(''သာ'' - ت အက္ခရာ၏ အထက်၌ 'ဇဗရ်' ဖြင့်) ရေးသားဖော်ပြလျှင် 'အဆုံးသတ်သူ၊ ကုန်ဆုံးစေသူ' ဟူသော သဘောကို ယူလို့မရကြောင်းနှင့် ဖော်ပြပါပုဒ်မှာ إسم الفاعل (Participle) ကတ္တားကာရကပုဒ် (ကြိယာမှထပ်ဆင့်ပွားယူထားသော နာမ်ပုံသဏ္ဍာန်) မဟုတ်မူဘဲ (ပစ္စည်းကိရိယာ အသုံးအဆောင် ရုပ်ဝတ္ထု၏ အမည်။) နာမ်ပုဒ်၊ (Isim A'la) ဖြစ်ကြောင်းတို့ကို သိရှိရပါသည်။ တဖန် ဤ (ကလစ်နှိပ်ပါ)(word by word grammar) ပါ အကျယ်ဖော်ပြချက်ကို ကြည့်ပါကလည်း ၃၃း၄၁ ပါ ခါ-သ-မ မှာ accusative masculine noun ( ဝိသေသ ထူးခြားမှုကို ဖော်ပြသည့် ပုလ္လိင်နှင့်ဆိုင်သောနာမ်) اسم منصوب ဟု ဖော်ပြထားပြန်ပါသည်။ (ကလစ်နှိပ်ပါ။)
ပမာအားဖြင့် علم သည်
ထို့အတူ (အလယ်အက္ခရာဖြစ်သော 'သာ' ت အပေါ်တွင် 'ဇဗရ်' ဖြင့်) မှာလည်း အကြင်အားဖြင့် တံဆိပ်ခတ်နှိပ်ရသည်' ဟု အဓိပ္ပါယ် ရသောကြောင့် (ခါတမ်) ကို၊ အဆုံးသတ်သူ၊ ကုန်ဆုံးစေသူဟူ၍ အဓိပ္ပါယ် မဖွင့်ဆိုနိုင်ချေ။ သို့ဖြစ်ရာ 'ခါတမ်' ဟူသည် တံဆိပ်ခတ်နှိပ်ရသော 'တံဆိပ်ပုံ'နှင့် တံဆိပ်ထုရသော 'တံဆိပ်တုံး' ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိရပါသည်။
( ဥပမာ - Google Translator တွင် အင်္ဂလိပ်ဘာသာဖြင့် last ဟု ရိုက်လျှင် مشاركة ဟု ထွက်လာမည်ဖြစ်ပြီး Seal ဟု ရိုက်လျှင်မူ ختم ဟု ထွက်လာမည်ဖြစ်သည်။ ထို့ပြင် ختم ယူ၍ အာရဗီမှ အင်္ဂလိပ်ကို ပြောင်းလိုက်လျှင် နာမ်နှင့် ကြိယာနှစ်မျိုးထွက်လာမည်ဖြစ်ပြီ း နှစ်မျိုးလုံးတွင် stamping နှင့် seal တို့ကသာ နံပါတ် ၁ နေရာတွင် ဦးဆောင်ထားပါသည်။ မှတ်ချက်၊ ختم ၏နာမ်အဓိပ္ပါယ်တွင် အဆုံးသတ်သည်ဆိုသော စကားလုံး လုံးဝမပါရှိပါ။)
إسم الفاعل ကတ္တားပုဒ်တွင် အက္ခရာသုံးလုံးအနက် ဗဟို (အလယ်) အက္ခရာ၏ အောက်တွင် 'ဇေရ်' (မက္ကဆူရ်) ပါရှိရသည်။ ပမာအားဖြင့်
(ဖာအီလ်၊ နာဆီရ်၊ ကာသီလ်) စသည်တို့ကဲ့သို့ပင်။ (ခါတမ်) စကားလုံး၏ ဗဟို (အလယ်) အက္ခရာ (ဝါ) (သာ ت ) ၏ အောက်တွင် 'ဇေရ်' မက္ကဆူးရ်မပါမရှိဘဲ'ဇဗရ်' ( မဖ်သုဟ်) ပါရှိနေသည်ကို သတိချပ်သင့်ပါသည်။
( ဥပမာ - Google Translator တွင် အင်္ဂလိပ်ဘာသာဖြင့် last ဟု ရိုက်လျှင် مشاركة ဟု ထွက်လာမည်ဖြစ်ပြီး Seal ဟု ရိုက်လျှင်မူ ختم ဟု ထွက်လာမည်ဖြစ်သည်။ ထို့ပြင် ختم ယူ၍ အာရဗီမှ အင်္ဂလိပ်ကို ပြောင်းလိုက်လျှင် နာမ်နှင့် ကြိယာနှစ်မျိုးထွက်လာမည်ဖြစ်ပြီ
إسم الفاعل ကတ္တားပုဒ်တွင် အက္ခရာသုံးလုံးအနက် ဗဟို (အလယ်) အက္ခရာ၏ အောက်တွင် 'ဇေရ်' (မက္ကဆူရ်) ပါရှိရသည်။ ပမာအားဖြင့်
ဒုတိယအချက်မှာ အာရဗ်များက သူတို့၏ ဒေသသုံးစကားတွင် သူတို့၏ နေ့စဉ်ဘဝ၌ မည်သည့် အကြောင်းအရာများတွင်မဆို မည်သို့သော သဘောသဘာဝဆိုလိုရင်းဖြင့် သုံးစွဲသည်ဖြစ်စေ (ခါတမ်) ၌ 'သာ' ၏ အထက်တွင် (မဖ်တုဟ်) 'ဇဗရ်' ပါရှိကာ ဤစကားလုံး၏ နောက်တွင် လာရှိမည့်စကားလုံးမှာ ဗဟုဝုစ် (အများ)ကိန်းဖြစ်ခဲ့လျှင် ထိုအများကိန်း စကားလုံးကို ညွှန်းဆိုသည့် စကား ဖြစ်သော ဥပမာ -
ခါသမုလ်ရှို့အ်ရာ့အ် = ကဗျာ့ဝိဒူများတွင် ပါရဂူဖြစ်၏။
ခါသမုလ်ဖို့ကို ဟာ့အ် = ဓမ္မသတ်ဆရာများတွင် ဓမ္မသတ်မှူးချုပ်
ခါသမုလ်မိုဟတ်ဒေစီးန် = ဟဒီးစ်ပါမောက္ခများတွင် ပါမောက္ခချုပ်
ခါသမုလ်အောင်လေယာ့အ် = ဝလီသူတော်စင်များတွင် ဦးသျှောင်
ခါသမုလ်မိုဟာဂျီရင် = မိုဟာဂျီရ် (ဟစ်ဂျရသ်ပြုသူများတွင်) အမွန်ဖြစ်၏။
အထက်တွင် ဖော်ပြထားသကဲ့သို့ အများကိန်းဖြင့်စပ်၍ ရှေ့ပိုင်းတွင်ထားကာ သုံးနှုံးဖော်ပြပြောဆိုလေတိုင်း၊ 'နောင်တွင် ပေါ်ထွန်းမည့်သူထက် မြင့်မြတ်သူ' ဟု ဆိုခြင်း ဖြစ်ပါသည်။ ဥပမာ - ခါတမန်နဗီယီးန် တွင် နဗီယီးန်မှာ genitive masculine plural noun - اسم مجرور ဖြစ်၏။
၃၃း၄၁ ပါ ခါ-သ-မ အား last of the prophets ဟု ယူသော် ပထမအဓိပ္ပါယ်နှင့် ဆန့်ကျင်သော ဒုတိယ၊ တတိယအဓိပ္ပါယ်တို့သို့ ဆင်းယူရာရောက်နေပေမည်။ ထို့ပြင် ဤနေရာတွင် last မှာလည်း အင်္ဂလိပ်မူအရ ultimate, extreme ထက်မပိုဘဲ အဆုံးသတ်သူ၊ ကုန်ဆုံးသူအဖြစ်သို့မရောက်ရှိနိုင်ပါ။ လုံးဝမရောက်ရှိနိုင်ပါ။ အထူးသဖြင့် ၃၃း၄၁ ပါ ခါ-သ-မ အတွက် ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၁) မှ အပိုင်း (၃-၁) ပါအကြောင်းများကြောင့် အဆုံးသတ်သူဆိုသည့် ဘာသာပြန်ဆိုမှုသည် လုံးဝဥဿုံ မှားယွင်းမှုသာဖြစ်၏။
သို့တင်မကသေးဘဲ ဘုရင် ဖာဟဒ်ပုံနှိပ်တိုက်ထုတ် အင်္ဂလိပ်ပြန် ကျမ်းမြတ်ကုရ်အာန်နောက်ဆုံးအက်ဒီးရှင်းတွင် ၃၃း၄၀မှလွဲ၍ အခြားနေရာများဖြစ်ကြသော ၂း၇၊ ၆း၄၆ ၊ ၃၆း၆၅၊ ၄၂း၂၄ နှင့် ၄၅း၂၃ တို့တွင် seal ဟုသာပထမအဓိပ္ပါယ်နှင့် ပြန်ဆိုထားကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
ထို့ပြင် ခါ-သ-မ (Seal) အား နာမ်အနေဖြင့် အသုံးပြုသည့်အခါ မည်သည့်နည်းနှင့်မျှ အဆုံးသတ်သူ၊ ကုန်ဆုံးစေသူ၊ အပိတ်ဆိုသည့် အဓိပ္ပါယ်လုံးဝမရောက်ရှိနိုင်ပါ။ အထူးသတိပြုရမည်မှာ အာရဗစ်တွင်လည်း ၃၃း၄၁ ပါ ခါ-သ-မ အား accusative masculine noun ( ဝိသေသ ထူးခြားမှုကို ဖော်ပြသည့် ပုလ္လိင်နှင့်ဆိုင်သောနာမ်) အဖြစ်သုံးထားသည့်အတွက် အင်္ဂလိပ်မူပြုရာတွင်လည်း Seal of the Prophets အဖြစ် Seal ကို Noun အဖြစ်သုံးထားခြင်းဖြစ်၏။ ( Check here the meaning of Seal in Noun form in English)
တဖန်ထပ်၍ တင်ပြလိုသည်မှာ Last of the Prophets (နဗူဝသ်ကို အဆုံးသတ်သူ) ဟု အလ္လာဟ်အရှင်က (နအူဇိုဘိလ္လာဟ်) ကိုယ်တော်မြတ်(ဆွ)အား ကင်ပွန်းတပ်ခဲ့ပါသော် စာရှုသူဖြောင့်မှန်စွာစဉ်းစားရန်မှာ မည်သည့်ကိစ္စတွင်မဆို ကောင်းချီးမင်္ဂလာအား အဆုံးသတ်ဖြစ်သွားပြီဆိုခြင်းသည် တင့်တယ်ပါသလော။
Last သို့မဟုတ် end သည်မည်သည့်ထူးခြားမှုကိုပေးပါသနည်း။
ယခု ကြားဖြတ်အနေဖြင့် အဟ်မဒီမွတ်စလင်များတင်ပြသည်ကို ဖြောင့်မှန်သောစိတ်ထားဖြင့် ချင့်ချိန်ကြည့်ပါ .. အို၊ မိတ်ဆွေ။
''အစစ်အမှန်သဘောအားဖြင့် ကိုယ်တော်မြတ်ကြီးအား ရရှိသည့် စုံလင်ပြည့်ဝ၍ သန့်ရှင်း မြင့်မြတ်သော ဂုဏ်စွမ်းအင်နှင့် တုနှိုင်းဖွယ်ရာ တူညီသောအဆင့်ကို မည်သည့်နဗီတမန်တော် တစ်ပါးပါးကိုမျှ မရရှိခဲ့ရုံသာမက၊ အခြားတစ်ပါးသော ပုဂ္ဂိုလ်အား ကိုယ်တော်မြတ် ၏ ပြီးပြည့်စုံတော်မူခြင်းနှင့် နွယ်ယှက် ပတ်သက်နိုင်ခွင့်ရှိသည်မှလွဲ၍ အသီးသီးသော ကောင်းကင် တမန်များသော်မှ ဤအဆင့်၌ တန်းတူ(ရပ်၍)ပင့်သက်ရှုနိုင်ခွင့်ပင် မရှိချေ။ ဤကား သံသယဖြစ်စရာ မရှိသော သစ္စာစကားတည်း''
(ဗရာဟီနေ့ အဟ်မဒီယာကျမ်း၊ စာ - ၂၅၈၊ ရေး-ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် - အ)။
ဤသည်ပင် ဖန်ဆင်းခံသတ္တဝါဝေနေယျအားလုံးတို့ထက် မြင့်မားသီခေါင် လှသော အထွတ်အထိပ် အဆင့်တွင် ရှိသည့် ''မဟာတမန်တော်''၊ ကောင်းကင် တမန်များသော်မှ ပင့်သက်ရှုနိုင်ခွင့်ကိုပင် ပေးထားခြင်း မခံရသော ''ခါတမီယတ်'' ၏ သရုပ်သကန် ဖြစ်ပေသည်။ ဆိုလိုသည်မှာ ''ခါတမီယတ်'' နှင့် ''မိအ်ရာဂျ်'' တို့မှာ အခြေခံအရင်းအမြစ် သဘောသဘာဝအရ တစ်ခုတည်းသောအကြောင်းချင်းရာတစ်ခုတည်းကို အမည်နှစ်မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်ပေသည်။
ရှင်းလင်းချက် ။ ဟဒီးစ်တော်တွင် ''မိအ်ရာဂျ်''နှင့်ပတ်သက်၍ဖော်ပြရာ၌
အထက်ကောင်းကင်ယံသို့ ကြွမြန်းခြင်း
မေ့အ်ရာဂျ်ညဉ့်တွင် တမန်တော်မြတ်သည် အထက် ကောင်းကင်ယံသို့ကြွမြန်းခဲ့ပြီး အထွဋ်အထိပ်သော အဆင့်သို့တိုင် တက်လှမ်း၍ ''ဆစ်ဒရတုလ် မွန်တဟာ'' အဆင့်သို့တိုင် ရောက်ရှိ လျက် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက် ခစားဝင်ရောက်ခဲ့၏။ ထိုမှနောက်တွင် အရှင်မြတ်၏ ဗျာဒိတ်ပေးခြင်းကို နာကြားခံယူ ခဲ့ပေသည်။ ဤ ''ကရှ်ဖ်'' တွင် ''အထက် ကောင်းကင်ယံသို့ကြွမြန်းခဲ့ခြင်းမှာ'' နာမ်ဝိညာဉ်ဆိုင်ရာ အဆင့်မြင့်ခရီးစဉ်သို့ တက် လှမ်းရောက်ရှိခြင်းကို ဖော်ကျူးခြင်း ဖြစ်ပါသည်။ ကိုယ်တော် မြတ်(ဆွ)သည် ဝိညာဉ်ရေးဆိုင်ရာ ကောင်းကင်များသို့ တက်ကြွ ပံျသန်းရင်း နဗီတမန်တော်အပေါင်းထက် မြင့်သီခေါင်သော အဆင့် အတန်းသို့တိုင် ရောက်ရှိ၍ ကိုယ်တော်မြတ်သည် အခြားတမန် တော်များကို မရရှိသော အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်ပေါင်းစည်း ခြင်းဆိုင်ရာ ထွဋ်မြတ်လှစွာသော အရည်အချင်း ဂုဏ်အဆင့်ကို ရရှိခြင်းဟူ၏။ထို့ပြင် ''ဆစ်ဒရတုလ်မွန်တဟာ'' ဟူသော အဆင့်အတန်း မှာ ''ခါတမန်နဗီယီးန်'' အဆင့်အတန်းသာ ဖြစ်ပါသည်။ ယင်းသည့် ဝိညာဉ်ရေးဆိုင်ရာ ဂုဏ်ဒြပ်အဆင့်အတန်းကို အောက်တွင်ဖော်ပြပါ ဇယားကွက်အားဖြင့် ကွင်းကွင်းကွက်ကွက် သိရှိနိုင်ပါသည်။
___________________________________________
ဆစ်ရတုလ် မွန်တဟာ - မဟာတမန်တော်မြတ် (ဆွ)
___________________________________________
သတ္တမ ကောင်းကင်ယံ - တမန်တော် အစ်ဗရာဟင် (အ)
___________________________________________
ဆဌမ ကောင်းကင်ယံ - တမန်တော်မူစာ (အ)
___________________________________________
ပဉ္စမ ကောင်းကင်ယံ - ဟာရွန် (အ)
___________________________________________
စတုတ္ထ ကောင်းကင်ယံ - အစ်ဒရစ် (အ)
___________________________________________
တတိယ ကောင်းကင်ယံ - ယူစွဖ် (အ)
___________________________________________
ဒုတိယ ကောင်းကင်ယံ - အီစာ (အ)
___________________________________________
ပထမ ကောင်းကင်ယံ - အာဒမ် (အ)
___________________________________________
ဖော်ပြပါဇယားကို သေချာစေ့ငု ကြည့်ရှုလိုက်သော် အဖန်ဆင်းခံလူသားများ (ကမ္ဘာမြေသားများ) ၏ အဆင့်တွင် လူပုဂ္ဂိုလ်တစ်ဦးသည် ရပ်တည်၍ ဦးမော့ မျှော်ရှုလိုက်မည် ဆိုပါက ၄င်းပုဂ္ဂိုလ်သည် အဦးဆုံးအနေဖြင့် တမန်တော်အာဒမ်ကို မြင်တွေ့ရမည်ဖြစ်ပြီး၊ အားလုံးထက် အဆုံးစွန်တွင် ကိုယ်တော်မြတ် မူဟမ္မဒ်(ဆွလ္လလ္လားဟို့ အလိုင်းဟေဝဆလာမ်) ကို မြင်တေွ့ရပေလိမ့်မည်။ နဗီတမန်တော်အပေါင်းတွင် အဆုံးစွန်(ultimate) သော အထွဋ်အထိပ်တွင် ရှိသည့် တမန်တော်မှာ တမန်တော်မြတ်(သာ ဖြစ်နေကြောင်းကို ရှုမြင်ရပေလိမ့်မည်။
ထို့ထက် တစ်မူကား ''တမန်တော်အာဒမ် မမွေးဖွားမီကတည်းကပင် ကျွန်ုပ်သည် ခါတမန်နဗီယီးန် ဖြစ်၏။'' (မုဆ်နဒ်အဟ်မဒ်ဗင်န်ဟမ်ဘလ်ကျမ်းနှင့် ကန်ဇုလ်အုမ္မာလ်ကျမ်း ၊ တွဲ ၆ - စာ ၁၁၂)ဟူသော တမန်တော်မြတ်၏ မိန့်ကြားချက်ကို ပူးတွဲ၍ သုံးသပ်မည်ဆိုပါက တမန်တော်များ၏ ''ရှဂျရာဟ်'' (အနွယ်စဉ်) တွင် တမန်တော်မြတ်မူဟမ္မဒ်(ဆွ)မှာ ဂုဏ်ဒြပ်အဆင့်အတန်းအားဖြင့် ထိပ်ဖျားသို့တိုင် ရောက်ရှိနေကြောင်းကို သိရှိနားလည်လာပါလိမ့်မည်။
သို့ကြောင့် မေ့အ်ရာဂျ်ခရီးစဉ်တွင် တမန်တော်မြတ်သည် တမန်တော် အပေါင်းထက် မြင့်မားသော အဆင့်သို့တိုင် တက်လှမ်းရောက်ရှိခဲ့သည်ဆိုခြင်းမှာ ''မကာမေမူဟမ္မဒီ'' (မူဟမ္မဒ်သခင်၏ ဂုဏ်အဆင့်) သည် နဗူဝသ် (တမန်တော် ဖြစ်ခြင်း)၏ အဆုံးစွန်သော ထွဋ်မြတ်လှသည့် ဂုဏ်အဆင့်သို့တိုင်တည်းဟူ၏။
ဤသို့ဖြင့် ''ခါတမန်နဗီယီးန်'' ဟူသည်မှာလည်း တမန်တော်မူဟမ္မဒ်သခင်၏ ဂုဏ်ဒြပ်အဆင့်အတန်းမှာ တမန်တော်အပေါင်းထက် တစ်ဂုဏ်တစ်ထူး သိဒ္ဓိဦး၍ မြင့်မားလှစွာသော အထွဋ်အထိပ်အဆင့်ရှိ တမန်တော် ဟူ၍ ဝိဂြိုဟ်ပြုရပါသည်။ (တမန်တော်မြတ်မူဟမ္မဒ်သခင်၏ အစ္စရာအ်နှင့် မေ့အ်ရာဂျ်အကြောင်း၊ ရေး ဦးတင်လှ (အဟ်မဒီ) စာ ၅၇၊ ၅၉ရှု)
အဟ်မဒ်သခင်ကြီး(အဟ်မဒီယာမွတ်စလင်အဖွဲ့အားတည်ထောင်သူအရှင်သူမြတ်) မှ ဆက်လက်မိန့်ကြား ဖော်ပြသည်မှာ -
''အလုံးစုံသော ''ရစူလ်'' ''နဗီ'' ဖြစ်ခြင်းတို့သည် ကျွနု်ပ်တို့၏ သခင်၊ မဟာတမန်တော်မြတ် ၏ အထံတော်သို့ ရောက်ရှိခြင်း အားဖြင့် အထွတ်အထိပ် အဆုံးစွန်သို့တိုင် ရောက်ရှိလျက် ပြီးပြည့်စုံ ခဲ့ရပေသတည်း။'' (Philosophy of the Teaching of Islam Urdu. P. 61 - 62 Printed By U.K)
ဤသည်သာလျှင် ကျွနု်ပ်တို့ အဟ်မဒီများ၏ ခါတမန်နဗီယီန်းအပေါ် သက်ဝင်ယုံကြည်မှုပင်ဖြစ်ပါသတည်း။ ဤသည့်အကြောင်းခြင်းရာကြောင့်သာ ကိုယ်တော့်(ဆွ)အား အလ္လာဟ်အရှင်ချီးမြှင့်သည့် ခါတမေနဗူဝသ်မှာ နဗီတမန်တော်အပေါင်း၏ ဥသျှောင်နှင့် တမန်တော်ဖြစ်ခွင့်အား သတ်မှတ်ပေးနိုင်သည့် တံဆိပ်တော်ကိုပင် ပိုင်သထားသော မဟာတမန်တော်ကြီး အဖြစ် ကျွန်ုပ်တို့က သက်ဝင်ယုံကြည်ပြီး ကိုယ်တော်၏ဂုဏ်ပုဒ်ကိုပင် စွန်းထင်းစေနိုင်သော နဗူဝသ်အား အဆုံးသတ်သူဟူသည့်အဓိပ္ပါယ်ကို ဆန့်ကျင်နေရခြင်းဖြစ်ပါသည်။
ဤသည့်အတွက်ကျွန်ုပ်တို့အား ကာဖဲရ်ဟုခေါ်ကြပါလျှင်၊ သတ်မှတ်ကြပါလေလော့။ ကျွန်ုပ်တို့မှာမူကား အရှင်မြတ်၏ရှေ့တော်မှောက်တွင် မူဟမ္မဒ်ဒေအာရဗီ(ဆွ)အား ချစ်မြတ်နိုးလှစွာဖြင့် အထက်ဖော်ပြပါအတိုင်းယုံကြည်မှုကြောင့် ကာဖဲရ်အဖြစ်သတ်မှတ်ပါသော် ကျွန်ုပ်တို့သည် ရှှေ့ဆုံးတန်းမှ ကာဖဲရ်များပင်ဖြစ်ပါတော့သတည်း။
ကြားဖြတ်တင်ပြခြင်းပြီးသော် ယခုဆက်လက်၍
ဒုတိယအချက်မှာ အာရဗ်များက သူတို့၏ ဒေသသုံးစကားတွင် သူတို့၏ နေ့စဉ်ဘဝ၌ မည်သည့် အကြောင်းအရာများတွင်မဆို မည်သို့သော သဘောသဘာဝဆိုလိုရင်းဖြင့် သုံးစွဲသည်ဖြစ်စေ (ခါတမ်) ၌ 'သာ' ၏ အထက်တွင် (မဖ်တုဟ်) 'ဇဗရ်' ပါရှိကာ ဤစကားလုံး၏ နောက်တွင် လာရှိမည့်စကားလုံးမှာ ဗဟုဝုစ် (အများ)ကိန်းဖြစ်ခဲ့လျှင် ထိုအများကိန်း စကားလုံးကို ညွှန်းဆိုသည့် စကား ဖြစ်သော ဥပမာ -
ခါသမုလ်ရှို့အ်ရာ့အ် = ကဗျာ့ဝိဒူများတွင် ပါရဂူဖြစ်၏။
ခါသမုလ်ဖို့ကို ဟာ့အ် = ဓမ္မသတ်ဆရာများတွင် ဓမ္မသတ်မှူးချုပ်
ခါသမုလ်မိုဟတ်ဒေစီးန် = ဟဒီးစ်ပါမောက္ခများတွင် ပါမောက္ခချုပ်
ခါသမုလ်အောင်လေယာ့အ် = ဝလီသူတော်စင်များတွင် ဦးသျှောင်
ခါသမုလ်မိုဟာဂျီရင် = မိုဟာဂျီရ် (ဟစ်ဂျရသ်ပြုသူများတွင်) အမွန်ဖြစ်၏။
ဟူသော အထက်တွင်ဖော်ပြထားသည်ကို ထပ်မံအတည်ပြုပါမည်။
အောက်ပါအချက်များကို ရှုစားရင်း အာရဗီတွင် ခါ-သ-မ ကို မည်သို့အသုံးပြုသည်အား ချင့်ချိန်တော်မူကြပါကုန်။
1. | KHATAM-USH-SHU'ARAA | (seal of poets) was used for the poet Abu Tamam. (Wafiyatul A'yan, vol. 1, p. 123, Cairo) အဘူ တမမ်နောက်တွင် ကဗျာကဝိ တစ်ယောက်မျှ မပေါ်ထွန်းခဲ့လေသလော ဆိုသည့် အသိမျိုးဖြင့် ချင့်ချိန်ယူကြပါရန်။ |
2. | KHATAM-USH-SHU'ARAA | again, used for Abul Tayyeb. (Muqaddama Deewanul Mutanabbi, Egyptian p. 4) |
3. | KHATAM-USH-SHU'ARAA | again, used for Abul 'Ala Alme'ry. (ibid, p.4, footnote) |
4. | KHATAM-USH-SHU'ARAA | used for Shaikh Ali Huzain in India. (Hayati Sa'di, p. 117) |
5. | KHATAM-USH-SHU'ARAA | used for Habeeb Shairaazi in Iran. (Hayati Sa'di, p. 87) Note here that all five people have been given the above title. How could it be interpreted as "last". They did not come and go at the exact same time. |
6. | KHATAM-AL-AULIYAA | (seal of saints) for Hazrat Ali (May God be pleased with him). (Tafsir Safi, Chapter AlAhzab) Can no other person now attain wilaayat, if "seal" meant last? |
7. | KHATAM-AL-AULIYAA | used for Imam Shaf'ee. (Al Tuhfatus Sunniyya, p. 45) |
8. | KHATAM-AL-AULIYAA | used for Shaikh Ibnul 'Arabee. (Fatoohati Makkiyyah, on title page) |
9. | KHATAM-AL-KARAAM | (seal of remedies) used for camphor. (Sharah Deewanul Mutanabbee, p. 304) Has no medicine been found or used after camphor, if "seal" means "last"? |
10. | KHATAM-AL-A'IMMAH | (seal of religious leaders) used for Imam Muhammad 'Abdah of Egypt. (Tafseer Alfatehah, p. 148) Don't we have leaders today? |
11. | KHATAM-ATUL-MUJAHIDEEN | (seal of crusaders) for AlSayyad Ahmad Sanosi. (Akhbar AlJami'atul Islamiyyah, Palestine, 27 Muharram, 1352 A.H.) |
12. | KHATAM-ATUL-ULAMAA-ALMUHAQQIQEEN | (seal of research scholars) used for Ahmad Bin Idrees. (Al'Aqadun Nafees) |
13. | KHATAM-ATUL-MUHAQQIQEEN | (seal of researchers) for Abul Fazl Aloosi. (on the title page of the CommentaryRoohul Ma'aanee) |
14. | KHATAM-AL-MUHAQQIQEEN | used for Shaikh AlAzhar Saleem Al Bashree. (Al Haraab, p. 372) |
15. | KHATAM-ATUL-MUHAQQIQEEN | used for Imam Siyotee. (Title page ofTafseerul Taqaan) |
16. | KHATAM-AL-MUHADDITHEEN | (seal of narrators) for Hazrat Shah Waliyyullah of Delhi. ('Ijaalah Naafi'ah, vol. 1) |
17. | KHATAMAT-AL-HUFFAAZ | (seal of custodians) for AlShaikh Shamsuddin. (AlTajreedul Sareeh Muqaddimah, p. 4) A "hafiz" is one who has memorised the full arabic text of the Holy Quran. Two of my cousins happen to belong to this category and more people will memorize it. |
18. | KHATAM-AL-AULIA | (seal of saints) used for the greatest saint. (Tazkiratul Auliyaa', p. 422) |
19. | KHATAM-AL-AULIA | used for a saint who completes stages of progress. (Fatoohul Ghaib, p. 43) |
20. | KHATAM-ATUL-FUQAHAA | (seal of jurists) used for Al Shaikh Najeet. (Akhbaar Siraatal Mustaqeem Yaafaa, 27 Rajab, 1354 A.H.) |
21. | KHATAM-AL-MUFASSIREEN | (seal of commentators or exegetes) for Shaikh Rasheed Raza. (Al Jaami'atul Islamia, 9 Jamadiy thaani, 1354 A.H.) |
22. | KHATAM-ATUL-FUQAHAA | used for Shaikh Abdul Haque. (Tafseerul Akleel, title page) |
23. | KHATAM-ATUL-MUHAQQIQEEN | (seal of researchers) for Al Shaikh Muhammad Najeet. (Al Islam Asr Shi'baan, 1354 A.H.) |
24. | KHATAM-AL-WALAAYAT | (seal of sainthood) for best saint. (Muqaddimah Ibne Khuldoon, p. 271) |
25. | KHATAM-AL-MUHADDITHEEN WAL MUFASSIREEN | (seal of narrators and commentators) used for Shah 'Abdul 'Azeez. (Hadiyyatul Shi'ah, p. 4) |
26. | KHATAM-AL-MAKHLOOQAAT AL-JISMAANIYYAH | (seal of bodily creatures) used for the human being. (Tafseer Kabeer, vol. 2, p. 22, published in Egypt) |
27. | KHATAM-ATUL-HUFFAAZ | used for Shaikh Muhammad Abdullah. (Al Rasaail Naadirah, p. 30) |
28. | KHATAM-ATUL-MUHAQQIQEEN | used for Allaama Sa'duddeen Taftaazaani. (Shara' Hadeethul Arba'een, p. 1) |
29. | KHATAM-ATUL-HUFFAAZ | used for Ibn Hajrul 'Asqalaani. (Tabqaatul Madlaseen, title page) |
30. | KHATAM-AL-MUFASSIREEN | (seal of commentators) used for Maulvi Muhammad Qaasim. (Israare Quraani, title page) |
31. | KHATAM-AL-MUHADDITHEEN | (seal of narrators) used for Imam Siyotee. (Hadiyyatul Shee'ah, p. 210) |
32. | KHATAM-AL-HUKKAAM | (seal of rulers) used for kings. (Hujjatul Islam, p. 35) |
33. | KHATAM-AL-KAAMILEEN | (seal of the perfect) used for the Holy Prophet (pbuh). (Hujjatul Islam, p. 35) |
34. | KHATAM-AL-MARAATAB | (seal of statuses) for status of humanity. ('Ilmul Kitaab, p. 140) We have the "highest, not "last" status. |
35. | KHATAM-AL-KAMAALAAT | (seal of miracles) for the Holy Prophet (pbuh). (ibid, p. 140) |
36. | KHATAM-AL-ASFIYAA AL A'IMMAH | (seal of mystics of the nation) for Jesus (peace be on him). (Baqiyyatul Mutaqaddimeen, p. 184) |
37. | KHATAM-AL-AUSIYAA | (seal of advisers) for Hazrat Ali (R.A.A.). (Minar Al Hudaa, p. 106) |
38. | KHATAM-AL-MU'ALLIMEEN | (seal of teachers/scholars) used for the Holy Prophet(pbuh). (Alsiraatul Sawee by Allama Muhammad Sabtain Now, I am a teacher myself, and you know that I still exist, AFTER the Holy Prophet (pbuh), but I am nowhere close to being able to teach as PERFECTLY as he could or did. How then could he be "last" of teachers? Seal means "best" here and not "last". |
39. | KHATAM-AL-MUHADDITHEEN | (seal of narrators) for Al Shaikhul Sadooq. (Kitaab Man Laa Yahdarahul Faqeeh) |
40. | KHATAM-AL-MUHADDITHEEN | used for Maulvi Anwar Shah of Kashmir. (Kitaab Raeesul Ahrar, p. 99) |
(မှတ်ချက်။ အထက်ဖော်ပြပါ စာအုပ်များကို အဟ်မဒီမွတ်စလင်များရေးသားပြုစုခဲ့ကြခြင်း မဟုတ်ပါ။)
ကိုယ်တော်မြတ်ကြီး(ဆွ)က မောင်လာအလီ သခင်အား ညွှန်းဆို၍ ဤသို့ မိန့်ကြားခဲ့ဖူးပါသည်။
''အို - အလီ။ ငါ ကိုယ်တော်မြတ်သည် 'ခါတမုလ်အန်ဗေ့ယာ' နဗီတမန်တော်များတွင် 'ခါတမ်' ဖြစ်၏။ ထို့အတူ အို-အလီ အသင်သည် ဝလီသူတော်စင်များတွင် 'ခါတမ်' ဖြစ်ပေ၏။'' (တဖ္ဖစီရ်ဆွာဖီ။ ဆူရာဟ်အာဟ်ဇာဗ်၊ အာယတ် ၄၁၊ ခါတမန္နဗီယီးန် အောက်ခြေရှု။ )
ထို့ကြောင့်ပင် အိဗ္ဗနေ့ ခါလ်ဒူးမ် ၏ကျော်ကြားလှသော မူကာဒီမာကျမ်းကြီးတွင် ဟာဇရသ်အလီသည် ပြီးပြည့်စုံသော ဝလီသူတော်စင်သာဖြစ်ပြီး နောက်ဆုံးသော ဝလီမဟုတ်ကြောင်းကို ထိုကျမ်း အတွဲ ၂ ၊ စာ ၁၆၅-၁၆၇ တို့တွင်တွေ့ရပါသည်။ ( အိဗ္ဗနေ့ ခါလ်ဒူးမ်၏ ခါသမန်နဗီယီးန်ဖွင့်ဆိုပုံကို ပုံတွင်ဖတ်ကြည့်နိုင်ပါသည်။ )
ဤတွင် အကယ်၍ တမန်တော်မြတ်ကြီးအား 'တမန်တော်အားလုံး၏ နောက်ဆုံး၊ အန္တိမအဆုံးသတ်။ သူ့နောက် နောက်ထပ်တမန်တော်တစ်ပါးမှ လာစရာ အလျင်းမရှိ'' ဟု ဘာသာပြန်ဆိုပါလျှင် မောင်လာအလီသခင်ကိုလည်း 'အလီသခင်သည် ဝလီအပေါင်း၏ နောက်ဆုံး၊ အန္တိမ အဆုံးသတ်သူ သူ့နောက် နောက်ထပ် ဝလီတစ်ပါးမှ လာစရာအလျင်းမရှိ' ဟူ၍ပင် အဓိပ္ပာယ်ပြန်ဆိုရပါလိမ့်မည်။
اللّٰهُ وَلِىُّ الَّذِيْنَ اٰمَنُوْا يُخْرِجُهُمْ مِّنَ الظُّلُمٰتِ اِلَى النُّوْرِ ؕ
မြတ်ကုရ်အာန်တွင် အလ္လာဟ်သည် 'မို့အ်မင်သက်ဝင်ယုံကြည်သူ တို့၏ 'ဝလီ' အဆွေခင်ပွန်း ဖြစ်တော်မူ၏။ (၂ း ၂၅၈) ဟူ၍ လည်းကောင်း ''ထို့ပြင် အလ္လာဟ်သည် 'မွတ္တကီ' အလ္လာဟ်အား ကြောက်သိစိတ်ရှိကြသူတို့၏ 'ဝလီ' အဆွေခင်ပွန်း ဖြစ်တော် မူ၏။'' (၄၅ း ၂၀) 'ဝလီ' ဆနဒ် (ဘွဲ့) မကုန်သေးကြောင်း၊ ဖော်ပြလျက်ရှိနေသည့်အပြင်၊ အဲဟ်လေသရှအိအ် (ရှီအာ) ဓမ္မမိတ်ဆွေများ၏ အယူအရ မောင်လာအလီ၏ နောက်၊ ပေါ်ထွန်းခဲ့လေသမျှသောအေမာမ်ဟစံန်မှသည် အေမာမ်ဟစံန်အစကရီထိ လည်းကောင်း ကေယာမသ် ကျရောက်ချိန်နီးလျှင် ပြန်လည်ပေါ်ထွန်းလာမည်ဖြစ်သော 'အလ်မဟ်ဒီ-ဆွာဟေဘုလ် အဆွရ်နှင့် အလ်ဟွတ်ဂျတ်' ဟု ဘွဲ့မည်ရသော၊ အရှင် သူမြတ်တို့မှာ 'ဝလီ' အလ္လာဟ် အချစ်ဆုံး အဆွေတော်ကြီးများပင် မဟုတ်ကြပါသလော၊ ဟုတ်ပါလျှင် တမန်တော်မြတ်ကြီး(ဆွ)က အလီသခင်အား မိမိနှင့်ယှဉ်ဖက်၊ တုနှိုင်းလျက် 'ခါတမုလ် အောင်လေယာ' ဟု ဆိုခဲ့ခြင်းမှာ၊ ကမ္ဘာအဆက်ဆက် မည်ရွေ့မည်မျှပင် (ဝလီ) အဆက်ဆက် ပေါ်ထွန်းစေဦးတော့၊ အလီ၏နောက်တွင် ပေါ်ထွန်းလေသမျှသော 'ဝလီ' အပေါင်းတွင် အလီ အသင်သည် အမြတ်ဆုံး 'ဝလီ' အရှိန်အဝါအကြီးမြင့်ဆုံး 'ဝလီ' ဖြစ်ပေ၏ဟု ညွှန်းဆို မိန့်ကြားခဲ့ခြင်းသာ ဖြစ်ပါသည်။
သို့ကြောင့်လဲပဲ မောင်လာအလီသခင်က မိမိ၏ သားတော်နှစ်ပါးအား စာပေပို့ချပေးရန် ခန့်ထားသည့် 'အဘူအဗ္ဗဒုလ်ရဟ်မန်ဆလ်မာ' အမည်ရှိသူအား ဤသို့ သတိပေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုအကြောင်းကို 'အဘူအဗ္ဗဒုလ် ရဟ်မန်' ကိုယ်တိုင်က ဤသို့ ဆင့်ပြန်ခဲ့ပါသည်။
အကြောင်းမူ 'သာ' ၏ အောက်တွင် 'ဇေရ်' ဖြင့် အသံထွက်စေလျှင် အတွေးအဆ မှားနိုင်စရာရှိကြောင်းကို သဘောပေါက်ထားသဖြင့် မောင်လာအလီ သခင်ကြီးက ပြည့်စုံသောအသိ၊ မြင့်မားသော အတွေးအခေါ်ဖြင့် ဖြစ်ပေါ်နိုင် စရာရှိသော အန္တရာယ်ကို ကြိုတင်ကာကွယ်စေခြင်းအလို့ငှာ အဘူအဗ္ဗဒုလ်ရဟ်မန်အား ကျွနု်ပ်၏ သားတော်များကို 'ခါတမ်' စကားလုံး၊ သင်ပေးပါလျှင် 'သေ' အပေါ်မှ 'ဇဗရ်' တင်၍ ထွက်သော အသံဖြင့် သင်ပေးပါ။ 'ဇေရ်' ဖြင့် မသင်ပေးပါလင့်၊ သို့မှသာ 'တမန်တော်အပေါင်း၏ တံဆိပ်ပုံ' ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေလိမ့်မည်။ ထို့အပြင် အထင်အမြင် မှားစရာအကြောင်း တစ်စုံတစ်ရာမျှ ပေါ်ပေါက်နိုင်မည် မဟုတ်ချေဟု သတိပေးခဲ့ခြင်း ဖြစ်ပါသည်။
ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၄-၁)
No comments:
Post a Comment