သတင်းကောင်း ဘလော့ဂ်ဆိုတာ

Assalmoalaikum Warahmatullah Al Bushra - Glad Tiding ဘလော့ဂ်ရဲ့ ရည်ရွယ်ချက်ကတော့ အဟ်မဒီယာမွတ်စလင်များရဲ့ အမြုတေယုံကြည်ချက်များကို အများသိသာစေဖို့ ဖြန့်ဖြူးရန်ဖြစ်ပါတယ်။ ပုတ်ခတ်မှု၊ အမနာပဆဲရေးတိုင်းထွာမှု၊ မလိုလားအပ်တဲ့ ကော်မန့်များရေးသားမှု၊ ပုဂ္ဂလိက အသရေဖျက်မှုနဲ့ အခြားအခြားသော လူ့အသိုက်အဝန်းအတွင်းလက်မခံ နိုင်လောက်တဲ့ မည်သည့်အရေးအသားကိုမှ Al Bushra - Glad Tiding ဘလော့ဂ်မှ အလိုမရှိပါခင်ဗျား။ ယဉ်ကျေးစွာဆွေးနွေးမေးမြန်းမှုအားလုံးကို ကြိုဆိုပါတယ်။ - ဘလော့ဂ်ပါ အင်္ဂလိပ်ဘာသာပြန်ကုရ်အာန်ကို www.alislam.org မှ ကိုးကားပါသည်။ ကျနော်၏ ဆွေးနွေးချက်အားလုံးသည် ထိုဘာသာပြန်ဆိုမှုပေါ်တွင်သာ အခြေခံပြီး မြန်မာပြန်အပေါ် အခြေခံထားခြင်းမဟုတ်ပါ။ - သတင်းကောင်းဘလော့ဂ်သည် အဟ်မဒီယာမွတ်စလင်အဖွဲ့မြန်မာနိုင်ငံအား officially represent လုပ်ထားခြင်းမဟုတ်ဘဲ ကျွန်တော်၏ကိုယ်ပိုင် personnel blog သာလျှင်ဖြစ်ပါကြောင်း။ - ကြေးထပ်ခြင်း ၊ ပွဲသွင်းခြင်းများကို မည်သို့မျှတုန့်ပြန်မည်မဟုတ်ပါ။ အကယ်၍ တစ်စုံတစ်ရာအပေးအယူဖြင့်ဆွေးနွေးလိုပါက မြန်မာနိုင်ငံအဟ်မဒီယာမွတ်စလင်အဖွဲ့ ၊ အမှတ် ၁၉၁၊ ၂၈ လမ်းအထက်၊ ရန်ကုန် သို့ဆက်သွယ်ပါရန်။

No comments: