(က)
ဟဒီးဆ်တော်လာ “ဘာအ်ဒီ” ဟူသော ဝေါဟာရကို ဝိဂြိုလ်ပြုခြင်း
“လားနဗီးယာ ဘာအ်ဒီ” (ဘူခါရီကျမ်း)
၁။ ဤဘူခါရီကျမ်းမှာပင် တမန်တော်မြတ်ကြီးက ယင်းကဲ့သို့သော အခြား ဟဒီးစ်တော်တစ်ပုဒ်ကို မိန့်ခဲ့ကြောင်း မှတ်တမ်းပြုထားပါသည်။
တမန်တော်မြတ်(ဆွ) က မိမိနှင့်စပ်လျဉ်း၍ “လားနဗီးယာဘာအ်ဒီ” ဟူ၍လည်း ကောင်း ကိုင်ဇာဧကရာဇ်နှင့် စပ်လျဉ်း၍ “လားကိုင်းဆွရာဘာအ်ဒဟူး” ဟူ၍လည်းကောင်း မိန့်ထားခဲ့ပေရာ၊ တမန်တော်မြတ်ကြီး၏ လက်ထက်တွင် ရောမအင်ပါယာကြီးကို အုပ်ချုပ်သောဘုရင်မင်းမြတ်ကြီး “ကိုင်ဇာ” ၏ နောက်တွင် ကိုင်ဇာ(မင်းဆက်)ချုပ်ငြိမ်း သွားခဲ့သလော။
ထိုမှတစ်ပါး အီရန် (ပါရှန်း) ဧကရာဇ်ခုစ်ရိုးမင်းဆက်၏နောက်တွင်လည်း ခုစ်ရိုးမင်းဆက်ပြတ်တောက်သွားခဲ့ပေသလော။ အကယ်၍ ယင်းမင်းဆက်များ မချုပ်ငြိမ်း မပြတ်တောက်သွားခဲ့ပါလျှင်လည်းကောင်း သားစဉ်မြေးဆက်ရှိခဲ့ပြီး ဆက်လက်မင်းပြု ခဲ့ပါလျှင်လည်းကောင်း “လားကိုင်းဆွရာဘာအ်ဒဟူး” နှင့် “လားကစ္စရာဘာအ်ဒဟူ” ဆိုသော အဓိပ္ပါယ်သက်ရောက်မှုသည် မည်သို့ရှိပါသနည်း။ အကယ်၍ ဤဟဒီးစ်တော်၏ ဆိုလိုသော အဓိပ္ပါယ်မှာ “ဆွဟီဟ်ဘူခါရီ၏ အလင်းပြကျမ်းဖြစ်သော ဖတေ့ဟ်ဟုလ် ဘာရီ” ကျမ်း၌ ရှင်းလင်းဖော်ပြထားဘိသကဲ့သို့
၂။
تِلْكَ اٰيٰتُ اللّٰهِ نَـتْلُوْهَا عَلَيْكَ بِالْحَقِّ ۚ فَبِاَىِّ حَدِيْثِۭ بَعْدَ اللّٰهِ وَاٰيٰتِهٖ يُؤْمِنُوْنَ
““အလ္လာဟ်နှင့် ထိုအရှင်မြတ်၏ အာယတ်တော်များ၏နောက်တွင် မည်သည့် စကားကို ၎င်းတို့ယုံကြည်ကြလေမည်နည်း””(ကုရ်အာန် ၄၅း၇)
ဤတွင် “ဘာအ်ဒလ္လာဟ်” အလ္လာဟ်အရှင်မြတ်၏နောက်တွင်ဆိုသည်မှာ မည်သို့ အဓိပ္ပါယ်သက်ရောက်စေပါသနည်း။ အလ္လာဟ်ကွယ်လွန်အနိစ္စရောက်ပြီးနောက်တွင်(သို့) အလ္လာဟ်မရှိတော့သည့်နောက်တွင်ဟု ဆိုလိုပါသလော။ (နအူဇိုဘိလ္လာဟ်)
ယင်းသို့ မဟုတ်ပါ။ ထိုသို့သော အဓိပ္ပါယ်နှစ်မျိုးလုံးမှာ လုံးဝမှားယွင်းပါသည်။ သို့ဖြစ်ရာ “ဘာအ် ဒလ္လာဟ်” ဟူသည် အလ္လာဟ်နှင့် ဆန့်ကျင်ဘက်တွင် အလ္လာဟ်နှင့်ယှဉ်လျက် အလ္လာဟ်အား စွန့်ပယ်ထားပြီး အလ္လာဟ့်အပြင်ဟူသောသဘောကို ဆောင်ပါသည်။ သို့ကြောင့် “လားနဗီယာဘာ့အ်ဒီ” ဆိုသည်မှာ ငါ (ကိုယ်တော်မြတ်)ကို ယှဉ်လျက်၊ ငါ (ကိုယ်တော်မြတ်) နှင့် တန်းတူထားလျက် မည်သို့သော တမန်တော်တစ်ပါးတစ်လေမှ မရှိနိုင်တော့ပြီဟု ဆိုလိုခြင်းသာဖြစ်ပါသည်။
အကယ်၍သာ ဖော်ပြပါအာယတ်တော်တွင် “ဖဘေအိုင်းယေဟဒီးဆင်(န်)” ဟု ပါရှိနေသောကြောင့် “အလ္လာဟ်နှင့် ထိုအရှင်မြတ်၏အာယတ်တော်များ(ဝါ)ကျမ်းမြတ် ကုရ်အာန်၏နောက်တွင် မည်သို့သော “ဟဒီးဆ်” ကို သက်ဝင်ယုံကြည်ကြမည်နည်းဟူ၍ အဓိပ္ပါယ်ပြန်ဆိုခဲ့ပါလျှင် မိမိတို့ကိုယ်ကို “အဲဟ်လေဆွန္နသ်ဝလ်ဂျမာအသ်” ဝင်များဟု ခံယူထားကြကုန်သော “ရှာဖအီ၊ ဟနဖီ၊ မာလကီ နှင့် ဟမ်ဘလီ” ဂိုဏ်းဝင်အားလုံးတို့ အနေနှင့် ကျမ်းမြတ်ကုရ်အာန်၏နောက် မည်သို့သော “ဟဒီးဆ်” ကိုမှ လက်ခံမယုံကြည် တော့ပေဘူးလော။ အကယ်၍ ဟဒီးဆ်တော်များကို ယုံကြည်ခဲ့ပါလျှင် ကုရ်အာန်နှင့်ယှဉ်၍ တန်းတူထားပြီး ယုံကြည်ကြပါသလော။ မဟုတ်လျှင် အဖြေကရှင်းပါသည်။
“လားနဗီးယာဘာအ်ဒီ” မှာလည်း တမန်တော်မြတ်နှင့် ယှဉ်ထားပြီး တန်းတူအဆင့်ပေး၍ မည်သို့သော တမန်တော်ကိုမျှ ပွင့်ပေါ်စေမည်မဟုတ်ဟု ဆိုခြင်းသာဖြစ်ပါကြောင်း။
(၃) ဟဒီးဆ်တော်တစ်ရပ်လာရှိထားပြန်သည်မှာ
ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်ကြီးနက “ယခ်ရုဂျားနေဘာ်အ်ဒီ” ထိုလူလိမ်လူညာ (နဗီအတုအယောင်) နှစ်ယောက်မှာ ငါ၏နောက်တွင် ပေါ်လိမ့်မည်ဟု မိန့်ထားပါသည်။ ဤတွင် “ဘအ်ဒ်” ဆိုရာ၌ မရှိခိုက်တွင် (သို့) ကွယ်လွန်ပြီးလျှင်ဟု ဆိုလိုခြင်းမဟုတ်မူ၍ “ငါနှင့်ယှဉ်ပြိုင်ပြီး” ဟု ဆိုခြင်းဖြစ်ပေသည်။ အကြောင်းမူကား “မူဆိုင်လေမာကတ်ဇားဘ်” နှင့် “အတ္ဆဝသ်အန်ဆီ” (နဗီတုနဗီယောင်) နှစ်ဦးလုံးမှာ တမန်တော်မြတ်ကြီးသက်ရှိထင်ရှားရှိနေတော်မူခိုက်မှာပင် တမန်တော်အဖြစ် ကြေညာ၍ တမန်တော်မြတ်နှင့် ယှဉ်ပြိုင်ကာ ပေါ်ပေါက်လာခဲ့ကြသောကြောင့် ဖြစ်ပေသည်။
သို့ဖြစ်ရာ ဤသည့် ဘူခါရီကျမ်းမှာပင် တမန်တော်မြတ်ကြီး၏ အခြား ဟဒီဆ်တော်တစ်ပုဒ်ကို ဤသို့မှတ်တမ်းပြုထားပါသည်။
““သို့ဖြစ်ရာ ငါ(ကိုယ်တော်မြတ်)သည်၊ ယင်းသည်အားဖြင့်၊ ထိုစဉ်က အကြင်သူတို့၏ အကြားတွင် ငါကိုယ်တော်ရှိနေသည့် လူလိမ်နှစ်ဦးဟု အဓိပ္ပါယ်ကောက် ယူခဲ့လေသည်။ ဆိုလိုသည်မှာ အတ္ဆဝသ်အန်ဆီနှင့် မုဆိုင်လေမာကတ်ဇားဗ်(နဗီအတု အယောင်နှစ်ဦး) တို့ ဖြစ်သည်”” (ဘူခါရီကိတာဘုလ်ရို့အ်ယာ၊ တွဲ-၄၊ စာ-၁၃၄၊ အီဂျစ်ပြည်ပုံနှိပ်)
သို့ဖြစ်၍ ဤတွင် “အနားဘိုင်းနာဟိုမာ” (ငါကိုယ်တော် အကြင်သူနှစ်ဦး၏ အကြားတွင်ရှိနေသည်) ဟူသော စကားက “ယခ်ရုဂျားနေဘာအ်ဒီ” တွင် “ဘာအ်ဒီ” ဟု ဖော်ပြခဲ့ခြင်းမှာ ငါနှင့်ယှဉ်ပြိုင်လျက် ငါ့အား ဆန့်ကျင်ဘက်ပြုလျက်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း လင်းဝင်းထင်ရှားသိသာလှပေသည်။ သို့ကြောင့် “လားနဗီယာဘာအ်ဒီ” ဟု ဆိုရာတွင်လည်း ငါကိုယ်တော်နှင့် ယှဉ်ပြိုင်လျက် ငါ့အား ဆန့်ကျင်ဘက်ပြုလျက် မည်သည့်တမန်တော်တစ်ဦးတစ်လေမျှ ပွင့်ပေါ်နိုင်လိမ့်မည်မဟုတ်ဟု ဆိုခြင်းသာဖြစ် ကြောင်း ထပ်လောင်း၍ သက်သေရရှိပါသည်။
“အာခီရ်” ဟူသော ဝေါဟာရ
ဖော်ပြပါစကားလုံး (ဝေါဟာရ)ကိုလည်း အောက်ပါဟဒီးစ်တော်တစ်ပုဒ်ဖြင့် အထင်အရှားဖြစ်အောင် လင်းပြခဲ့ပါသည်။““တမန်တော်မြတ်က ငါသည် “အာခရီ” နဗီဖြစ်၏။ ထို့ပြင် ငါ၏ (မဒီနာတွင် ရှိသော) ဤဗလီ (မတ်စ်ဂျီဒ်နဗဝီ)သည်လည်း “အာခရီ” ဗလီဝတ်ကျောင်း တော်ဖြစ်၏။ (မွတ်စလင်ကျမ်း၊ စာ-၅၃၁)
အကယ်၍ “အာခီရ်” ကို နောက်ဆုံး၊ အန္တိမ၊ အဆုံးသတ်ဟု အနက်ပြန်ပါလျှင် မဒီနာမြို့တွင်ရှိသော “မတ်စ်ဂျီဒ်နဗဝီ” တမန်တော်မြတ်၏ ဗလီ၏နောက်တွင် ဗလီဝတ် ပြုရာကျောင်းတော် တစ်ခုတစ်လေမျှပင် မဆောက်လုပ်ဘဲ ရှိပေသလော။ တမန်တော် မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်အခါမှာပင် ဗလီအမြောက်အများ ဆောက်လုပ်လျက် ရှိခဲ့ပြီး ယနေ့ထက်တိုင်လည်း အလွန်လျင် ခန့်ထည်ကြီးကျယ်လှပေသော ဗလီများကို ကမ္ဘာနှင့်အဝှမ်းတွင် ဆောက်လုပ်တည်ထားလျက်ပင်။ ယင်းသည် အားလုံးတို့မှာ ကိုယ်တော်မြတ်၏ ဗလီ၏ “နောက်တွင်” တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။
ဤသို့ တည်ဆောက်ခြင်းမှာ ပြုပိုင်ခွင့် မရှိသလော။ မဟုတ်ပါ။ ဟဒီးဆ်တော်၏ ဆိုလိုခြင်း သဘောသကန်မှာ ငါကိုယ်တော်ဆောက်လုပ်ခဲ့သော ဗလီဆောက်လုပ်ရခြင်း၏ ရည်မျှော်မှန်းထားချက် (ဝါ) စဂျဒါ ဦးချဝတ်ပြုခြင်းနှင့် ကစ်ဘလာဘက်သို့မျက်နှာမူခြင်း စသည်တို့ကို ဖြည့်ဆည်းခြင်းမရှိ၊ ငါကိုယ်တော်တည်ခဲ့သော ဗလီကိုစံမပြုဘဲ ဆောက် လုပ်သော ဗလီဟူ၍ တည်ဆောက်ခွင့်မရှိဟု ဖော်ပြမိန့်မှာခဲ့ခြင်းသာဖြစ်ပါသည်။
အချုပ်ဆိုသော် တစ်စင်ထောင်သည့်သဘော၊ ယှဉ်ပြိုင်အန်တုသည့်သဘောကို ဆောင်လျက် ဤတွင် “အာခေရုလ်မဆာဂျီဒ်” ဟု ဖော်ပြထားခြင်းဖြစ်သည်။ သို့ကြောင့် “အာခေရုလ်အန်ဗေယာ” ၏ သဘောမှာလည်း ငါကိုယ်တော်၏နောက်တွင် “ရှရီအသ်” ဓမ္မဥပဒေသ၊ ပညတ်တရားကို ချမှတ်ပြဋ္ဌာန်းသူ (သို့) ငါချမှတ်သောပညတ်တရားနှင့် ဆန့်ကျင်ဘက်ပြုသူ (သို့) ငါ့အားနာခံလိုက်နာခြင်း၏ အပြင်ဘက်တွင်ရှိသော တမန်တော် အဖြစ် ကြေညာသူဟူ၍ မပေါ်ထွန်းနိုင်ဟု ဆိုလိုခြင်းဖြစ်ပေသတည်း။
နောက်ဆက်တွဲ (ခ)
No comments:
Post a Comment