ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၅-၁)
သာဓက အမှတ် (၄)
တမန်တော်မြတ် မူဟမ္မဒ် (ဆွ) ၏ အွမ္မသ်တွင်တမန်တော်ပွင့်ပေါ်စေတော်မည့် ထပ်ဆင့်နှိုးဆော်ချက်

ထို့နောက် ကျွနု်ပ်တို့အနေဖြင့် တမန်တော်မြတ် မူဟမ္မဒ်သခင်ကြီး(ဆွ)၏ 'အွမ္မသ်' နောက်လိုက်အဖွဲ့ဝင် အမျိုးသားတို့တွင် တမန်တော်ပွင့်ပေါ်စေတော်မူမည့် ကိစ္စနှင့် စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန်တွင် တမန်တော် အာဒမ်အား မိန့်ကြား ခဲ့သည်ကို ပြန်လည်အမှတ်ရစေသော အသွင်ဖြင့် ပြုထားတော်မူသော ကတိတော်နှင့် နှိုးဆော်ချက်ကို တင်ပြသွားပါမည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် လာရှိထားသည်မှာ
''အို အာဒမ်၏ မျိုးဆက်အပေါင်းတို့။ အကယ်၍ အသင်တို့ အတွင်းမှပင် တမန်တော်များ ရောက်လာပြီး အသင်တို့အား ငါအရှင်မြတ်၏ 'အာယတ်' တော်များကို ရွတ်ဖတ်ပြသော် အကြင် မည်သူမဆို 'တက္ကဝါ' (အလ္လာဟ်အား ကြောက်သိရိုကျိုးခြင်း) တရားကို ကျင့်မူဆောက်တည်ပြီး ပြုပြင်ပြောင်းလဲလျှင် ထိုသူတို့ အပေါ် မည်သို့သော စိုးရိမ်ကြောက်ရွံ့မှုမျှ ဖြစ်မည်မဟုတ်။ ထို့ပြင် ထိုသူတို့သည် ပူဆွေးသောက ဖြစ်ကြရမည်လည်း မဟုတ်ချေ။'' (ရး၃၆)
အို-အာဒမ်၏သားသမီး အပေါင်းတို့၊ အကယ်၍အသင်တို့ထံ အသင်တို့အနက်မှပ င် ငါအရှင်မြတ်၏ အမိန့်တော်များကို အသင်တို့ရှေ့ဝယ် ရှင်းလင်း ပြောပြကြကုန်သော ရစူလ်တမန်တော်များ ရောက်လာခဲ့ကြသော အခါ အကြင်သူသည် ဒုစရိုက်တို့မှ ကြဉ်ရှောင်အံ့။ ၎င်းပြင် (အပြုအမူများကို ) ပြုပြင်အံ့။ ထို(ကဲ့သို့သော) သူတို့အပေါ်၌ စိုးရိမ် ကြောင့်ကြမှုလည်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းပြင်ထိုသူတို့သ ည် ပူဆွေးကြရမည်လည်း မဟုတ်ေချ။ (ရး၃၅)( ဆော်ဒီနိုင်ငံ ဖာဟိဘ်ဘုရင်ပုံနှိပ်တိုက်ထုတ် ဃာဇီဟာရှင်မ်ဆာဟိဘ်+၁ မြန်မာပြန်)

(ဆော်ဒီနိုင်ငံ ဖာဟိဘ်ဘုရင်ပုံနှိပ်တိုက်ထုတ်အင်္ဂလိပ်ဘာသာပြန်)
007.035 YUSUFALI: O ye Children of Adam! whenever there come to you messengers from amongst you, rehearsing My signs unto you,- those who are righteous and mend (their lives),- on them shall be no fear nor shall they grieve.
PICKTHAL: O Children of Adam! When messengers of your own come unto you who narrate unto you My revelations, then whosoever refraineth from evil and amendeth - there shall no fear come upon them neither shall they grieve.
SHAKIR: O children of Adam! if there come to you messengers from among you relating to you My communications, then whoever shall guard (against evil) and act aright-- they shall have no fear nor shall they grieve.
(အဟ်မဒီမဟုတ်သော အခြားပညာရှင်များ၏ အင်္ဂလိပ်ဘာသာပြန်)
(يَاْتِيَنَّكُمْ တွင် ယာအ်သိရာန် (come)သည် simple present (ကာလစဉ်ဆက်ပြကြိယာ)ဖြစ်ကြောင်း သက်သေရရှိပါသည်။ perfect tense မဟုတ်သော imperfect present tense ၊ ခေတ်အဆက်ဆက်တိုင်းအတွက် ဖြစ်ပျက်နေမည့် ကြိယာဟုလည်း ယူဆကြသည်။ ၃၃း၄၁ပါ ခါ-သ-မ အား နဗူဝသ်ကိုအဆုံးသတ်သူဟု ယူဆပါလျှင် ဤတွင် ကာလစဉ်ဆက်ပြကြိယာသုံးထားစရာအကြောင်း လုံးဝမရှိသည်ကို ဆရာကြီးဃာဇီဟာရှင်မ်ဆာဟိဘ် သိရှိခဲ့ပါသလောဟုသာ စောကြောကြပါကုန်။)
ဤအာယတ်တော်တွင် အလ္လာဟ်အရှင်မြတ်က ကိုယ်တော်မြတ်ကြီး အား အကြောင်းခံပြီး အကယ်၍ အနာဂတ်ကာလတစ်ခုခုတွင် အသင်တို့ထံ အသင်တို့ အတွင်းမှပင် (အကြောင်းမူ၊ တမန်တော်မြတ်၏ အွမ္မသ် မဟုတ်သူတို့မှ တမန်တော် ပေါ်ထွန်းနိုင်စရာ အကြောင်းမရှိတော့သဖြင့်) တမန်တော်တစ်ပါးပါး ပွင့်ပေါ်လာခဲ့သော အခါ အသင်တို့သည် ငြင်းပယ်ကန့်ကွက်မှု မပြုကြမူဘဲ အလ္လာဟ် အရှင်မြတ်ကို ကြောက်သိ ရိုကျိုးမှု 'တက္ကဝါ' တရားကို ကျင့်မူဆောက်တည်ကြကာ၊ မိမိတို့ကိုယ်ကို ပဲ့ကိုင်ထိန်းကျောင်း ပြုပြင်ကြရန် အလို့ငှာ သောကထားကြကုန်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ပြုပြင်ခြင်းသည်ပင် အသင်တို့အဖို့ရာ စိုးရိမ် ကြောက်ရွံ့စရာနှင့် ပူဆွေးသောက ဖြစ်စရာတို့မှ လွတ်ကင်းခွင့် ရရှိစေရာ နည်းလမ်းဖြစ်ပေသည်ဟု အာဒမ်၏ သားမြေးများ ဖြစ်ကြသော လူ့မျိုးဆက်တစ်ရပ်လုံးသို့ ညွှန်းဆို မိန့်ကြား တော်မူခြင်း ဖြစ်ပေသည်။
ဤအာယတ်တော်သည် တမန်တော်မြတ်ကြီး(ဆွ) ၏ 'အွမ္မသ်' အတွင်း လိုအပ်သည့် အားလျော်စွာ တမန်တော်များ ပွင့်ပေါ်မည့် တံခါးမကြီး ဖွင့်ထားလျက် ရှိကြောင်းကိုမည်မျှ ပေါ်လွင်ထင်ရှား ရှင်းလင်းပြတ်သား၍ မည်မျှအားမာန်ပါသော စကားလုံးများဖြင့် မိန့်ထားတော်မူကြောင်းကို ကြည့်ရှုသုံးသပ်စေလိုပါသည်။ စာရှုသူတို့ အနေနှင့် အကယ်ပင် ဂရုဓမ္မပြုလျှင် ကောင်းပေစွ။
အကယ်၍ ပုဂ္ဂိုလ်တစ်ဦးဦးအနေဖြင့် ဤအာယတ်မုက္ခပါဌ်တော်မှာ ရှေးလွန် လေပြီးခဲ့သော လူသား မျိုးနွယ်ဝင်တို့နှင့် ပတ်သက်၍ လာရှိထားခဲ့သော အာယတ် တော်သာဖြစ်၏။ အနာဂတ်ကာလရှိ လူသားတို့နှင့် စပ်လျဉ်း၍ ချပေးတော်မူခြင်း မဟုတ်ဟု ယုံမှားသံသယ ဖြစ်ခဲ့ပါလျှင် မိမိကိုယ်တိုင် ကုရ်အာန် ကျမ်းတော်မြတ် ကိုဖွင့်ပြီး ဖော်ပြပါ အာယတ်တော်၏ ရှေ့ပိုင်း၊ နောက်ပိုင်းတို့တွင် လာရှိထားသမျှ အာယတ်တော်များကို အပြန်ပြန် အလှန်လှန် စေ့စေ့စပ်စပ် ဖတ်ရှုလျက် ဤနေရာတွင် ရှေးလွန်လေပြီးခဲ့သော လူ့အနွယ်ဝင်တို့နှင့် စပ်ဆိုင်သည်ဟု ထင်မှတ်စရာအကြောင်း တစ်ခုသော်မျှ ပါရှိပါသလောဟု စေ့ငုစွာ ရှာဖွေကြည့်စေလိုပါသည်။ (ဥပမာ - ၇ း ၃၁ မှ ၃၄ ထိ လည်းကောင်း၊ ၇ း ၃၆ မှ နောက်ပိုင်းတွင် ရှိသမျှ အာယတ်တော်များနှင့် အောက်ခြေမှတ်ချက်များကို လည်းကောင်း ဖတ်ရှုကြည့်ပါရန် အကြံပြုလိုက်ပါသည်။ ကုရ်အာန်ကျမ်းမြတ်၊ မြန်မာဘာသာပြန်၊ ပတွဲ၊ ဖဟဒ်ဘုရင်ကုရ်အာန်ကျမ်းမြတ် ပုံနှိပ်တိုက်ထုတ်၊ စာ ၇၇၈။)
သို့ဖြင့် ဤအာယတ်တော်သည် အကယ်၍ ရှေးခေတ်ဟောင်း လူသားတို့အား ရည်ညွှန်းသည် မဟုတ်မူဘဲ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလရှိ လူသားတို့အတွက် ဖြစ်ကြောင်း သာဓက ထင်ရှားခဲ့ပါလျှင် အမှန်တရားကို လိုလားနှစ်သက်သူတိုင်းအဖို့ ကိုယ်တော်မြတ်ကြီး၏ နောက်တွင် တမန်တော်ပွင့်ပေါ်နိုင်စရာ ရှိသေးကြောင်းကို ဖော်ပြသော ဤသည်ထက် ပေါ်လွင်ထင်ရှားပြတ်သားလှသည့် အာယတ်တော် မရှိတော့ပါ ဟူ၍ ဆုံးဖြတ်ရန်မှတပါး အခြားနည်းလမ်း မရှိတော့ပါ။ (၃၃း၄၁ ကြောင့် ကိုယ်တော်မြတ် (ဆွ) နောက်ပိုင်း ပွင့်ပေါ်လာမည့် တမန်တော်မှာ ဂိုင်းသရှ်ရီအီး ၊ ကျမ်းစာအသစ်၊ ရှရီအတ်အသစ်ယူဆောင်လာမည့် တမန်တော်မဟုတ်ကြောင်းနှင့် ကိုယ်တော်မြတ်(ဆွ)၏ နောက်လိုက်အဖြစ် ကိုယ်တော့်ထောက်ခံချက် တံဆိပ်ဖြင့်သာ ပွင့်ပေါ်လာမည်ဖြစ်ကြောင်း ထပ်မံသတိပေးပါရစေ။ )
ထို့ပြင် တမန်တော်မြတ်ကြီးသည် 'ကမ္ဘာ့စံပြတမန်တော်ကြီး' ဖြစ်ပေရာ တမန်တော်မြတ်၏ 'အွမ္မသ်' တပည့်နောက်လိုက်အဖွဲ့ဝင်များတွင် အာဒမ်၏ သားသမီးများ ဖြစ်ကြကုန်သော လူ့မျိုးဆက်အားလုံးမှ စုပေါင်းပါဝင်နေခဲ့ကြပြီ ဖြစ်သောကြောင့် အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှတစ်ဆင့် ''အို လူနေမှုစနစ်ကြီးကို ဗွေဆော်ဦးချမှတ် တည်ထောင်ခဲ့သော တမန်တော်ကြီးအာဒမ်မှ နွယ်ယှက်ဆင်းသက်၍ လာကြကုန်သော လူသား မျိုးဆက်ဝင်အပေါင်းတို့၊ အသင်တို့အားလုံးတို့သည် သတိတရားလက်ကိုင် ထား၍ နားဆင်ကြကုန်လော့။ အသင် (လူ့အနွယ်ဝင်အားလုံး) တို့တွင် အသင်တို့၏ ဖခင်ကြီးအာဒမ်သည် ကမ္ဘာမြေ၌ လူနေမှုအဆောက် အအုံကြီးကို စတင်ပျိုးထောင်စ ကာလကတည်းက လူသားနွယ်ဝင်တို့အား အမြဲမပြတ် နိစ္စဓူဝ ထိန်းကျောင်း ပဲ့ပြင်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ငါအရှင်မြတ်၏ မဖောက်မပြန်သောစနစ် (နိယာမတရား) ကို ဤသို့ မှာထားခဲ့ပြီး ဖြစ်သည်။
''ငါတို့ အမိန့်ရှိခဲ့သည်မှာ အသင်တို့အားလုံး ဤနေရာမှ ထွက်ခွာသွားကြကုန်။ 'ထို့နောက် မည်သည့် အခါတွင်မဆို ငါ၏ အထံတော်မှ လမ်းညွှန်မှု 'ဟုဒန်' အသင်တို့ထံ ရောက်ရှိလာလျှင်' အကြင်မည်သူမဆို ငါ၏ လမ်းညွှန်မှုကို လိုက်နာပါက သူတို့အဖို့ မည်သို့ သော စိုးရိမ်ကြောက်ရွံ့မှုမျှ ရှိမည်မဟုတ်။ ထို့ပြင် သူတို့သည် မည်သို့သော ပူဆွေးသောကမျှလည်း ဖြစ်ရမည် မဟုတ်ချေ။''
( ၂ း ၃၉)
သို့ဖြစ်ပေရာ အသင်လူသားနွယ်ဝင်အားလုံး ပါဝင်စုစည်းခဲ့ကြပြီ ဖြစ်သော 'အွမ္မသ်မူဟမ္မဒီယာ'တွင်လည်း ငါအရှင်မြတ်၏ 'ဟုဒန်' လမ်းညွှန်သူ၊ တမန်တော် တို့သည် ဆက်လက်၍ ကြွရောက်ပွင့်ပေါ်လျှက်သာ ရှိနေပေဦးမည်။ သို့ရာတွင် ထိုပွင့်ပေါ်စရာရှိသူတို့မှာ မည်သို့ဆိုစေ အသင်တို့၏ 'အွမ္မသီ' အတွင်းမှပင် ဖြစ်ရပေမည်။ ထို့ပြင် အသင်တို့၏ ကမ္ဘာ့စံပြတမန်တော်ကြီးအား ဖဝါးခြေထပ်လိုက်နာသူနှင့် ၎င်း၏ 'နို့သက်ခံသား' အဖြစ်သာ ရှိရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ငါအရှင် မြတ်၏ နိယာမ ဥပဒေနှင့်အညီ ရှေးရှေးက ပေါ်ထွန်းခဲ့ကြလေသမျှသော 'ဟာဒီ' လမ်းညွှန်တော်တို့မှာ လူမျိုးတစ်တစ်နွယ်စီအတွက်သာဖြစ်သော လူမှုအဆောက်အအုံ တည်ဆောက်မှု ဥပဒေများကို ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။ ယခု တမန်တော် မူဟမ္မဒ်(ဆွ) မှာကား ကမ္ဘာ့လူသားတစ်ရပ်လုံးကို အိမ်ထောင်စုတစ်ခုတည်းအဖြစ် စုစည်းပြီး ကမ္ဘာ့လူမှုအဆောက်အအုံကြီး တည်ဆောက်မှုဆိုင်ရာ အကြွှင်းမဲ့ပြီးပြည့်စုံသည့် ဥပဒေကြီးကို ချမှတ်ပေးတော်မူပြီ ဖြစ်၏။ ထို့ကြောင့် ဤတမန်တော်မြတ်၏ နည်းကိုမှီးပြီး တမန်တော်မြတ်၏ စံပြလုပ်ဆောင်ပြသချက်များကို အတုယူကာ တမန်တော်မြတ်၏ တာဝန်ကို ဆက်လက်တာဝန်ယူသည့် ကိုယ်စားလှယ်အဖြစ်နှင့်သာ လာရောက်ရန်ရှိသော ကြောင့်တည်း။
သို့ဖြစ်၍ အို ဓမ္မမိတ်ဆွေ ညီရင်းအစ်ကို အပေါင်းတို့။ သာသနာ့ရေးရာ ယုံကြည်သက်ဝင်ခြင်း (သဒ္ဓါတရား) ကိစ္စမှာ တစ်စုံတစ်ရာသော လောကီရေး အရောင်းအဝယ်၊ ကစားခုံစားကိစ္စသို့နှယ် မဟုတ်ရလေကား ဤသာသနာ့ ယုံကြည် သက်ဝင်မှုကိစ္စကို အလွန်အလေးအနက်ထား၍ စဉ်းစားတွေးဆ၊ ကျင့်မူကြရန် အလွန်ပင် အရေးကြီးလှပါသည်။ သို့ကြောင့် အလ္လာဟ်အရှင့် အလို့ငှာ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားတော်မူသော အလ္လာဟ် မုက္ခပါဌ်စကားကို တလေးတစား အလေးအနက် ထားကာ စဉ်းစားတွေးခေါ် အဖြေထုတ်၍ အမှန်ကို သိရှိရလေအောင် ကြိုးစားကြပါရန် တိုက်တွန်းအပ်ပါသည်။ အကြောင်းမူ ကုရ်အာန်ကျမ်းတော်မြတ်ထက် မြင့်မြတ်သော လမ်းညွှန်မှု တစ်စုံတစ်ရာမျှ မရှိသော ကြောင့်လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်၏ အဆိုအမိန့်ကို ငြင်းပယ်ခြင်းထက် ဆိုးရွားသော ကျိုးယုတ်ရှက်ရစရာဟူ၍လည်း အခြား ဘာမှ မရှိသောကြောင့်လည်းကောင်း ဖြစ်ပါပေသတည်း။
ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၅-၂)
يٰبَنِىْۤ اٰدَمَ اِمَّا يَاْتِيَنَّكُمْ رُسُلٌ مِّنْكُمْ يَقُصُّوْنَ عَلَيْكُمْ اٰيٰتِىْۙ فَمَنِ اتَّقٰى وَاَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُوْنَ
''အို အာဒမ်၏ မျိုးဆက်အပေါင်းတို့။ အကယ်၍ အသင်တို့ အတွင်းမှပင် တမန်တော်များ ရောက်လာပြီး အသင်တို့အား ငါအရှင်မြတ်၏ 'အာယတ်' တော်များကို ရွတ်ဖတ်ပြသော် အကြင် မည်သူမဆို 'တက္ကဝါ' (အလ္လာဟ်အား ကြောက်သိရိုကျိုးခြင်း) တရားကို ကျင့်မူဆောက်တည်ပြီး ပြုပြင်ပြောင်းလဲလျှင် ထိုသူတို့ အပေါ် မည်သို့သော စိုးရိမ်ကြောက်ရွံ့မှုမျှ ဖြစ်မည်မဟုတ်။ ထို့ပြင် ထိုသူတို့သည် ပူဆွေးသောက ဖြစ်ကြရမည်လည်း မဟုတ်ချေ။'' (ရး၃၆)
အို-အာဒမ်၏သားသမီး

No comments:
Post a Comment