေလာဖသ်စနစ်) ဤသည့်မွတ်စလင်မ်အွမ္မသ်တွင် စတင်ဦးမည့်အကြောင်း ကြိုတင်နိမိတ်ဟောပြောခဲ့သည်အား မည်သို့မြင်ပါသနည်း။
၁၀) ဟဒီးဆ်တော်အများအပြား၌ ဖော်ပြထားသည်မှာ အလ္လာဟ်အရှင်မြတ်သည် ရာစုနှစ်အစတိုင်း တွင ်မူဂျဒစ်၊ အလင်းပြပုဂ္ဂိုလ်တစ်ပါးပွင့်ပေါ်စေလွှတ်တော်မူသည်ဟူ၍ပင်။ ထို့ကြောင့် အသင့်အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်ကာလအတွင်း မည်သည့်ပုဂ္ဂိုလ်အား မူဂျဒစ်အဖြစ် လက်ခံထားပါသနည်း။
http://cultgirlahmadiyya.blogspot.com က အထက်ပါမေးခွန်း ၁၀ ခုကို ဖြေဆိုရန် အန္တီအဟ်မဒီများကိုသာမက အဟ်မဒီမဟုတ်သူများကိုပါ ဖိတ်ခေါ်ထားပြီး မည်သူမဆို လိုက်လျောညီထွေစွာအဖြေပေးနိုင်ပါက Number of full, relevant non-Ahmadi responses to our 10 questions so far = 0 အတိုင်း အရေအတွက်ကို တိုးမြှင့်ပေးကာ အများပရိသတ်အား ကြေငြာပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းထားပါသည်။
အသင်ရော - အထက်ပါမေးခွန်း ၁၀ ခုအား ဖြေဆိုနိုင်ပါသလော။
No comments:
Post a Comment