ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၄)


ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၄-၁)

စူရာဟ်ဖွာတီဟာ၏ ခိုင်မာလေးနက်သောသက်သေပြချက်


ကုရ်အာန်ကျမ်းတော်မြတ်က မိမိ၏ဗွေဆော်ဦး ဆူရာဟ် အဖွင့်ကဏ္ဍ၌ပင် ကျွနု်ပ်တို့အား ကျယ်ပြန့်နက်ရှိုင်း ထွတ်မြတ်လှပေသော 'ဒိုအာ' ဆုတောင်းစာကို သင်ပြပို့ချထားပေသည်။ ၎င်းမှာ -


اِهْدِنَا الصِّرَاطَ الْمُسْتَقِيْمَۙ‏

صِرَاطَ الَّذِيْنَ اَنْعَمْتَ عَلَيْهِمْ ۙ‏

''အို (ကျွန်တော်မျိုးတို့အတွင်းသို့ တမန်တော်မြတ် မူဟမ္မဒ်သခင် အား ရစူလ်တမန်တော်အဖြစ် ခန့်ထားစေလွှတ်တော်မူသော) မြတ်အရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန် ကန်သော တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ ထိုတရား လမ်းမှန်သည် အရှင်မြတ်၏ အထံတော်မှ 'အင်န်အာမ်' ကောင်းကျိုး ဆုလာဘ် များကို ရရှိသော သူတို့၏ လမ်း ဖြစ်ရပါလို၏'' ( ၁ း ၆-၇)

ဤအာယတ်တော်တွင် ''ငါအရှင်မြတ်သည် ရှေးအစဉ်အဆက် ပရံပရကပင် 'အွမ္မသ်' အမျိုးသားတို့အား ချီးမြှင့်မြှောက်စားခဲ့လေသမျှသော 'အင်န်အာမ်' ကောင်းကျိုး ဆုလာဘ်များကို အသင်တို့သည် ငါအရှင်မြတ် အထံတော်တွင် တောင်းခံ လျှောက်ထားမြဲ ရှိကြကုန်။'' ဟု အရှင်မြတ်က ကျွနု်ပ်တို့ မွတ်စလင်ထုကြီးတစ်ရပ်လုံးအား ဆုတောင်းပုံ ဆုတောင်းနည်းကို သင်ပေးထားတော်မူခြင်း ဖြစ်ပါသည်။

သို့ကြောင့်လဲပဲ သာသနာ့ကျင့် ဝတ်ကို အစဉ်တစိုက် မသွေမတိမ်း လိုက်နာကြကုန်သော မွတ်စလင်တို့ကလည်း တစ်နေ့လျှင် အနည်းဆုံး အကြိမ် (၄ဝ)ကျော်မျှ (ငါးကြိမ် ဆွလာသ်တွင်) တဖွဖွ တောင်းဆိုလျက် ရှိနေကြလေသည်။

ထို့ပြင် ဤဆုတောင်းစာမှာ 'ဟေဒါယသ်' လမ်းညွှန်မှု သက်သက်မျှကိုသာ တောင်းခံကြရန် ရည်ညွှန်းထားသည် မဟုတ်ချေ။ အကယ်၍ ထိုအချက် တစ်ခုတည်းကိုသာ ရည်ညွှန်းထားတော်မူခဲ
့ပါလျှင် အေ့ဟ်ဒီနဆ် ဆေရာသွလ် မွတ်စ်သကီးန် လောက်နှင့်ပင် လုံလောက်ပြီ ဖြစ်ပါသည်။ ယခုမူ ယင်းသို့ မဟုတ်မူဘဲ


صِرَاطَ الَّذِيْنَ اَنْعَمْتَ عَلَيْهِمْ ۙ‏ غَيْرِ الْمَغْضُوْبِ عَلَيْهِمْ وَلَا الضَّآلِّيْنَ

ဟူသော စာပိုဒ်ကိုပါ ထပ်ဆောင်း၍ အထူးပြုထည့်သွင်းလျက် ဒိုအာပြု ဆုပန်စေတော် မူထားပါသည်။ (မွတ်စလင်မ်အဖြစ် ဟေဒါယသ်လမ်းမှန် ရရှိပြီးသည့်တိုင် ဆက်လက်တောင်းခံစေထားပါသည်။ အဘယ်ကြောင့်နည်း။ တွေးစစေ) ဤစာပိုဒ်ကို အထူးပြု၍ ထည့်သွင်းလျက် ဒိုအာပြု ဆုပန်စေ တော်မူရခြင်းကပင် ဤတွင် သာမန်လမ်းညွှန်ရန် သက်သက်မျှကိုသာ တောင်းဆိုစေ လိုခြင်း မဟုတ်ကြောင်းကို သဘောပေါက်နိုင်ပါသည်။

ထို့ပြင် ဤသို့ အထူးပြု၍ ဆုပန်စေသော စာပိုဒ်ကို ထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်မှာ ရှေးအဆက်ဆက်က 'အွမ္မသ်' အမျိုးသားတို့ ရရှိခဲ့ကြသော 'အင်န်အာမ်' ဆုလာဘ်တော်ကြီးများကို မွတ်စလင်မ်တို့၏ စိတ်နှလုံးတွင် အာရုံပြု အမှတ်ရကြကာ ၎င်းဆုတော်လာဘ်တော်များကို ရယူလိုသော စိတ်ဆန္ဒခံစားချက်များ ပေါက်ဖွားလာစေရန် ဖြစ်ပေသည်။ ထိုမှတပါး မဟာတမန်တော်မြတ် မူဟမ္မဒ် သခင်ကြီး၏ 'အွမ္မသ်' အမျိုးသားတို့၏ အခြေ အနေနှင့် ဂုဏ်ဒြပ်ကို မြင့်မားအောင်ပြုပေးတော်မူပြီးသကာလ ရှေးအစဉ်အဆက်က ရရှိခဲ့ကြလေသမျှသော အရှင်ထံတော်မှ 'အင်န်အာမ်' ဆုတော်လာဘ်တော်များကို ယင်းအမျိုးသားတို့မှာ နည်းလမ်းအမျိုးမျိုး ပုံစံ တသီးခြားစီဖြင့် ရရှိခဲ့ကြ၏။ ထိုသည် အလုံးစုံသော ကောင်းကျိုးဆုလာဘ်များကို အသင် (မွတ်စလင်)တို့ အဖို့ 'အလ္လာဟ်နှင့် ဤတမန်တော်မြတ် အားအပြည့်အဝ နာခံလိုက်နာခြင်းတည်းဟူသော တစ်ခုတည်း သောပုံစံဖြင့် စီစဉ်ထားတော်မူပြီး ဟူသောအချက်ကို အသိပေးတော်မူခြင်းလည်း ဖြစ်ပေသည်။ ထို့ကြောင့် ဤဆုတောင်းစာကို ကွင်းကွင်းကွက်ကွက် သဘောပေါက်နား လည်ကြစေခြင်းငှာ အရှင်မြတ်ကိုယ်တိုင်က အကျယ်ဖွင့်ဆိုပြတော်မူသောအနေဖြင့် အောက်ပါ အာယတ်တော်ကို ချပေးရှင်းပြတော်မူခဲ့ပါသည်။


وَمَنْ يُّطِعِ اللّٰهَ وَالرَّسُوْلَ فَاُولٰٓٮِٕكَ مَعَ الَّذِيْنَ اَنْعَمَ اللّٰهُ عَلَيْهِمْ مِّنَ النَّبِيّٖنَ وَالصِّدِّيْقِيْنَ وَالشُّهَدَآءِ وَالصّٰلِحِيْنَ‌ۚ وَحَسُنَ اُولٰٓٮِٕكَ رَفِيْقًاؕ‏

And whoso obeys Allah and this Messenger of His shall be among those on whom Allah has bestowed His blessings, namely, the Prophets, the Truthful, the Martyrs, and the Righteous. And excellent companions are these. (4:70)

''အကြင်သူတို့သည် အလ္လာဟ်နှင့် ဤတမန်တော်မြတ် အား အမှန်တကယ် နာခံလိုက်နာမှုကို ကျင့်သုံးကြလျှင် ငါအရှင်မြတ်မှ 'အင်န်အာမ်' အကျိုးဆုလာဘ်ချီးမြှင့်ခြင်းခံရသော ထိုသူတို့နှင့် အတူတကွ အတူပေါင်းစည်းပါဝင် ကြရပေလိမ့်မည်။ ထိုသူတို့မှာ ''နဗီ'' များ ''ဆိဒ်ဒီးက်'' များ ''ရှဟီးဟ်'' များနှင့် ''ဆွာလေဟ်'' များ ဖြစ်ကြ၏။ ဤဆုလာဘ်ရရှိသော အဖွဲ့ဝင်များသည် အချင်းချင်း အလွန်လျှင် ကျက်သရေမင်္ဂလာရှိစေသော အဆွေတော်များ ဖြစ်ကြလျက် အကောင်းဆုံးအဖော်မွန်များ ဖြစ်ကြပေသတည်း။'' (၄ း ၇၀)

အို -- ၃၃း၄၁ ပါ ခါ-သ-မ အား နဗူဝသ်ကို အဆုံးသတ်သူဟု သက်ဝင်ယုံကြည်သူအပေါင်းတို့။ ယခုရှုကြည့်ပါ။ ကျမ်းတော်မြတ်ကုရ်အာန်သည် အမြဲမှန်ကန်နေသည့်ကျမ်းတော်နှင့် ဖူရ်ကန် မှတ်ကျောက်အဖြစ်ယူဆပါသော် နဗီ ဖြစ်ခြင်းကိုလည်း အင်န်အာမ်အဖြစ် ချီးမြှင့်မည့်အကြောင်း အလ္လာဟ်အရှင်ကိုယ်တော်တိုင်က ကြေညာထားပေသည်။

သို့သော် ဟာဇရသ် အိဗ္ဗနေ့အာရဗီ က ဖတူဟတ္တိ မက္ကီးရာကျမ်း (Fatoohat- i-Makkiyya) အတွဲ ၂ ၊ အခန်း ၇၃၊ စာ ၃ နှင့် အတွဲ ၁ ၊ စာ ၅၄၅ တို့တွင်ဖော်ပြထားသည့် "ကိုယ်တော်မြတ်ကြီး(ဆွ) ပွင့်ပေါ်ခြင်းဖြင့် ပြီးပြည့်စုံခြင်းအဆုံသတ်သို့ရောက်ရှိခဲ့သည့် နဗူဝသ်အမျိုးအစားမှာ Tashri’ee Nubuwat ( သရှ်ရီအီး နဗူဝသ်) (ဆိုလိုသည်မှာ - ကျမ်းစာအသစ်၊ ဓမ္မသတ်အသစ် - ရှရီအတ် - ကို ဆောင်ယူလာသည့်တမန်တော်) ဖြစ်သည်။


ကျွန်ုပ်တို့သိရှိကြသည်မှာ မွတ်စလင်အွမ္မသ်တွင် အချို့သောပုဂ္ဂိုလ်များ၏အဆင့်အတန်းမှာ အလ္လာဟ်အရှင်၏အလိုတော်အရ တမန်တော်(နဗီ) အဆင့်ပင်ဖြစ်ပြီး ထိုနဗီအဆင့်တွင်မူ ရှရီအတ်အသစ်နှင့် ကျမ်းစာဓမ္မက္ခန်အသစ်တို့ ရှိမည်မဟုတ်ပါ။"

ထို့ပြင်တ၀ အထက်တွင်တင်ပြခဲ့သည့်အတိုင်း ၃၃း၄၁ တွင်အရှင်မြတ်က ရှေးရှေးကပွင့်ခဲ့ကြကုန်သော နဗီတမန်တော်အပေါင်းမှ ကောင်းချီးမင်္ဂလာများကို အစုလိုက်အပြုံလိုက်ပေါင်းစပ်၍ နဗီတမန်တော်များ၏ အထွတ်အခေါင်ဘွဲ့ကို ကိုယ်တော်မြတ်အားဖြင့် ပြီးပြည့်စုံစေခဲ့ပြီးသည့်တဖန်

بَلْ جَآءَ بِالْحَقِّ وَصَدَّقَ الْمُرْسَلِيْنَ‏
[37:38] Nay, he has brought the truth and has testified to the truth of all the Messengers.
''စင်စစ်တစ်မူကား သူ (မဟာတမန်တော်မြတ်) သည် အကြွင်းမဲ့ ပြည့်စုံသော သစ္စာတရားကို ယူဆောင်၍ လာခဲ့ပေသည်။ ထိုမှ တစ်ပါး 'ရစူလ်' တမန်တော်အပေါင်းတို့ကိုလည်း ဟုတ်မှန်ကြောင်း ထောက်ခံသတ်မှတ်၍ပေး၏'' (၃၇ း ၃၈) လင်းပြတော်မူထားသဖြင့် ကိုယ်တော်မြတ်ကြီး၏ နောက်လိုက်ဖြစ်ခြင်းမှလွဲ၍ အခြားမည်သည့်လမ်းလိုက်ခြင်းနှင့်မျှ အင်န်အာမ်ကောင်းချီးဖြစ်သည့် နဗူဝသ်တည်းဟူသော ကျမ်းသစ်ဆောင်ယူမလာသည့် နောက်လိုက်တမန်တော်အဖြစ် ရရှိတော့မည်မဟုတ်ပေ။
သို့သော် ကိုယ်တော်မြတ်(ဆွ)၏ ထောက်ခံချက်တံဆိပ်တော်ဖြင့် ဂိုင်းသရှ်ရီအီးဟူသည့် နောက်လိုက်ကျေးကျွန် တမန်တော် အဆင့်မူကား အင်န်အာမ်ကောင်းချီးထဲတွင် ပါဝင်နေဆဲဖြစ်ကြောင်းကို ၄း၇၀ ကဖွင့်ချပြပါသည်။

အလ္လာဟ်အရှင်က တမန်တော်များကို ဆက်လက်ခန့်အပ်မြဲခန့်အပ်လျက်ရှိကြောင်းကို သက်သေထူပါရစေဦး။



اللّٰهُ يَصْطَفِىْ مِنَ الْمَلٰٓٮِٕكَةِ رُسُلاً وَّمِنَ النَّاسِ‌ؕ اِنَّ اللّٰهَ سَمِيْعٌۢ بَصِيْرٌ‌ۚ‏
022.075
YUSUFALI: Allah chooses messengers from angels and from men for Allah is He Who hears and sees (all things).

PICKTHAL: Allah chooseth from the angels messengers, and (also) from mankind. Lo! Allah is Hearer, Seer.

SHAKIR: Allah chooses messengers from among the angels and from among the men; surely Allah is Hearing, Seeing.

တဖန်ဆက်လက်၍ ဆော်ဒီနိုင်ငံ ဖာဟဒ်ဘုရင်ပုံနှိပ်တိုက်ထုတ် အင်္ဂလိပ်ဘာသာပြန်ကို ကြည့်ပါက


အထက်ပါအတိုင်းတွေ့ရပါသည်။

တဖန်ဆက်လက်၍ အဟ်မဒီယာမွတ်စလင်အဖွဲ့ပြန်အင်္ဂလိပ်ဘာသာပြန်ကို နောက်ဆုံးအနေဖြင့် ကြည့်ရာ


[22:76] Allah chooses His Messengers from among angels, and from among men. Surely, Allah is All- Hearing, All-Seeing.

Allah Chooses ဆိုသည့် UNIVERSAL TRUTH ကိုပေးသည့် အမြဲထာဝရမှန်ကန်နေမည့် SIMPLE PRESENT ၊ ကာလစဉ်ဆက်ပြကြိယာ ကိုသုံးထားကြောင်း လေ့လာတွေ့ရှိရသည့်အတွက် ဆော်ဒီနိုင်ငံ ဖာဟဒ်ဘုရင်ပုံနှိပ်တိုက်ထုတ် ဃာဇီဟာရှင်မ်ဆာဟိဘ်မြန်မာပြန် ကို ဆက်လက်ကြည့်လိုက်ရာ -

အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ် "ကောင်းကင်တမန်တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းေကာင်း၊ စေတမန်များ(တမန်ေတာ်များ)ကို ရွေးချယ်တော်မူခဲ့ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားေတာ်မူသော ကောင်းစွာ မြင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏။ ( ၂၂း၇၅)

ဟု အတိတ်ကာလပြကြိယာကို သုံးပြထားသည်အား အံ့သြမင်သက်ဖွယ်တွေ့ရှိလိုက်ရသည့်အတွက် လည်းကောင်း၊ ပုံနှိပ်တိုက်တစ်ခုတည်းထုတ် ဘာသာပြန်နှစ်ခုသည် တစ်ခုနှင့်တစ်ခုဆန့်ကျင် နေသည့်အဖြစ် ကို တွေ့ရှိရပါသဖြင့် အဆုံးအဖြတ်ခံယူရန်ကိစ္စအား စာရှုသူထံသို့သာ လွှဲအပ်ပါရစေ။ အကယ်၍စာရှုသူက မဆုံးဖြတ်နိုင်ခဲ့ပါသော် အလ္လာဟ်အရှင်ထံတော်တို့သာ ကျိုးနွံစွာဖြင့် ဝကွက်အပ်ကြပါရန် မေတ္တာရပ်အပ်ပါသတည်း။

ယခုဆက်လက်၍ တင်ဆက်မည့်အကြောင်းမှာ ၄း၇၀ ပါ " ဆုလာဘ်ချီးမြှင့်ခံရသူတို့၏လေးမျိုးသော အဆင့်အတန်း " ဖြစ်ပါသည်။

ဆုလာဘ်ချီးမြှင့်ခံရသူတို့၏လေးမျိုးသော အဆင့်အတန်း

ဖော်ပြပါ အာယတ်တော်(၄း၇၀)တွင် 'အင်န်အာမ်' ကောင်းကျိုးဆုလာဘ်ချီးမြှင့်ခြင်း ခံကြရသူတို့၏ ဂုဏ်ဒြပ် အဆင့်အတန်းလေးမျိုးကို ကွင်းကွင်းကွက်ကွက် ဖော်ပြ ထားပေသည်။ ထို့ပြင် သာသနာရေးဆိုင်ရာ နာမ်ဝိညာဉ်ရေးရာ အဆင့်မြင့်ခရီးစဉ်တွင် 'အင်န်အာမ်' ဆုလာဘ်အဆင့်ဆင့် ရရှိကြသူတို့မှာ လေးမျိုးရှိကြောင်း ပထမ 'နဗီ' တမန်တော်များ၏ အဆင့်။ ဒုတိယ 'ဆီဒ်ဒီးက်' သစ္စာဝါဒီအဆင့်။ တတိယ 'ရှဟီးဒ်' သာသနာတော်အတွက် အသက်သွေးချွေး စဉ်မနှေးဘဲ ပေးစပ်ခဲ့ကြသော သာသနာ့ အာဇာနည်များ အဆင့်။ စတုတ္ထ 'ဆွာလေ့ဟ်' ဖြောင့်မှန်သူများအဆင့်တို့ ဖြစ်ကြောင်းကို သိရှိနားလည် သဘောပေါက်ထား ကြရလေအောင် ပြညွှန်၍ ထားတော်မူလေသည်။

ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်က ကဏ္ဍ(စူရာဟ်) တစ်ခုတွင် ''အို မွတ်စလင်အပေါင်းတို့ အသင်တို့၏ အထက်ကျော်ကာရီက ရှိခဲ့ကြသူတို့မှာ ငါအရှင် မြတ်၏ 'အင်န်အာမ်' ကောင်းကျိုးဆုလာဘ် သပ္ပကာ အစုစုကို ဆွတ်ခူူး ရရှိခဲ့ကြလေ၏။ သို့ကြောင့် ထိုသူတို့ လျှောက်လှမ်းခဲ့ကြ ကျင့်ကြံအားထုတ်ခဲ့ကြသော လမ်းစဉ်တော်ကို ရှာဖွေကြ။ ထို့ပြင် ထိုသူတို့ရရှိခဲ့ကြသော 'ဘရ်ကတ်' ကောင်းကျိုး ချမ်းသာမှုမျိုးကို ရယူလိုစိတ်ရှိသူများဖြစ်ကြသည်။ ရှေးအမျိုးသား 'အွမ္မသ်' တို့မှာ ထို 'အင်န်အာမ်' ဆုတော်လာဘ်တော်များကို နည်းလမ်းအမျိုးမျိုး ပုံစံအဖုံဖုံတို့ဖြင့် အကွဲကွဲအပြားပြားသော အသွင်ဖြင့်ရယူဆွတ်ခူးခဲ့ကြလေ၏။ သို့သော် ထိုအလုံးစုံသော ကောင်းကိုျးဆုလာဘ် 'အင်န်အာမ်' တို့ကို ယခုအခါ တစ်စုတစ်စည်းတည်းသော ပုံစံဖြင့် ဆွတ်ခူး ရရှိကြ စေရန်အတွက် အသင်တို့သည် ကြိုးပမ်းအားထုတ်ကြလေကုန်'' ဟူ၍ လှုံဆော်သောအနေဖြင့် ဤဒိုအာဆုတောင်းစာ(စူရာဟ်ဖာတေဟာ)ကို သင်ကြားပို့ချပေးတော် မူထားခြင်းဖြစ်လေသည်။

ထိုကဲ့သို့ 'စူရာဟ်' ကဏ္ဍတစ်ခုတွင် ''အာန်အာမ်သာအလိုင်းဟင်မ်'' ဟူသော ဆုတောင်းစာကိုသင်ကြားပို့ချပေးတော်မူထားသည်ဖြစ်၍ဆုတောင်းသူတို့အနေနှင့် မည်သို့ သောအကျိုးမည်သို့သောပန်းတိုင်ကို အာရုံပြုရမည်ကို မသိဘဲမရှိရစေခြင်းအလို့ငှာ အရှင်မြတ်က အခြား 'စူရာဟ်' ကဏ္ဍတစ်ပုဒ်တွင် ''အာန်အာမလ္လာဟုအလိုင်းဟင်မ်'' (၄း၇၀) ဟူ၍ ဖော်ပြတော်မူလျက် ထိုသည့် ''အင်န်အာမ်'' ကောင်းကျိုး ဆုလာဘ်ကို ဆွတ်ခူးရရှိကြသူများဟူသည်ကား ''နဗီ။ ဆီဒ်ဒီးက်။ ရှဟီဒ်နှင့် ဆွာလေ့ဟ်''ဟူသည့် ဆုတော်လာဘ်တော်များပင်တည်း ဟူ၍လင်းပြတော်မူလိုက်ပေသည်။

သို့ဖြစ်ရာ ဤသို့သော အာယတ်တော်နှစ်ပုဒ်ကို အတူထား၍ ယှဉ်ထိုး ချိတ်ဆက်ကြည့်လိုက်သောအခါ 'ခိုင်းရွန်းအွမ္မတင်' (၃ း ၁၁၁) အွမ္မသ် တကာတို့တွင် အမြတ်ဆုံးသော အွမ္မသ်ဟူ၍ အရှင်မြတ်ကိုယ်တော်တိုင်က မဟာတမန် တော်မြတ် မူဟမ္မဒ်သခင်ကြီး(ဆွလ္လလ္လားဟို့ အလိုင်းဟေ ဝဆလာမ်) ၏ အွမ္မသ်များဖြစ်ကြသည့် ကျွနု်ပ်တို့ ကဲ့သို့သော အစ္စလာမ် သာသနာဝင်များအား ဘွဲ့မည်ဖြင့် မှည့်ခေါ်ကင်ပွန်းတတ်ခြင်းကို ခံရကြ သူတို့အတွက် 'နဗူဝသ်' တမန်တော်ဖြစ်ခြင်းတည်ဟူသော ဆုတော်ရရှိစေမည့် တံခါးကြီးမှာ ဖွင့်ထားလျက်ပင်ရှိနေသေးကြောင်း ထင်ရှားလှသော သာဓက ရရှိ ပေသည်။

တမန်တော်မူစာ(အ)က မိမိ၏ အမျိုးသားတို့အား 'အင်န်အာမ်' ကောင်းကျိုးချမ်းသာ၊ ဆုတော် လာဘ်တော်အကြောင်းကို ဖော်ပြရင်း၊ ၎င်း 'အင်န်အာမ်' တွင် 'အန်ဗေယာအ်' (တမန်တော်များခန့်ထားခြင်း)လည်း ပါရှိကြောင်း၊ ကျမ်းမြတ်တွင် ဤသို့ လာရှိထားပါသည်။


وَاِذْ قَالَ مُوْسٰى لِقَوْمِهٖ يٰقَوْمِ اذْكُرُوْا نِعْمَةَ اللّٰهِ عَلَيْكُمْ اِذْ جَعَلَ فِيْكُمْ اَنْۢبِيَآءَ وَجَعَلَـكُمْ مُّلُوْكًا‌ۖ وَّاٰتٰٮكُمْ مَّا لَمْ يُؤْتِ اَحَدًا مِّنَ الْعٰلَمِيْنَ‏

''ထို့ပြင် ထိုအချိန်ကာလကို (သတိရကြကုန်)။ အကြင်အခါ 'မူစာ' က မိမိ၏ အမျိုးသားတို့အား ပြောခဲ့သည်မှာ အို-ကျွနု်ပ်၏ အမျိုးသားတို့၊ အသင်တို့သည် မိမိတို့အပေါ် ပြုတော်မူခဲ့သော အလ္လာဟ်၏ 'နေ့အ်မသ်' (ကောင်းချီးမင်္ဂလာတော်) ကို သတိရကြကုန်။ အကြင်အခါ ထိုအရှင်မြတ်သည် အသင်တို့၌ တမန်တော်များကို ပွင့်ပေါ်စေတော်မူခဲ့၏။ ထို့ပြင် အသင်တို့အား ဘုရင်များ ပြုလုပ်တော်မူ၏။ ထို့ပြင် အရှင်မြတ်သည် တစ်လောကလုံးတွင် မည်သူ့ကိုမျှ ပေးတော်မမူခဲ့သည်များကို အသင် တို့အား ပေးသနားတော်မခဲ့ ပေသည်။
( ၅ း ၂၁) (ဃာဇီဟာရှင်မ်ဆာဟိဘ် မြန်မာပြန်လည်းရှု)

ဤတွင် 'နေ့အ်မတ်' (ကောင်းကျိုးချမ်းသာဆုလာဘ်) အဖြစ် တမန်တော်များကို စေလွှတ်ပွင့်ပေါ်စေခြင်းအား ဗွေဆော်ဦး ဖော်ပြပြီးမှ လောကီရေးဆိုင်ရာ အုပ်ချုပ်သူ (ဘုရင်) ဖြစ်ခြင်းကို နောက်ပိုင်းတွင် ဖော်ပြပါသည်။ သို့ကြောင့် ဤအာယတ်တော် အားဖြင့်လည်း အဓိကအကျဆုံးသော နေ့အ်မသ် ကောင်းကျိုးချမ်းသာဟူသည် 'အန်ဗေ ယာ့အ်' တမန်တော်များ ဖြစ်ကြောင်းကို သိရှိရပါသည်။

ထို့ပြင် ဤကဲ့သို့မုက္ခပါဌ်တော်(၂)ပါးကို ယှဉ်ထိုးချိတ်ဆက်၍ အနက်ပြန်ဆိုရယူ ခြင်းမှာ ကျွနု်ပ်တို့အဟ်မဒီယာအဖွဲ့ဝင်တို့ချည်းသာ မဟုတ်ပါ။ အောက်ဖော်ပြပါအချက်များကို ဆက်လက်ရှုစေလိုပါသည်။

اَنْعَمْتَ " အာန် အမ် သ " သဒ္ဒါသည်

(၁) ချောင်လည်စေခြင်း၊
(၂) သုခချမ်းသာပေးခြင်း၊
(၃) ပစ္စည်းဥစ္စာပေးကမ်းခြင်း၊
(၄) ကျေးဇူးပြုခြင်း၊
(၅) ဆုလာဘ်ချီးမြှင့်ခြင်း၊အနက်အမိုျးမိုျးပေးသောအင်အာမ်ဟူသော ပုဒ်မှ ဖြစ်ပေါ်လာသည်။ ဤပါဒတွင် သုခချမ်းသာပေးခြင်း (သို့မဟုတ်) ဆုလာဘ်ချီးမြှင့် ခြင်းအနက်ကို ယူပါကုန်။

ကုရ်အာန်ကျမ်းမြတ်၏အချို့ပါဒသည် အခြားသောအချို့ပါဒ၏အနက်အဓိပ္ပါယ် ကို ရှင်းလင်းဖော်ပြလျက်ရှိသည်ဟူသောအဆိုနှင့်အညီ အထက်ပါ ပါဒနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ် (၄း၆၉) တွင် ဤသို့ ပါရှိသည်။

" အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် နဗီတမန်တော်၏ ဓမ္မောဝါဒများကို လိုက်နာကျင့်ကြံကြကုန်သော ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ မေတ္တာကရုဏာတော်ဖြင့် သုခချမ်းသာ ပေးသနားတော်မူခြင်းကို ခံယူရသော နဗီတမန်တော်များနှင့်အတူ ၎င်း (ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့်) သစ္စာတရား၌ အမြဲတည် လျက်ရှိသော သူများနှင့်အတူ၎င်း၊ ဣစ်လာမ် တရားတော်၏ မှန်ကန်ကြောင်းကို သက်သေခံသည့် သဘောနှင့် ဇီဝိတပရိစ္စာဂပြု၍ မိမိတို့ အသက်ကိုပင် စွန့်လှူသောသူများနှင့်အတူ၎င်း၊တရား တော်နှင့်အညီ သီလစောင့်သုံးသော သီလဝန္တသာဓုပုရိသများ နှင့် အတူ ရှိကြကုန်၏။ ထိုသူတော်မြတ်များသည် အထွတ်အမြတ် ဆုံးသော အဆွေခင်ပွန်း ပေါင်းဖော်ပေါင်းဘက်များဖြစ်ပေသတည်း။"

(ကုရ်အာန် ကျမ်းတော်မြတ်၏ အလင်းပြကျမ်း ပဌမအစောင်၊ ကဏ္ဍ ၁၊ အဖွင့်ကဏ္ဍ၊ စာ ၂၂) တွင် လည်းကောင်း။ မကြာမီ ကမှ မြန်မာပြန်ဆို၍ ထုတ်ဝေလိုက်သော 'မအာရိဖုလ်ကုရ်အာန်' အတွဲ (၁) တွင်လည်း ''မည်သည့်လမ်းသည် ဖြောင့်မတ်မှန်ကန် သနည်း။'' ခေါင်းစဉ်အောက်တွင် ဤသို့ ဖော်ပြထားပါသည်။ (သတိ။ ယင်းစာအုပ်များမှာ မြန်မာနိုင်ငံရှိအဟ်မဒီများမှ ထုတ်ဝေထားခြင်းမဟုတ်ပါ။)


صِرَاطَ الَّذِيْنَ اَنْعَمْتَ عَلَيْهِمْ ۙ‏

''အကြင်သူအပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် သုခချမ်းသာ ဂုဏ်ကျေးဇူး တော်ကို ပြုခဲ့လေပြီ ဖြစ်၏။ ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကို'' ထိုသူမွန်သူမြတ် ဆိုရာတွင် ၎င်းတို့မှာ မည်သူတို့ဖြစ်ကြောင်း ကုရ်အာန်ကျမ်းမြတ်တွင် ကျွနု်ပ်တို့အား အောက်ပါစကားရပ်များဖြင့် အသေးစိတ်ဖော်ပြထားသ်။



اَنْعَمَ اللّٰهُ عَلَيْهِمْ مِّنَ النَّبِيّٖنَ وَالصِّدِّيْقِيْنَ وَالشُّهَدَآءِ وَالصّٰلِحِيْنَ‌ۚ

''ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော 'နဗီ' တမန် တော်များ၊ 'ဆွစ်ဒ္ဒီက်' တိကျမှန်ကန်စွာ ပြောဆိုပြုလုပ်ဆောင်ရွက်သူများ၊ 'ရှဟီးဒ်' အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသက်ဇီဝိန်ကို စွန့်သူများ၊ 'ဆွာလိဟ်' သူတော်စင် သူတော်ကောင်းများ။'' (၄ း ၆၉) (၎င်းကျမ်း၊ စာ ၁ဝ၂)

(သတိ။ ထို့ကြောင့် သက်သေရသည်မှာ စူရာဖာတေဟာပါ အင်န်အာမ်အား ၄း၇၀ နှင့်ချိတ်ဆက်ပြခြင်းကို အဟ်မဒီများကသာ ပြုကြသည်မဟုတ်ပါ။ )

တဖန်ဆက်လက်၍ ဖြောင့်မတ်မှန်ကန်သောလမ်း၏သော့ချက် ဟူသော ခေါင်းစဉ်၏ အောက်တွင် ဤသို့ ဖော်ပြထားပါသည်။

''" အကြင်သူတစ်ဦးသည် ဖြောင့်မတ်မှန်ကန်သောလမ်းကို လိုက်နာလိုလျှင် အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာ ပေးခံရသည့်သူများ၏ လမ်းကို ရွေးချယ်ရန် ညွှန်းဆိုထားသည်။ ဤနေရာတွင် ကုရ်အာန်ကျမ်းမြတ်သည် ကျွနု်ပ်တို့အား ''ကုရ်အာန် ကျမ်းတော်မြတ်၏ ညွှန်ပြသောလမ်းကို'' လိုက်နာကြဟု မပြောခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် ကျမ်းစာတစ်ခုတည်းဖြင့် လူသားအားပြုစုပျိုးထောင်ရန် မလုံလောက်ပါ။ ထိုနည်းတူစွာ ကျွနု်ပ်တို့အား 'တမန်တော်မြတ်'၏လမ်းကိုသာလိုက်ပါဟု မပြော ထားပါ။ တမန်တော်မြတ်သခင်သည် ဤကမ္ဘာလောကတွင် အမြဲနေထိုင်ရမည့်သူ မဟုတ်ဘဲ ကိုယ်တော်မြတ်၏ နောက်တွင်လည်း အခြား တမန်တော် ပွင့်ပေါ်လာရန် မရှိတော့ပါ။ ထို့ကြောင့် ကုရ်အာန်ကျမ်းတော်မြတ်တွင် တမန်တော် များ၏ သင်ကြားမှုနှင့် ၎င်းတို့၏ စံနမူနာများသည် ကျွနု်ပ်တို့အား ဖြောင့်မတ် မှန်ကန်သော လမ်းကို ရရှိနိုင်သည်ဟု ဖော်ပြထားပြီးလျှင် ကျွနု်ပ်တို့အထဲမှ ကမ္ဘာတည်သရွေ့ရှိနေမည့် ပုဂ္ဂိုလ်များကိုလည်း ဖော်ပြထားပါသည်။ ထိုပုဂ္ဂိုလ်များမှာ ဆွစ်ဒ္ဒီကီးန်၊ ရှိုဟဒါနှင့် ဆွာလီဟီးန်တို့ ဖြစ်ကြပါသည်။

အကြင်သူတစ်ဦးတစ်ယောက်ကို လမ်းမှန်တွေ့နိုင်ရန် ညွှန်းဆိုသော နည်းလမ်း အတွက် ကျမ်းမြတ် ကုရ်အာန်က ကျမ်းစာကို မညွှန်းဘဲ လူအချို့ကိုသာ ညွှန်းပြထား ပါသည်။ ဟဒီစ်တော်တစ်ပုဒ်အရ တမန်တော်မြတ်သခင်သည် ကိုယ်တော်၏ ဆွဟာဗဟ်သာဝကကြီးများကို ရှေးလွန်လေပြီးသော လူ့အဖွဲ့အစည်းကဲ့သို့ ကိုယ်တော် မြတ်၏ အွမ္မသ်တွင်လည်း အုပ်စု (၇ဝ) (သို့မဟုတ်) (၇၂) အုပ်စု ကွဲကြလိမ့်မည်ဟု ပြောကြားကာ ယင်းအုပ်စုတို့မှ တစ်ခုတည်းသာလျှင် လမ်းမှန်ပေါ်တွင် ရှိကြလိမ့်မည်ဟု ပြောကြားခဲ့သည်။ ဆွဟာဘဟ်ကြီးများ က မည်သည့်အုပ်စုဖြစ်ကြောင်း သိချင်ကြပါသည်။ ကိုယ်တော်မြတ် သခင်ပေးခဲ့သော အဖြေသည်လည်း အလ္လာဟ် အရှင်မြတ်၏ အချစ်တော်များဆီသို့သာ ဦးတည်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ်သခင်က ဖြေကြားသည်မှာ ''ကျွနု်ပ်နှင့် ကျွနု်ပ်၏ဆွဟာ ဘဟ်များလမ်းစဉ်ကို လိုက်သော အုပ်စုပင် ဖြစ်သည်။'' ဟု မိန့်ကြားခဲ့၍ဖြစ်သည်။

အထက်ပါ အချက်အားလုံးက ဆိုလိုသည်မှာ ကျမ်းစာများ (သို့) ခေတ်အဆက်ဆက် နုတ်ဖြင့် လက်ဆင့်ကမ်းချက်များ တစ်ခုတည်းနှင့် လူသားကို သင်ကြားပေးခြင်း လေ့ကျင့်ပေးခြင်းနှင့် စည်းကမ်းကျနမှုများ မဖြစ်နိုင်ပါ။ ယင်းကိစ္စများအတွက် တစ်ဦးတစ်ယောက်တည်းသည် တတ်သိနားလည်သူများနှင့် အတူရှိကာ ၎င်းတို့ထံမှ သင်ယူရပေမည်။ တစ်နည်းဆိုသော် လူသား၏ စစ်မှန်သော ဆရာသမားနှင့် ပြုပြင်ထိန်းကျောင်း သွန်သင်ပေးသူသည် အခြားလူသားတစ်ဦးပင် ဖြစ်ရ ပေသည်။ ကျမ်းစာတစ်စောင်သည် ထိုနေရာတွင် ဆရာသမားများအဖြစ် နေရာ မယူနိုင်ပါ။ ကျော်ကြားသော အူရဒူ ဟာသကဗျာဆရာ အတ်က်ဗရ်က ယင်းအကြောင်း ကို တိုတို တုတ်တုတ် ပြောကြားသည်ကို အနီးစပ်ဆုံး ဘာသာပြန်လျှင် - ''သင်တန်းများက စကားလုံးများကိုသာ သင်ကြားနိုင်၍ လူသားကသာ လူသားကို လေ့ကျင့်သင်ကြား ပေးနိုင်သည်။'' ဤအမှန်တရားသည် နေ့စဉ်ဘဝ၏ နယ်ပယ်အတွက် အမြဲတစေ မှန်ကန်ပါသည်။

စာအုပ်ဖတ်ရုံ သက်သက်မျှဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဆရာဝန်တစ်ဦး (သို့) အင်ဂျင်နီယာတစ်ဦး (သို့) စားဖိုမှူးတစ်ဦး (သို့) အပ်ခုျပ်သမားတစ်ဦး ဖြစ်မလာနိုင်ပါ။ ထိုနည်းတူစွာ ကုရ်အာန်ကျမ်းတော်မြတ် နှင့် ဟဒီးဆ်တော်ကို မိမိဖာသာ လေ့လာရုံဖြင့် လူသားတစ်ဦးကို ရုပ်ပိုင်းနာမ်ပိုင်းဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး အတွက် မလုံလောက်ပါ။

ယင်းကဲ့သို့သော လေ့လာမှုတစ်ရပ်တွင် အထူးကျွမ်းကျင်သူတစ်ဦး (သို့) စစ်မှန်သော ပညာရှင်တစ်ဦး၏ ကြီးကြပ်ညွှန်ကြားမှုအောက်တွင် လုပ်ဆောင် ပြီးမှသာလျှင် ယင်းသည် အသုံးဝင်ပါလိမ့်မည်။ ယခုကာလတွင် ခေတ်ပညာတတ် တော်တော်များသည် ဘာသာပြန်တစ်ရပ်ကို ဖတ်ရှုခြင်း (သို့) အကောင်းဆုံး အကျယ် ဖွင့်ဆိုချက်တစ်ရပ်ကို ဖတ်ရှုခြင်းသက်သက်အားဖြင့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်တော်၏ အသိပညာရပ်ကို ကျွမ်းကျင်တတ်မြောက်သူတစ်ယောက် ဖြစ်လာနိုင် သည်ဟူသော မှားယွင်းသောအယူအဆကို မြတ်နိုးတွယ်တာနေကြောင်းကို ယေဘူယျ တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သောကိစ္စရပ်၏ မှားယွင်းမှုမှာ အလိုလိုပင် ပေါ်လွင် နေပါသည်။ ကျမ်းတစ်စောင်တည်းနှင့် လူသားတို့ကို လမ်းညွှန်မှုအတွက် လုံလောက်သည်ဆိုလျှင် တမန်တော်များကို စေလွှတ်ရန် လိုအပ်တော့မည် မဟုတ်ချေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ကျွနု်ပ်တို့ထံ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ချပေးရာ၌ အရှင်မြတ်၏ တမန်တော်ကိုလည်း သင်ကြားပြသရန်နှင့် လမ်းညွှန်ရန်အတွက် စေလွှတ်ခဲ့ပါသည်။

ဖြောင့်မတ်မှန်ကန်သောလမ်းကို အဓိပ္ပာယ်ဖော်ဆောင်ရာတွင်လည်း အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ်၏ အထူးကောင်းချီးမင်္ဂလာရသော ကျေးကျွန်များကို အမှတ်စဉ်တပ်၍ ဖော်ပြထားပါသည်။ ဤအချက်အလက်များ အားလုံးသည် အလ္လာဟ် အရှင်မြတ်၏ ကျမ်းစာကိုနားလည်သဘောပေါက်ရန်နှင့် ကျမ်းစာပါအတိုင်း လိုက်နာ ကျင့်ကြံဆောက်တည်ရန် ကြိုးစားရာတွင် မိမိဘာသာလေ့လာဆည်းပူး၍ ဆုံးဖြတ်ချက် ချရန် သက်သက်ဖြင့် မဖြစ်နိုင်ချေ။ တတ်သိနားလည်သူထံမှ အကူအညီယူရပါလိမ့်မည်။ ""

(မအာရိဖုလ်ကုန်အာန်ကျမ်း မြန်မာဘာသာပြန်အဖွဲ့မှ ဘာသာပြန်ထုတ်ဝေသော 'မော်လာနာမုဖ်သီ မုဟမ္မဒ်ရှဖီး'၏ မအာရိဖုလ်ကုရ်အာန်၊' အတွဲ(၁)စူရာဟ် အလ်ဖွာ သိဟဟ်၊ အလ်ဘကရဟ်၊ စာ ၁ဝ၂၊ ၁ဝ၄၊ ၁ဝ၆။)

ကျွနု်ပ်တို့အနေဖြင့် တင်ပြရှင်းလင်းဖွင့်ဆိုရမည့် အချက်အလက်သာဓက များစွာကို 'မော်လာနာမုဖ်သီ မုဟမ္မဒ်ရှဖီးဆွာဟိဘ် (ဒါရုလ်အုလူမ်၊ ကရာချိ (ပါကစ္စတန်) တည်ထောင်သူ)က အူရဒူဘာသာဖြင့် တင်ပြဖွင့်ဆိုရှင်းလင်းပေးခဲ့ပြီး ဘာသာပြန် ကော်မတီဝင် ခေတ်ပညာတတ်ကြီးများက တစ်ဖန် (အင်္ဂလိပ် ဘာသာ ပြန်ကျမ်းကို) မြန်မာစာဖတ်ပရိတ်သတ်များ အလွယ်တကူသိရှိနာလည်ကြစေရန် စေတနာမွန်ဖြင့် ဘာသာပြန်ဆိုပေးခဲ့ကြရာ မြန်မာနိုင်ငံရှိ သာသနာပညာရှင်ကြီး(၃)ဦးကလည်း 'မအား မလပ်သည့် သာသနာ့တာဝန်များကြားမှ' ဖတ်ရှုစစ်ဆေးထုတ်ဝေခွင့်ပေးခဲ့သဖြင့် အလွန်တရာနှစ်ထောင်းအားရဖြစ်ကာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

သို့ရာတွင် ဤစာရှုသူတို့အဖို့ ထောက်ကွက်တစ်ခုရှိပါသည်။ ၎င်းမှာ''ကိုယ်တော်မြတ်၏ နောက်တွင်လည်း အခြားတမန်တော်ပွင့်ပေါ်လာရန် မရှိတော့ပါ။ ထို့ကြောင့် ကုရ်အာန်ကျမ်းတော်မြတ်တွင် တမန်တော်များ၏ သင်ကြားမှုနှင့် ၎င်းတို့၏စံနမူနာများသည် ကျွနု်ပ်တို့အားဖြောင့်မတ်မှန်ကန် သောလမ်းကို ရရှိနိုင်သည်ဟု ဖော်ပြထားပြီးလျှင် ကျွနု်ပ်တို့အထဲမှ ကမ္ဘာ တည်သရွေ့ရှိနေဦးမည့် ပုဂ္ဂိုလ်များကိုလည်း ဖော်ပြထားပါသည်။ ထိုပုဂ္ဂိုလ် များမှာ ဆွစ်ဒ္ဒီကီးန်၊ ရှိုဟဒါနှင့် ဆွာလီဟီးန်တို့ ဖြစ်ကြပါသည်။'' ဟူသော အချက်ဖြစ်ပါသည်။ ထိုသို့ထောက်ကွက်ကိုမြင်လျက် မိမိစိတ်သဘောတွင်ဒွိဟ ဖြစ်သူအနေဖြင့် အောက်တွင်ဖော်ပြချက်များကို အထူး ဂရုဓမ္မပြုဖတ်ရှုပါရန် နှိုးဆော် အပ်ပါသည်။



"မဟာတမန်တော်မြတ်(ဆွ) အား နာခံလိုက်နာသူတို့သည် အလုံးစုံသော 'ဘရ်ကတ်' မင်္ဂလာတို့၏ အမွေခံများတည်း''

ကျွနု်ပ်တို့(အဟ်မဒီများ)အနေဖြင့် ခုထိ ဆူရာဟ်ဖာတီဟာမှ အာယတ်တော်ကိုသာဇောင်းပေး၍ ရှေးအစဉ်အဆက်က 'အွမ္မသ်' အစုဝင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီးမင်္ဂလာ ဆုတော်များကို အဆက်ဆက် ရရှိခဲ့ကြပေရာ 'အွမ္မသ်မူဟမ္မဒီယာ' မူဟမ္မဒ်သခင်၏ အမျိုးသားအစုဝင်တို့သည်လည်း ဆက်လက်၍ရရှိနိုင်စရာ တံခါးကြီးပွင့်လျက် ရှိနေသေးကြောင်းကိုသာ ဖော်ပြခဲ့ပါသည်။ ကျွနု်ပ်တို့အနေဖြင့် ဆူရာဟ်ဖာတီမှ အာယတ်တော်(၇)တွင် ဆက်လက်ဖော်ပြထားသော "ဂိုင်းရိလ် မဂ်ဒူးဘ်ဘေအလိုင်းဟိမ် ဝလက်ဒ် ဒွါလီးမ်" အာယတ်တော်နှင့် ဆူရာဟ်ဏီဆာ (ကဏ္ဍ-၄)မှ အာယတ်မုက္ခပါဌ်တော်(၇၀) ကို အပီအပြင်လေ့လာသုံးသပ် ရှင်းလင်းတင်ပြသွားပါမည်။

ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း ပဌမအစောင်(အဟ်မဒီများရေးသားပြုစုခြင်းမဟုတ်ပါ) တွင် ဤသို့ဖော်ပြ ထားပါသည်။

' ဂိုင်းရိလ် မဂ်ဒူးဘ်ဘေအလိုင်းဟိမ် အမျက်တော်ဆူးရှခြင်းခံရသူများမှာ ယဟူဒီ ဘာသာဝင်များ ဖြစ်ကြ၏ ဟုအချို့ အဌကထာ ဆရာကြီးများက ယူဆ၍ ကုရ်အာန် ကျမ်းမြတ်မှ အောက်ပါ ပါဒကို သာဓကအဖြစ် ဖော်ပြကြလေသည်။

''ထိုယဟူဒီဘာသာဝင်များအပေါ်၌ ဂုဏ်ရည်သေးသိမ် ယုတ်ညံ့ခြင်းနှင့် ဆင်းရဲခြင်းသည် အတည်ဖြစ်ချေပြီ ။ ထို့ပြင်ထိုသူ တို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို (ယင်းကဲ့သို့ အပြစ်ဒဏ်အမျိုးမျိုးခံစားရခြင်း၏) အကြောင်းမှာ အလ္လာဟ် အသျှင်မြတ် ပို့ချပေးသနားတော်မူသော ကျမ်းများကို မယုံကြည် သွေဖယ် ငြင်းဆန်ခြင်းကြောင့်လည်းကောင်း နဗီတမန်တော်များအား မတရားညှင်းပန်းသတ်ဖြတ်ခြင်းကြောင့် လည်းကောင်း ဖြစ်ပေသည်။ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခြင်းသည် ထိုသူတို့၏ ဖီဆန်ခြင်း စည်းကမ်း ဖောက်ဖျက်ခြင်းကြောင့်ပင်တည်း။ (၂ း ၆၁)

"ဒွာလီးမ်" ဟူသော ပုဒ်သည် (ဒွလာလ်) ဟူသောပုဒ်မှ ဖြစ်ပေါ်လာသည်။ (ဒွလာလ်) သဒ္ဒါသည် နည်းလမ်းမှန်ကန်တိကျရာမှ တိမ်းပါးခြင်းအနက်ကို ဟောသည်။ ဤပုဒ်သည် (ဟေဒါယသ်) ဟူသောပုဒ်၏ ဥဇုပစ္စနီက တိုက်ရိုက်ဆန့် ကျင်သောပုဒ် ဖြစ်သည်။

အခိုျ့သော အဌကထာဆရာကြီးများသည် လမ်းမှားသူများမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်ကြ၏ဟု ယူဆ၍ ကုရ်အာန်ကျမ်းမြတ်မှ အောက်ပါ ပါဒကို သာဓကအားဖြင့် ဖော်ပြကြလေသည်။

(ထိုခရစ်ယာန်ဘာသာဝင်များသည်) အတိတ်ခေတ်၌လည်း လမ်းမှား ခဲ့ကြဘူးလေပြီ။ မိမိတို့ကိုယ်တိုင်(လမ်းမှားသည်သာမက)မြောက်မြားစွာသော သူတို့ကို လည်း လမ်းမှားသို့ သွေးဆောင်ခဲ့ကြလေပြီ။

(အမှန်စင်စစ်သော်ကား) ထိုသူများသည် မဇ္ဈိမ ပဋိပဒါလမ်းစဉ်မှမုချ တိမ်းစောင်းခဲ့ချေပြီ။ (၅ း ၇၇ ) ထိုတူ-မအာရိဖုလ် ကုရ်အာန်ကျမ်း၌လည်း

''အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းခံရသူများဆိုသည်မှာ အလ္လာဟ် အရှင်မြတ်၏ အမိန့်ပညတ်ချက်များကို သိရှိနားလည်ရင်းနှီးကျွမ်းဝင်ပြီးသည့် တိုင်အောင် တမင်တကာပင်ဆန့်ကျင်ကြကာ တမင်တကာ အရွဲ့တိုက်သူများကို သော်လည်ကောင်း (သို့) ၎င်းတို့ စိတ်ဆန္ဒအရ လုပ်ဆောင်သူများကိုလည်းကောင်း (သို့) တစ်နည်းဆိုရသော် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို နာခံရာတွင် အားနည်းသူများကို လည်းကောင်း ခေါ်ဆိုသည်။ ယင်းတို့သည် ယဟူဒီများ၏ ယေဘူယျအခြေအနေများ ဖြစ်ကြ၏။ ၎င်းတို့သည် လောကီ၏အကျိုးအမြတ်အနည်းငယ်အတွက၎င်းတို့၏ တမန် တော်များကိုပင် စော်ကားလေ့ရှိပြီး တစ်ခါတစ်ရံတွင် သတ်ပစ်သည်အထိဖြစ်ခဲ့သည်။

ဒွာလီးမ်၊ လမ်းမှားသူများဆိုသည်မှာ မသိနာမလည်သူများ(သို့) စဉ်းစားဆင် ခြင်မှု ချို့တဲ့သူများ အလ္လာဟ်အရှင်မြတ် ချမှတ်ထားသောစည်းကမ်းဘောင်မှ ကျော်လွန် သူများနှင့် ဘာသာရေး ကိစ္စရပ်များတွင် ခဲျ့ကားသူများနှင့် လွန်ကဲသူများကို ဆိုလို ပေသည်။

ဤသည့် ဥပမာကား စည်းမျဉ်းစည်းကမ်းမှ လွန်ကဲ၍ တမန်တော်မြတ် တစ်ပါးကို အကြည်ညိုလွန်ကဲကာ ဘုရားတစ်ဆူအဖြစ် ပို့ဆောင်သော နဆွာရာနီများ၏ ယေဘူယျအမှားပင် ဖြစ်သည်။ တစ်ဖက်တွင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်များကို နာခံရန်ငြင်းပယ်ရုံမျှမက သတ်ပစ်သည့်အထိပြုလုပ်သော ယဟူဒီများ၏ ပုန်ကန်မှုနှင့်် အခြားတစ်ဖက်တွင် နဆွာရာနီများ၏ တမန်တော်တစ်ပါးကို ဘုရားအဖြစ်ပို့ဆောင်သော အကြည်ညို လွန်ကဲခြင်းတို့ ဖြစ်သည်။ (ထိုကျမ်း အတွဲ-၁၊ စာ-၁ဝ၃)


အေမာမ်အဟ်မဒ်ဗင်န်ဟမ်ဘလ်က မိမိစုဆောင်းတင်ပြ ထားခဲ့သော 'မုစ်နဒ်' ကျမ်းကြီးတွင် 'အဒီဗင်န်ဟာသင်မ်'မှ ရှည်လျားလှစွာသော 'ရေဝါယသ်' ဆင့်ပြန်ဖော်ပြချက်တစ်ခုကို ရေးသားမှတ်တမ်းတင်ခဲ့ပါသည်။ ယင်း (ရေဝါယသ်) ၏ အဆုံးပိုင်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

''မဂ္ဂဒူဘ်အလိုင်ဟင်မ် ဟူသည် 'ယဟူဒီ' များဖြစ်ပြီး 'ဒွါလီးန်' ဟူသည် 'နဆွာရာ' များဖြစ်ကြကြောင်း (ကိုယ်တော်မြတ်မှ) မိန့်ကြားရှင်းပြခဲ့လေသည်။''

ဤကဲ့သို့ပင် 'တီရ်မေဇီ' ကလည်း ဤသည့် 'ရေဝါယသ်' ဆင့်ပြန်ချက်ကိုပင် မှတ်တမ်းတင်ခဲ့ပေသည်။ ထို့အပြင် သာဝကကြီး 'အဘူဇရ်ဂတ်ဖာရီ' (ရဒီ) သခင်၏ရေဝါယသ်ကို မှတ်တမ်းတင်ထားခဲ့သည်မှာ-

''ဟဇရသ်အဘူဇရ်က ကျွနု်ပ်သည် တမန်တော်မြတ်ကြီး(ဆွ)ထံ ''မဂ္ဂဒူးဘေ အလိုင်ဟင်မ်'' မှာ မည်သူများပါနည်းဟု မေးမြန်းလျှောက်ထားခဲ့ရာ ကိုယ်တော်မြတ်က 'ယဟူဒီများ' ဟု မိန့်ခဲ့သည်။ ထို့နောက် ကျွနု်ပ်က 'ဒွါလီးန်' ဆိုသူများကရောဟု မေးရာ ကိုယ်တော်က 'နဆွာရာနီများ' ဟု ဖြေကြားမိန့်ဆိုတော် မူခဲ့၏ဟု ဆင့်ပြန်ခဲ့လေသည်။'' (ဖတေ့ဟုလ်ဘယာန်ကျမ်း၊ တွဲ ၁ မှတဆင့်)

ဤသို့သော အဓိပ္ပါယ်သဘောဖြင့် များပြားလှစွာသော ဆွဟာဘဟ်၊ မဟာ သာဝကကြီးများထံမှ သာဓကများ ရရှိပါသည်။ ဥပမာ 'အစ်ဗနေ့အဘားစ်၊ အဗ္ဗဒုလ္လာဟ် ဗင်န်မတ်စ်အူဒ်၊ အစ်ဗနေ့ဟာသင်မ် အစရှိသူများ။ သာဝကကြီး အစ်ဗနေ့ ဟာသင်မ်က ဆိုလျင် - 'အဌကထာရှင် အားလုံး ဤသဘောတွင် တစ်ညီတစ် ညွတ်တည်း ရှိကြပါသည်။ ထို့ပြင် ဤသည်နှင့် စပ်လျဉ်း၍ ၎င်းတို့အတွင်း မည်သို့သော ဝိရောဓိမျိုးမျှ မတွေ့ခဲ့ရပါ။'' ဟူ၍ပင် ဖော်ပြခဲ့ပါသည်။ (အစ်ဗနေ့ကဆီရ်ကျမ်း)

ဤဟဒီးစ်တော်၏ မှန်ကန်မှုအတွက် ကျမ်းမြတ်ကုရ်အာန်မှ အာယတ်တော် အချို့ကို ကုရ်အာန်အလင်းပြကျမ်းမှ တင်ပြချက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

သို့ပါ၍ ဖော်ပြပါ အာယတ်တော်(ဆူရာဟ်ဖာတီဟာပါ အာယတ်တော်)တွင် တစ်နည်းအားဖြင့် အလွန်ကြီး ကျယ်လှစွာသော အနာဂတ္တိနိမိတ်ကြီး တစ်ရပ်ရှိနေပါသည်။ ယင်းကြိုတင် နိမိတ် ဟောချက်မှာ တွေးဆမြော်မြင်သူတိုင်းအဖို့ 'အီမာန်' သက်ဝင်ယုံကြည်မှု ထက်သန် စရာအကြောင်း ဖြစ်စေပါလိမ့်မည်။

ယင်းမှာ ဤဆူရာဟ် (ဖာတီဟာ) ချပေးစဉ် ကာလ၌ 'ယဟူဒီ'ရော 'နဆွာရာနီ' တို့ပါ ကိုယ်တော်မြတ်၏ မျက်မှောက်တွင် မရှိခဲ့ကြပါ။ ထိုစဉ် မက္ကာဟ်မှ မုရှရီက်တို့သာလျှင် ကိုယ်တော်မြတ်အား ဆန့်ကျင် ဘက်ပြုနေသူများအဖြစ် ရှိခဲ့ကြပါသည်။ မက္ကာဟ်မြို့တွင် ယဟူဒီနှင့် နဆွာရာနီတို့၏ ဦးရေမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပါသည်။ ထို့အပြင် ယင်းတို့သည် အုပ်ချုပ်ရေး ဘက်တွင်လည်း ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကြပါ။ သို့ပါလျက် ဤဆူရာဟ်တွင် 'အလ္လာဟ် အရှင်မြတ်သည် အသင်မွတ်စလင် တို့အား မုရှရိက်အဖြစ်သို့ တစ်ဖန်ပြန်ရောက်ခြင်းမှ အကာအကွယ်ပေးတော်မူပါ။'' ဟူသော ဒိုအာကို သင်ကြား ပို့ချ၍ ပေးတော်မမူဘဲ 'အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မိုျးတို့အား ယဟူဒီများနှင့် နဆွာရာနီများ၏ လမ်းစဉ်ကို ကျင့်သုံးခြင်းမှ ကာကွယ် ကယ်တင်တော်မူပါ။'' ဟူ၍ အဘယ်ကြောင့် သင်ပေးတော်မူရပါသနည်း။ ဤတွင် 'မုရှ်ရိက်' တို့အကြောင်းကို မဖော်ပြဘဲ မက္ကာဟ်မြို့မှာ ရှိနေကြသော 'မုရှ်ရိုက်' တို့၏ ဘာသာတရားမှာ ထာဝရအားဖြင့် ချုပ်ငြိမ်းသွားမည် ဖြစ်၏။ သို့ကြောင့် ယင်းတို့၏ အန္တရာယ်မှ လွတ်ကင်းရန် ဒိုအာတောင်းစရာ မလိုချေ။

သို့ရာတွင် ယဟူဒီနှင့် နဆွာရာနီတို့၏ ဘာသာတရားမှာ ကျန်ရှိနေပေလိမ့်မည်။ သို့ဖြစ်ရာ အို-အလ္လာဟ်အရှင်မြတ် မွတ်စလင်များကို 'မဂ္ဂဒူးဘ်' ရဟူဒီများနှင့် 'ဒွါလီးန်' နဆွာရာနီတို့တွင် အဝင်အပါ ဖြစ်မည့်ဘေးမှ ကာကွယ် ကယ်တင်တော်မူပါဟူသော 'ဒိုအာ' ဆုတောင်းကြရန် လိုအပ်ပေသည်ဟူ၍ နှောင်းဖြစ် နမိတ်ကို ကြိုတင်ဟောခဲ့တော်မူခြင်း ဖြစ်ပေသည်။

ဤအာယတ်တော်တွင် ဤကိစ္စသည်လည်း ဂရုဓမ္မပြုထိုက်ပေသည်။ ခရစ်ယာန် (နဆွာနာနီ) တို့မှာ မိမိတို့၏ ဘာသာအတွင်းသို့ မွတ်စလင်တို့ကို ဝင်ရောက်လာ အောင် ပြုလုပ်ကြပေသည်။ သို့ကြောင့် 'အို - အလ္လာဟ်အရှင်မြတ်၊ မွတ်စလင်တို့အား ခရစ်ယာန်များရဲ့ရန်မှ ကယ်တင်ကာကွယ်ပေးတော်မူပါ' ဟူသော ဒိုအာပြုရန် လိုအပ်မည်ဟု သိရပါသည်။ သို့သော်ငြားလည်း 'ယဟူဒီ' များမှာကား ယေဘူယျ အားဖြင့် အခြားဘာသာဝင်တို့ကို မိမိတို့၏ ဘာသာအယူဝါဒအတွင်းသို့ ဝင်ရောက်စေခြင်း မပြုကြပါ။ သို့ပါလျက် 'အို-အလ္လာဟ်အရှင်မြတ် မွတ်စလင်တို့အား ယဟူဒီများ ဖြစ်ကြမည့်အရေးမှ ကာကွယ်ကယ်တင်တော်မူပါ' ဟူသည့် ဆုကို တောင်းခံရန် လိုပါဦးမည်လော။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်စကားတွင် အဓိပ္ပါယ်မဲ့ မလိုအပ်သည့် ဆုတောင်းစာကို သင်ကြားပို့ချပေးသည်ဟူသော အပြစ်ပြောစရာ ရှိနိုင်မည် မဟုတ်ပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် တမန်တော်မြတ်ကြီးက ဤသို့သော မလိုအပ်သည့် 'ဒိုအာ' ဆုတောင်းစာကို တစ်နေ့လျှင် အကြိမ်သုံးလေးဆယ်မျှ ရွတ်ဆိုဆုတောင်းလျက် နေကြရန် အမိန့်ရှိခဲ့သည်ဟု မွတ်စလင်များ နားလည်မှတ်ပိုက် ထားကြရန်လည်း အကြောင်းမရှိပါ။ သို့ဖြစ်ပေရာ ယဟူဒီဘာသာဝင်တို့၏ ပြဿနာမှာ အခြားသော သွင်ပြင် လက္ခဏာတစ်ခုခုနှင့်တော့ မိမိတို့တွင် ပေါ်ပေါက်နိုင်စရာအကြောင်း မရှိပါ။ သို့သော် ပွင့်ပေါ်ရန်ရှိသော 'ကတိတော်ရ မဆိဟ်' (မဆိဟ်မော်အုဒ်) ကို ငြင်းပယ်ကြသောကြောင့် မွတ်စလင်တို့၏ အခြေအနေမှာ ယဟူဒီများနှင့် ခိုင်းနှိုင်းဥပမာ ပေးစရာအဖြစ်သို့ ရောက်ရှိသွားနိုင်စရာအကြောင်းရော မဖြစ်နိုင်ဘူးလော ဆိုသည်ကို မွတ်စလင်တို့အနေနှင့် နဖူးပေါ်လက်တင်၍ စဉ်းစားသင့်ကြပါသည်။


ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၄-၂)

No comments: