ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၆-၁)
သာဓက အမှတ် (၇)
သက်ဝင်ယုံကြည်၍ သီလစောင့်ထိန်းကြသောမွတ်စလင်ထုကြီးအတွက် အလ္လာ့ဟ် ကတိတော်

ကျမ်းမြတ်ကုရ်အာန် 'ဆူရာဟ် နူးရ်' တွင် 'အာယသ်အီစ်တီခ်လားဖ်' ဟူသော 'ခလီဖာခန့်အပ်ခြင်း ဆိုင်ရာ အာယတ်တော်' တစ်ပုဒ်အားဖြင့် အလ္လာဟ်အရှင်မြတ်က ဤသို့မိန့်တော်မူထားပေသည်။
''အလ္လာဟ်သည် အသင်တို့မှ သက်ဝင်ယုံကြည်၍ အခြေ အနေနှင့် အချိန်ကာလအားလျော်စွာ ကောင်းမှုကျင့်မူကြသူတို့အား ကတိပေးတော်မူသည်မှာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အလျင်က ရှိခဲ့ကြသော အကြင်သူတို့အား 'ခလီဖါဟ်' ပြုပေးတော်မူ ဘိသကဲ့သို့ ၎င်းတို့ကိုလည်း ကမ္ဘာမြေတွင် 'ခလီဖါဟ်' ပြုပေးတော်မူမည်။ ထို့ပြင် ၎င်းတို့အဖို့ နှစ်သက်ပြီဖြစ်သော အကြင်သာသနာကို ထိုအရှင် မြတ်သည် ၎င်းတို့အတွက် ခိုင်ခံ့မြဲမြံစွာ တည်ရှိစေတော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် အခြေအနေ၏ နောက်တွင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ငြိမ်းအေးချမ်းသာသော အခြေအနေကို ပြောင်းလဲ၍ပေးတော်မူမည်။ ၎င်းတို့သည် ငါအ ရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြမည်။ (ထို့ပြင်) မည် သည့်အရာကိုမျှ ငါအရှင်မြတ်နှင့် ယှဉ်ဘက်ထားကြလိမ့်မည် မဟုတ် ချေ။ စင်စစ်တစ်မူကား အကြင်သူတို့သည် ထိုသည့် နောက်တွင် လည်း ငြင်းပယ်ကန့်ကွက်ကြသည်ရှိသော် ယင်းသူတို့မှာ အမိန့်ဖီဆန် သူ (ဖာစိက်) များတွင် သတ်မှတ်ခြင်း ခံကြရလိမ့်မည်'' (၂၄ း ၅၆)
(၁) အလ္လာဟ်အရှင်မြတ်၏ကတိတော်
ဤအာယတ်တော်တွင်တမန်တော်မြတ်လက်ထက်ရှိအမှန်တကယ်အီမာန် ယုံကြည်ကြကုန်သော၊ကောင်းမြတ်သောအကျင့်သီလများဆောက်တည်ကြကုန်သော၊ တမန်တော်မြတ်၏အမိန့်တော်များကို တစ်သွေမတိမ်းလိုက်နာကြကုန်သောမုအ်မင်န်စစ် စစ်တို့အားရည်ညွှန်း၍၊၎င်းတို့အားတမန်တော်မြတ်(ဆွ)၏နောက်တွင်တိုင်းပြည်အုပ်ချုပ်မှုအာဏာချီးမြှင့်တော်မူမည့်အကြောင်း၊
မိမိနှစ်သက်တော်မူသော အစ္စလာမ်သာသနာတော်ကို ၎င်းတို့ဖြင့် ကမ္ဘာတွင် ရပ်တည်ထွန်းကားစေတော် မူမည့်အကြောင်း၊ ထိုအချိန်တွင် ၎င်းတို့သည် ကာဖဲရ်များအား စိုးရိမ်နေကြတော့မည် မဟုတ် ကြောင်း၊
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် အလ္လာဟ်အရှင်မြတ်အား ဝတ်ပြု နိုင်ကြတော့မည် ဖြစ်ကြောင်း၊
ထိုအရှင်နှင့် ယှဉ်တွဲ၍ မည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်ကြတော့မည် မဟုတ်ကြောင်း၊ ကတိပြုထားတော်မူသည်။ အဆိုပါ ကတိတော်သည် ခလီဖဟ်သမ္မတ ကြီးလေးပါး လက်ထက်တွင် အတည်ဖြစ်ခဲ့ချေပြီ။ ဤကား ကမ္ဘာ့သမိုင်းစဉ်တွင် အထင် အရှားပင်။
အဆိုပါ ခလီဖဟ်သမ္မတကြီးလေးပါးနောက်တွင်လည်း ထိုသို့သော ခလီဖဟ်သမ္မတများ ပေါ်ထွန်းခဲ့ကြပေသည်။ အလိုတော်ရှိပါက နောင်တွင်လည်း ထိုသို့သော ခလီဖဟ်သမ္မတများ ပေါ်ထွန်းကြပေမည်။
ဟဒီးဆ်တော်များအရ ခလီဖဟ်သမ္မတများတွင် နောက်ဆုံးခလီဖဟ်မှာ အေ့မာမ်မဟ်ဒီသခင် ဖြစ်သည်။ အေမာမ် မဟ်ဒီသခင်သည် ကမ္ဘာတွင် အစ္စလာမ် တရားတော်နှင့်အညီ စံမတူအောင် တရားမျှတစွာ အုပ်ချုပ်မည်။ ထိုသခင် လက်ထက် တွင် မတရားမှုဟူ၍ စိုးစဉ်းမျှပင် ကျန်ရှိမည် မဟုတ်။ တရားမျှတမှုချည်းသာ ရှိပေမည်။
မှတ်ချက်။ ခလီဖဟ်-မွတ်စလင်မ်သမ္မတများသည် လောကီဆိုင်ရာ အခြားဘုရင်များနှင့် မတူကြပေ။ ၎င်းတို့သည် တမန်တော်မြတ်၏ အရိုက်အရာကို ဆက်ခံသူများအနေနှင့် အလ္လာဟ်အရှင်မြတ်၏ အစိုးရကိုသာ ကြေညာကြပေမည်။ မှန်ကန်သော အစ္စလာမ်၏ အခြေခံများကို ခိုင်မြဲအောင် ပြုလုပ်ကြပေမည်။ (ဖဟ်ဒ်ဘုရင် ကုရ်အာန် ကျမ်းမြတ်ပုံနှိပ် တိုက်ထုတ်၊ ကုရ်အာန်ကျမ်းမြတ်၊ မြန်မာဘာသာပြန်၊ ဒုတွဲ၊ စာ ၁၉၁၂ - ၁၉၁၃ အောက်ခြေရှု)
အဆိုပါ မုက္ခပါဌ်တော်တွင် 'ခလီဖဟ်' ဟူသည့် စကားလုံး ပါရှိနေသော ကြောင့်၊ 'ခလီဖဟ်' နှင့် စပ်လျဉ်း၍ သိထားရမည်မှာ-
၁။

''အကြင်သူတစ်ဦးကို ကိုယ်စားပြုသူနှင့် အရိုက်အရာဆက်ခံသူ။''
၂။
''အုပ်ချုပ်သူအကြီးအကဲ မင်းသမ္မတ၊ ဧက္ကရာဇ်။
၃။
''ရှရီအသ်၊ ဘာသာရေးဥပဒေသ အားလျော်စွာ ၎င်း၏ အထက်တွင် မည့်သည့်အုပ်ချုပ်သူမျှ မရှိသော ရှေ့ဆောင်ပုဂ္ဂိုလ်နှင့် အုပ်ခုျပ်သူအကြီးအကဲအား ခလီဖါဟ်ဟု ခေါ်ဆိုပေသည်။
''အခြားသူ၏ အရိုက်အရာဆက်ခံခြင်းကို 'ခီလာဖသ်' ဟု ခေါ်သည်။ ထိုအရိုက်အရာ ဆက်ခံမှုမှာ အရိုက်အရာဆက်ခံစေသူ (ခေတ္တ) မရှိခြင်းကြောင့်သော်လည်းကောင်း၊ အနိစ္စ ရောက်ခြင်း (သို့) အလုပ်မနိုင်နင်းခြင်းကြောင့်သော်လည်းကောင်း၊ ခန့်အပ်ခြင်း ဖြစ်သည်။ ထို့ပြင် အချို့ခါများတွင် ဤဆက်ခံခြင်းမှာ အလ္လာဟ် အရှင်မြတ်က မိမိ၏ ဖန်ဆင်းခံလူသားတို့အား ကမ္ဘာမြေပေါ်တွင် 'ခလီဖါဟ်' အဖြစ် ပြုတော်မူသည် ဟူသကဲ့သို့ ထိုအရိုက်အရာ ဆက်ခံမှု သည် ဂုဏ်သိက္ခာပေးသည့် သဘောမှတစ်ပါး အခြား မဟုတ်ချေ။ ထို့ပြင် 'ရှရီအသ်' ဘာသာရေးဥပဒေဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ 'ခိလာဖသ်' ဟူသည် 'အေမာမသ်' ရှေ့ဆောင် ရှေ့ရွက် ဦးဆောင်မှုကို ဆိုပေသည်။ (အက္ကရဗ်အဘိဓာန်) (တပ္ဖစီရေ ကဗီးရ်၊ အဟ်မဒီအဖွဲ့ထုတ်၊ တွဲ ၁၊ အခန်း ၁၊ စာ ၂၇၂ မှတဆင့်) ဤသို့အားဖြင့် ခလီဖါဟ်ဟူသည် ၁ - ရှေးမျိုးနွယ် (သို့) လူပုဂ္ဂိုလ်၏ အရိုက်အရာဆက်ခံသူ။ ၂ - ရာထူးကြီးကဲသူတစ်ဦးက မိမိအသက်ထင်ရှားရှိစဉ်မှာပင် အခြားသောအရပ်ဌာနသို့ မိမိအာဏာစက်ကို ဖြန့်ကြက်ရောက်ရှိစေရန် အလို့ငှာ၊ ၎င်း၏ ကိုယ်စားလှယ်အဖြစ် ခန့်ထားခြင်း ခံရသူ။ ၃-အကြင်ပုဂ္ဂိုလ်၏ နောက်တွင် ထိုသူ၏ ကိုယ်စားလှယ်အဖြစ် အခြားသူတစ်ဦးဦးက (က) ထိုူပုဂ္ဂိုလ်၏ လုပ်ပိုင်ခွင့်များ (သို့) လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရသူ (ခ) ထိုူပုဂ္ဂိုလ်၏မျိုးဆက်များစသည်ကို ခလီဖါဟ်ဟု ခေါ်ဆိုကြောင်း သိရှိရပါသည်။
တမန်တော်ကြီးမူဆာ(အ)သည် ကတိတော်ထားရှိသော ညဉ့်များအတွက် 'တူရ်' မည်သော တောင်ပေါ်သို့ (ရက်လေးဆယ်ခရီး)ကြွမည်ပြုရာ မိမိ (ခေတ္တ) မရှိခိုက်အချိန်များတွင် စီမံခန့်ခွဲရန်ဟူသောသဘောဖြင့် တမန်တော် 'ဟာရွန်' အား 'ကျွနု်ပ် မရှိခိုက် ကျွနု်ပ်၏ ကိုယ်စားလှယ်တော် အဖြစ် ၎င်းတို့အား ထိန်းကျောင်း ပဲ့ပြင်၍ ပေးပါ'' (၇ း ၁၄၄) ဟု မိန့်မှာ အပ်နံှခဲ့သည့်အလား၊ နဗီဖြစ်စေ၊ နဗီတမန်တော် မဟုတ်သူအားဖြစ်စေ၊ ကိုယ်စားဆောင်ရွက်ခွင့် အာဏာကို ပေးအပ်ခြင်း ခံရသူ၊ မည်သူကိုမဆို 'ခလီဖါဟ်' ဟု ဆိုနိုင်သည်။ အဆိုပါ အာယတ်တော်အရ တမန်တော် ဟာရွန်(အ)မှာ ဤဖြစ်ရပ်မတိုင်မီကပင် 'နဗီ' တမန်တော်ရာထူးကို ရရှိထားခဲ့ပြီဖြစ်၍ တမန်တော်မူစာ(အ)က တမန်တော်ဟာရွန်(အ)အား ပေးအပ်သော 'ခိလာဖသ်' တာဝန်မှာ ''ခိလာဖသေနဗူဝသ်'' (တမန်တော်ရာထူးဖြင့် ကိုယ်စားလှယ်ခန့်အပ်ခြင်း) မဟုတ်ချေ။ ဤတွင် တမန်တော် ဟာရွန်အား ကိုယ်စားအုပ်ချုပ်ခွင့် တာဝန်ပေးအပ်သော သဘောမှာ တမန်တော်ကြီးမူဆာ(အ)မရှိစဉ် အခိုက်အတန့်တွင် အမျိုးသားတို့အား စီမံအုပ်ချုပ်ရန် စည်းလုံးညီညွတ်မှု မပြိုပျက်အောင် စောင့်ထိန်းရန်နှင့် ပြဿနာအရပ်ရပ်မှ အကာအကွယ်ပေးရန်ဟူသော သဘောဖြင့် ခန့်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဤ 'ခိလာ ဖသ်' မှာ 'ခိလာဖသေနဗူဝသ်' မဟုတ်မူဘဲ 'ခိလာဖသ်အင်န်သေဇာမီ' (စီမံကွပ် ကဲရန် တာဝန်ပေးခြင်း) သာ ဖြစ်ပေသည်။
သို့ရာတွင် ဖော်ပြပြီးခဲ့သည့်အတိုင်း ဤသို့ ပုဂ္ဂလိက 'ခိလာဖသ်' ရွေးချယ် ခန့်အပ်မှုတွင် 'ခိလာဖသ် အင်န်သေဇာမီ' (စီမံကွပ်ကဲရန် တာဝန်ပေးခြင်း) အပြင် 'ခိလာဖသေနဗူဝသ်' (တမန်တော်ရာထူးအားဖြင့် ကိုယ်စားလှယ်ပြုစေခြင်း) လည်း ရှိပေသေးသည်။ ဆိုလိုသည်မှာ ရှေ့ဦးနဗီတစ်ပါး၏ အမျိုးသားတို့ကို ပဲ့ပြင် ထိန်းကျောင်း ရန်အတွက် အလ္လာဟ်အရှင်မြတ်က ပညတ်တရားအသစ်ကို မချပေးဘဲ ရှေ့ဦးတမန်တော် ချမှတ်ခဲ့ပြီးဖြစ်သော 'ရှရီအသ်' ပညတ်တရားတော်နှင့်စပ်ဆိုင်သမျှ အရေးတွင် ဤနဗီ တမန်တော်မှာ ရှေးဦးနဗီတမန်တော်၏ အလုပ်အကိုင် တာဝန်ဝတ္တရားကိုသာ ဆက်လက် စောင့်ထိန်းလုပ်ကိုင်ရသူ ဖြစ်ပေသည်။ ဤသို့အားဖြင့် ဤတမန်တော်မှာ ရှေ့ဦးတမန် တော်၏ 'ခလီဖာဟ်' ဖြစ်ရလေသည်။ သို့သော် ၎င်းသည် ရာထူးဌာနန္တရအားလျော်စွာ ရှေ့ဦး တမန်တော်က ခန့်ထားသူလည်း မဟုတ်သည့်နည်းတူ ထိုရှေ့ဦးတမန်တော်၏ 'အွမ္မသ်' အမျိုးသားတို့မှ ရွေးချယ်တင်မြှောက်ခြင်းခံရသူလည်း မဟုတ်ဘဲ အလ္လာဟ် အရှင်မြတ်ကိုယ်တော်တိုင်က တိုက်ရိုက် ရွေးချယ်ခန့်အပ်ခြင်းခံရသူ ဖြစ်ပေသည်။ ဤသို့သော 'ခလီဖါဟ်' များမှာ 'ဘနီအစ္စရာ အီလ်' အမျိုးသားတို့တွင် အမြောက်အမြား ပေါ်ထွန်းခဲ့ကြသည်ဟု ဆိုနိုင်ရုံ မည်ကာမျှသာ မဟုတ်ဘဲ တမန်တော်ကြီးမူဆာ(အ)၏ နောက်ပိုင်းတွင် 'ဘနီအစ္စရာအီလ်' အမျိုးသားတို့တွင် ပွင့်ပေါ်ခဲ့ကြလေသမျှ နဗီတမန် တော် အားလုံးသည်ပင် ထိုကဲ့သို့သော 'ခလီဖါဟ်' များသာ ဖြစ်ခဲ့ကြပေသည်။ တစ်နည်း ဆိုသော် ၎င်းတို့အားလုံးမှာ နဗီတမန်တော်များကား ဟုတ်၏။ သို့သော် 'ရှရီအသ်' ပညတ်တရားအသစ်ကို ယူဆောင်လာခဲ့ကြသော 'ဥပဒေပြုတမန်တော်များ' မဟုတ်မူဘဲ တမန်တော်ကြီးမူဆာ (အ) ချမှတ်ထားရစ်ခဲ့သည့် 'ရှရီအသ်' ပညတ်တရားတော်ကိုသာ လိုက်နာကြကာ မိမိအမျိုးသားတို့ကိုလည်း သာသနာတော်အတွင်း အသစ်တီထွင်လာ ခဲ့သမျှကို စွန့်လွှတ်ကြပြီး နဂိုမူရင်း အခြေခံတရားစစ်ကိုသာ လိုက်နာကြရအောင် ဆောင်ရွက်ရန် ပေါ်ထွန်းလာခဲ့ကြသူများ ဖြစ်ပေသည်။
ဤသည်ကို မြတ်ကုရ်အာန်က ကျွနု်ပ်တို့အား ဤသို့အသိပေးထားပါသည်။
''ဧကန်ပင် ငါတို့သည် 'တောင်ဝ်ရာတ်' ကျမ်းတော်ကို ပို့ချတော်မူခဲ့၏။ ယင်း၌ လမ်းညွှန်မှုသည် လည်းကောင်း အလင်း ရောင်သည်လည်းကောင်း ပါရှိ၏။ ယင်း တောင်ဝ်ရာတ် ကျမ်း တော်'အားဖြင့် မိမိကိုယ်ကို လုံးဝနာခံလိုက်နာမှုတွင် ဆိုက် ရောက်လျက် ရှိခဲ့ကြသော တမန်တော်တို့သည် ရဟူဒီများ အတွက် စီရင်ဆုံးဖြတ်မှုကိုပြုခဲ့ကြ၏။ ထို့ပြင် သူတို့သည် ယင်းအပေါ် သက်သေများ ဖြစ်ခဲ့ကြ၏။ " (၅ း ၄၅)
ဤအာယတ်တော်အားဖြင့် တမန်တော်ကြီး မူဆာ(အ)၏ နှောင်းပိုင်းတွင် တမန်တော်ကြီး ချမှတ်ခဲ့သော 'ရှရီအသ်' ပညတ်တရားတော်အား မြဲမြဲမြံမြံရှိစေဖို့ စောင့်ရှောက်ရန် တမန်တော်များသည် တမန်တော်ကြီး မူဆာ(အ)၏ 'ခလီဖါဟ်' အဖြစ် ပွင့်ပေါ်ခဲ့ကြကြောင်းနှင့် ထိုနဗီတမန်တော်များအပြင် 'ရဗ္ဗာနီ' များနှင့် 'အဟ်ဘာရ်' များဟု ခေါ်ထိုက်သော ပုဂ္ဂိုလ်များ ခန့်ထားတော်မူခဲ့ကြောင်းတို့ကို သိရှိရပေသည်။ သို့ဖြင့် တမန်တော်ကြီး မူဆာ(အ)၏ နှောင်းကာလတလျှောက်လုံး နဗီတမန်တော်များနှင့် သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်သူ 'မူဂျဒီဒ်' များမှာ 'ခလီဖါဟ်' များ အသွင်ဖြင့် အစဉ်အဆက် ပေါ်ထွန်းခဲ့ကြကာ ဥပဒေပြုတမန်တော်ကြီး ဖြစ်သော တမန်တော်မူဆာ(အ)၏ စီမံကိန်းကြီးကို ပြီးပြည့်စုံသည့်တိုင် ဆောင်ရွက်ခဲ့ကြကြောင်း နားလည်ကြရ ပါသည်။ ဤအစဉ်အဆက်မှ နောက်ဆုံးကွင်းဆက်မှာ တမန်တော် အီဆာ(အ)သာ ဖြစ်ပါသည်။ ဤအချက်ကို မြတ်ကုရ်အာန်အား ဂနသေချာစွာ ဆင်ခြင်သုံးသပ်မှု မပြုကြသောကြောင့် မွတ်စလင်အများစုမှာ အထူးသဖြင့် 'အာခရီဇမာ နာ' ကမ္ဘာ့နောက်ဆုံးနေ့များဟု ခေါ်တွင်သော မျက်မှောက်ကာလရှိ မွတ်စလင်များ အနေနှင့် တမန်တော် အီဆာအား 'ရှရီအသ်' ပညတ်တရားကို ယူဆောင်လာသော ဥပဒေပြုပုဂ္ဂိုလ် (Law Bearing Prophet)ဟု ထင်မှတ်မှားလျက် ရှိနေကြ ပေသည်။
ထိုကဲ့သို့ပင် ဤခေတ်ကာလရှိ ခရစ်ယာန်ဘာသာဝင်တို့ကလည်း ၎င်းအား ဓမ္မအသစ်ကို ယူဆောင်လာခဲ့သူဟု ထင်မှတ်ကြသောကြောင့် မိမိတို့ ယုံကြည်ကြသောကျမ်းကို 'ဓမ္မသစ်ကျမ်း' ဟု မှည့်ခေါ်ထားကြခြင်း ဖြစ်ပါသည်။ စင်စစ်သော်ကား မြတ်ကုရ်အာန်က တမန်တော်အီဆာ(အ)အား တမန်တော်ကြီး မူဆာ၏ သာသနာကို စောင့်ထိန်းသူ 'ခလီဖါဟ်' တစ်ပါးအဖြစ်သာ ဖော်ပြထား ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသည်မှာ -
''ထို့ပြင် ငါတို့သည် 'တောင်ဝ်ရာတ်' ကျမ်းတော်၏ သင်ပြချက်များကို အစဉ်မပြတ် ရှိစေရန် ပွင့်ပေါ်ခဲ့ကြသော ထိုတမန်တော်များ၏ လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန် အလို့ငှာ မရ်ယမ်၏သား အီဆာအား သူ၏ အလျင်ကရှိခဲ့သော 'တောင်ဝ်ရာတ်' ကျမ်းတော်ကို (အခိုင်အမာပြု) ထောက်ခံသူအဖြစ် စေလွှတ်တော်မူခဲ့၏။'' (၅ း ၄၇)
တမန်တော်အီဆာယေရှုခရစ်တော် ကိုယ်တိုင်က လည်း-
''ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား ကောင်း ကင်နှင့် မြေကြီး မပျက်စီးသည်တိုင်အောင် ပညတ္တိကျမ်း၌ အငယ် ဆုံးသော စာလုံးဗိန္ဓု တလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ'' (ရှင်မဿဲ ခရစ်ဝင်။ ၅ း ၁၇ - ၁၈။)
အချုပ်ဆိုသော် တမန်တော်ကြီးမူဆာ(အ) အနိစ္စရောက်သည်နှင့် တပြိုင်နက် 'ခလီဖါဟ်' ရာထူးကို ဆက်ခံသူ ယောရှုမှသည် (ယောရှုမှတ်စာ ၁ း ၁ - ၂။) တမန်တော်အီဆာအထိ ပွင့်ပေါ်ခဲ့သမျှ တမန်တော်များနှင့် သာသနာတော် သန့်ရှင်းအောင်ပြုကြကုန်သော 'မူဂျဒီဒ်' အားလုံးတို့မှာ တမန်တော်ကြီး မူဆာ(အ)၏ ခလီဖါဟ်များနှင့် တမန်တော်ကြီး ချမှတ်ခဲ့သော 'ရှရီအသ်' ပညတ်တရားတော်ကို အစဉ်အဆက် စောင့်ထိန်းခဲ့ကြသူများသာ ဖြစ်ကြပေသတည်း။
ဤကဲ့သို့ပင် တမန်တော်မြတ်ကြီး မူဟမ္မဒ်သခင်(ဆွ)၏ 'အွမ္မသ်' အမျိုးသား ထုကြီးကိုလည်း အလ္လာဟ် အရှင်မြတ်က ဖော်ပြပါ သုံးမျိုးသုံးစားလုံးသော 'ခိလာဖသ်' ကို ထပ်တူထပ်မျှ ပေးသနားချီးမြှင့်တော်မူမည် ဖြစ်ကြောင်း (ကုရ်အာန် ၂၄ း ၅၆) တွင် ကတိပေးတော်မူခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါအာယတ်တော်ရှိ
كَمَا اسْتَخْلَفَ الَّذِيْنَ مِنْ قَبْلِهِمْ ၎င်းတို့၏ အလျင်က ရှိခဲ့ကြသော အကြင်သူတို့ အား 'ခလီဖါဟ်' ပြုပေးတော်မူဘိသကဲ့သို့ ဟူသော စကားပိုဒ်ကို ပို၍ ရှင်းလင်းစွာ ကွင်းကွင်းကွက်ကွက် သိရှိနားလည် သဘောပေါက်ကြစေခြင်းငှာ အောက်ပါ အာယတ်တော်ဖြင့် ခိုင်းနှိုင်း ပမာပြကာ ဖော်ပြထားတော်မူခဲ့ပါသည်။
''အို လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် တမန်တော် မူစာအား ဖိရ်အောင်န်ဘုရင်ထံသို့ သက်သေခံရန် စေလွှတ်တော် မူဘိသကဲ့သို့ (ထိုနည်းထိုအသွင်ဖြင့်) အသင်တို့ထံသို့ သက်သေခံရန် တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၏။'' (၇၃ း ၁၆)
ဤအာယတ်တော်တွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွ)အား တမန်တော်မူစာ(အ)၏ အနှိုင်းခံပုဂ္ဂိုလ်အဖြစ် ဖော်ပြထားပါသည်။ သို့ဖြင့် 'အာယတ် အီစ်တီခ်လာဖ်' (၂၄ း ၅၆) တွင် ဖော်ပြထာေးသာ
كَمَا اسْتَخْلَفَ الَّذِيْنَ مِنْ قَبْلِهِمْ ဟူသည် တမန်တော်မူဆာ(အ)၏ 'အွမ္မသ်' အမျိုးသားများကို ညွှန်းဆိုကြောင်း သိရှိရပါသည်။ သို့ကြောင့် 'တပ္ဖစီရ်ရူဟုလ် မာအာနီ' ကျမ်းတွင်
''၎င်းတို့၏ အလျင်က ရှိခဲ့ကြသူများဟူသည် ဘနီအစ္စရာအီလ်အမျိုးသား တို့အား ဆိုခြင်းဖြစ်သည်'' ဟု ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍ တမန်တော်မြတ်ကြီး မူဟမ္မဒ်သခင်(ဆွ)နှင့် တမန်တော်ကြီး မူဆာ(အ)တို့မှာ ဥပဒေပြုတမန်တော်ကြီးများ ဖြစ်သောကြောင့် ခိုင်းနှိုင်းဥပမာပြခြင်းကခံကြရသည့် အလား တမန်တော်မြတ်ကြီး(ဆွ)၏ 'အွမ္မသ်' အတွင်းမှ ပေါ်ထွန်းကြမည့် ခလီဖာဟ်များ ကိုလည်း တမန်တော်ကြီးမူဆာ(အ)၏ နောက်တွင် တစ်ဆယ့်လေးရာစုတိုင် ပေါ်ထွန်းခဲ့ ကြသော နဗီတမန်တော်အဆင့်ရှိ ခလီဖာဟ်များနှင့် ခိုင်းနှိုင်းပမာပြခြင်းကို ခံကြရခြင်း ဖြစ်ကြောင်း၊ အထင်အရှား သိရှိရပါသည်။
သို့ကလို အထက်ဖော်ပြပါ အာယတ်တော်များကို လည်းကောင်း၊ သာဓက အမှတ်(၆)တွင် တင်ပြခဲ့ပြီးဖြစ်သော တမန်တော်ကြီးနူဟ်(အ)နှင့် တမန်တော် အစ်ဗရာဟင်မ ်(အ) တမန်တော်ကြီးမူဆာ(အ)နှင့် တမန်တော် အီဆာ(အ)တို့၏ ဆက်နွယ်ပတ်သက်ပုံတို့ကို လည်းကောင်း သတိတရားလက်ကိုင်ထားလျှက် ဆက်စပ်ချိန် ထိုး ကိုက်ညှိစစ်ဆေး ကြည့်မည်ဆိုက 'အင်ရှာအလ္လာဟ်' စာရှုသူအနေနှင့် မြတ်ကုရ်အာန် ၏ အလိုသဘောကို ကောင်းစွာသဘောပေါက် နားလည်လာပါလိမ့်မည်။
ဤသည်အားလုံးကို ခြုံငုံသဘောပေါက်ကြစိမ့်သောငှာ ''ကုရ်အာန်ကျမ်းတော် မြတ် မြန်မာပြန်ကျမ်း'' (ဖဟ်ဒ်ဘုရင်ပုံနှိပ်တိုက်ထုတ်၊ တွဲ-၂၊ စာ ၁၉၁၂-၁၉၁၃၊ အောက်ခြေ) တွင် ''ဟဒီးစ်တော်များအရ ခလီဖဟ် သမ္မများတွင် နောက်ဆုံးခလီဖဟ်မှာ အေ့မာမ်မဟ်ဒီ သခင်ဖြစ်သည်'' ဟု လိုရင်းတိုရှင်း ဖော်ပြထားခဲ့ခြင်း ဖြစ်ပါသည်။
တမန်တော်မြတ်ကြီး(ဆွ)၏ မှာတမ်းစကားတစ်ရပ်မှာ -

''အို-မွတ်စလင်အပေါင်းတို့၊ အသင်တို့တွင် ဤ 'နဗူဝသ်' တမန်တော်စနစ် တည်ရှိမည့်ကာလမှာ အလ္လာဟ်အရှင်မြတ် အလိုရှိ တော်မူသည့်တိုင် တည်ရှိပေလိမ့်မည်။ ထိုမှနောက်တွင် 'ခလီဖာဟ်' စနစ် ရောက်လာလိမ့်မည်။ ယင်း 'ခလီဖာဟ်' စနစ်သည် 'နဗူဝသ်' တမန်တော်စနစ်ကို အခြေခံ၍ တည်ရှိလိမ့်မည်။ ထိုမှတစ်ဖန် အချိန်ကာလအတန်ကြာပြီးနောက် ဤ 'ခလီဖာဟ်' စနစ်သည်လည်း လွင့်ပျေက်သွားပေလိမ့်မည်။ ၎င်းနောက်တွင် ခုတ်ထစ်ပိုင်းဖြတ်မည့် (ပြည်သူတို့ကို အဓမ္မပြုမည့်) ဘုရင်စနစ် ရောက်လာလိမ့်မည်။ တဖန်ကာလအတန်ကြာပြီးနောက် ဤစနစ်သည်လည်းချုပ်ငြိမ်း လျက် အဓမ္မပြုခြင်းမှ ရှောင်ရှားသရောင် ရှိလင့်ကစား အများပြည်သူ ဆန္ဒနှင့် ဆန့်ကျင်မည့် ဘုရင်စနစ် တည်ရှိပေလိမ့်မည်။ ထို့နောက် ထိုပုံစံဖြင့်ရှိသော အုပ်ချုပ်ရေးမှာလည်း ပျောက်ကွယ်သွား လတ္တံ့။ ယင်းနောက်မှ တဖန်ပြန်၍ ရှေးကရှိခဲ့သော စနစ်အတိုင်းပင် 'နဗူဝသ်' တမန်တော်စနစ်ကို အခြေခံသော 'ခလီဖာဟ်' စနစ်တည်ရှိပေလိမ့်မည်။ ထို့နောက် တမန်တော်မြတ်ကြီး သည် ခပ်မဆိတ် နှုတ်ပိတ်လိုက်တော်မူသည်။ (အခြားအစဉ် အဆက်ရှိသေးကြောင်း ထပ်မမိန့်တော့ချေ။) ဟု ဆင့်ပြန်သူက ပြောခဲ့သောဟူ၏'' (မုစ်နဒ်အဟ်မဒ်ကျမ်း တွဲ ၅၊ စာ-၄ဝ၄)
အလွန်ကျော်ကြား လူသိများလှသော 'မိရှ်ကတ်' ကျမ်းကြီးတွင်ဖော်ပြပါ ဟဒီးစ်တော်ကို မှတ်တမ်းတင်၍ အခြေ၌ ဤသို့ဖော်ပြထားပါသည်။
''နဗူဝသ် တမန်တော်စနစ်ကို အခြေံခံ၍ ဒုတိယ အကြိမ် ခလီဖာဟ်စနစ် ပြန်လည်တည်ထောင် မည့် ခေတ်ဟူသည် မဆိဟ်မဟ်ဒီ၏ ခေတ်ဖြစ် ကြောင်း ထင်ရှားပါသည်။'' (မိရှ်ကတ်ကျမ်း၊ အဆွ်ဟလ်မသွာဘိအ်၊ ကရာချိပုံနှိပ်၊ ကိတာ ဘုလ်ဖတန်၊ စာ-၄၆၁။)
ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၆-၂)
''အလ္လာဟ်သည် အသင်တို့မှ သက်ဝင်ယုံကြည်၍ အခြေ အနေနှင့် အချိန်ကာလအားလျော်စွာ ကောင်းမှုကျင့်မူကြသူတို့အား ကတိပေးတော်မူသည်မှာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အလျင်က ရှိခဲ့ကြသော အကြင်သူတို့အား 'ခလီဖါဟ်' ပြုပေးတော်မူ ဘိသကဲ့သို့ ၎င်းတို့ကိုလည်း ကမ္ဘာမြေတွင် 'ခလီဖါဟ်' ပြုပေးတော်မူမည်။ ထို့ပြင် ၎င်းတို့အဖို့ နှစ်သက်ပြီဖြစ်သော အကြင်သာသနာကို ထိုအရှင် မြတ်သည် ၎င်းတို့အတွက် ခိုင်ခံ့မြဲမြံစွာ တည်ရှိစေတော်မူမည်။ ထိုမှတစ်ပါး ၎င်းတို့၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် အခြေအနေ၏ နောက်တွင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ငြိမ်းအေးချမ်းသာသော အခြေအနေကို ပြောင်းလဲ၍ပေးတော်မူမည်။ ၎င်းတို့သည် ငါအ ရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်ကြမည်။ (ထို့ပြင်) မည် သည့်အရာကိုမျှ ငါအရှင်မြတ်နှင့် ယှဉ်ဘက်ထားကြလိမ့်မည် မဟုတ် ချေ။ စင်စစ်တစ်မူကား အကြင်သူတို့သည် ထိုသည့် နောက်တွင် လည်း ငြင်းပယ်ကန့်ကွက်ကြသည်ရှိသော် ယင်းသူတို့မှာ အမိန့်ဖီဆန် သူ (ဖာစိက်) များတွင် သတ်မှတ်ခြင်း ခံကြရလိမ့်မည်'' (၂၄ း ၅၆)
(၁) အလ္လာဟ်အရှင်မြတ်၏ကတိတော်
ဤအာယတ်တော်တွင်တမန်တော်မြတ်လက်ထက်ရှိအမှန်တကယ်အီမာန် ယုံကြည်ကြကုန်သော၊ကောင်းမြတ်သောအကျင့်သီလများဆောက်တည်ကြကုန်သော၊ တမန်တော်မြတ်၏အမိန့်တော်များကို တစ်သွေမတိမ်းလိုက်နာကြကုန်သောမုအ်မင်န်စစ် စစ်တို့အားရည်ညွှန်း၍၊၎င်းတို့အားတမန်တော်မြတ်(ဆွ)၏နောက်တွင်တိုင်းပြည်အုပ်ချုပ်မှုအာဏာချီးမြှင့်တော်မူမည့်အကြောင်း၊
မိမိနှစ်သက်တော်မူသော အစ္စလာမ်သာသနာတော်ကို ၎င်းတို့ဖြင့် ကမ္ဘာတွင် ရပ်တည်ထွန်းကားစေတော် မူမည့်အကြောင်း၊ ထိုအချိန်တွင် ၎င်းတို့သည် ကာဖဲရ်များအား စိုးရိမ်နေကြတော့မည် မဟုတ် ကြောင်း၊
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် အလ္လာဟ်အရှင်မြတ်အား ဝတ်ပြု နိုင်ကြတော့မည် ဖြစ်ကြောင်း၊
ထိုအရှင်နှင့် ယှဉ်တွဲ၍ မည်သည့်အရာကိုမျှ တွဲဖက်ကိုးကွယ်ကြတော့မည် မဟုတ်ကြောင်း၊ ကတိပြုထားတော်မူသည်။ အဆိုပါ ကတိတော်သည် ခလီဖဟ်သမ္မတ ကြီးလေးပါး လက်ထက်တွင် အတည်ဖြစ်ခဲ့ချေပြီ။ ဤကား ကမ္ဘာ့သမိုင်းစဉ်တွင် အထင် အရှားပင်။
အဆိုပါ ခလီဖဟ်သမ္မတကြီးလေးပါးနောက်တွင်လည်း ထိုသို့သော ခလီဖဟ်သမ္မတများ ပေါ်ထွန်းခဲ့ကြပေသည်။ အလိုတော်ရှိပါက နောင်တွင်လည်း ထိုသို့သော ခလီဖဟ်သမ္မတများ ပေါ်ထွန်းကြပေမည်။
ဟဒီးဆ်တော်များအရ ခလီဖဟ်သမ္မတများတွင် နောက်ဆုံးခလီဖဟ်မှာ အေ့မာမ်မဟ်ဒီသခင် ဖြစ်သည်။ အေမာမ် မဟ်ဒီသခင်သည် ကမ္ဘာတွင် အစ္စလာမ် တရားတော်နှင့်အညီ စံမတူအောင် တရားမျှတစွာ အုပ်ချုပ်မည်။ ထိုသခင် လက်ထက် တွင် မတရားမှုဟူ၍ စိုးစဉ်းမျှပင် ကျန်ရှိမည် မဟုတ်။ တရားမျှတမှုချည်းသာ ရှိပေမည်။
မှတ်ချက်။ ခလီဖဟ်-မွတ်စလင်မ်သမ္မတများသည် လောကီဆိုင်ရာ အခြားဘုရင်များနှင့် မတူကြပေ။ ၎င်းတို့သည် တမန်တော်မြတ်၏ အရိုက်အရာကို ဆက်ခံသူများအနေနှင့် အလ္လာဟ်အရှင်မြတ်၏ အစိုးရကိုသာ ကြေညာကြပေမည်။ မှန်ကန်သော အစ္စလာမ်၏ အခြေခံများကို ခိုင်မြဲအောင် ပြုလုပ်ကြပေမည်။ (ဖဟ်ဒ်ဘုရင် ကုရ်အာန် ကျမ်းမြတ်ပုံနှိပ် တိုက်ထုတ်၊ ကုရ်အာန်ကျမ်းမြတ်၊ မြန်မာဘာသာပြန်၊ ဒုတွဲ၊ စာ ၁၉၁၂ - ၁၉၁၃ အောက်ခြေရှု)
အဆိုပါ မုက္ခပါဌ်တော်တွင် 'ခလီဖဟ်' ဟူသည့် စကားလုံး ပါရှိနေသော ကြောင့်၊ 'ခလီဖဟ်' နှင့် စပ်လျဉ်း၍ သိထားရမည်မှာ-
၁။

''အကြင်သူတစ်ဦးကို ကိုယ်စားပြုသူနှင့် အရိုက်အရာဆက်ခံသူ။''
၂။

၃။

တမန်တော်ကြီးမူဆာ(အ)သည် ကတိတော်ထားရှိသော ညဉ့်များအတွက် 'တူရ်' မည်သော တောင်ပေါ်သို့ (ရက်လေးဆယ်ခရီး)ကြွမည်ပြုရာ မိမိ (ခေတ္တ) မရှိခိုက်အချိန်များတွင် စီမံခန့်ခွဲရန်ဟူသောသဘောဖြင့် တမန်တော် 'ဟာရွန်' အား 'ကျွနု်ပ် မရှိခိုက် ကျွနု်ပ်၏ ကိုယ်စားလှယ်တော် အဖြစ် ၎င်းတို့အား ထိန်းကျောင်း ပဲ့ပြင်၍ ပေးပါ'' (၇ း ၁၄၄) ဟု မိန့်မှာ အပ်နံှခဲ့သည့်အလား၊ နဗီဖြစ်စေ၊ နဗီတမန်တော် မဟုတ်သူအားဖြစ်စေ၊ ကိုယ်စားဆောင်ရွက်ခွင့် အာဏာကို ပေးအပ်ခြင်း ခံရသူ၊ မည်သူကိုမဆို 'ခလီဖါဟ်' ဟု ဆိုနိုင်သည်။ အဆိုပါ အာယတ်တော်အရ တမန်တော် ဟာရွန်(အ)မှာ ဤဖြစ်ရပ်မတိုင်မီကပင် 'နဗီ' တမန်တော်ရာထူးကို ရရှိထားခဲ့ပြီဖြစ်၍ တမန်တော်မူစာ(အ)က တမန်တော်ဟာရွန်(အ)အား ပေးအပ်သော 'ခိလာဖသ်' တာဝန်မှာ ''ခိလာဖသေနဗူဝသ်'' (တမန်တော်ရာထူးဖြင့် ကိုယ်စားလှယ်ခန့်အပ်ခြင်း) မဟုတ်ချေ။ ဤတွင် တမန်တော် ဟာရွန်အား ကိုယ်စားအုပ်ချုပ်ခွင့် တာဝန်ပေးအပ်သော သဘောမှာ တမန်တော်ကြီးမူဆာ(အ)မရှိစဉ် အခိုက်အတန့်တွင် အမျိုးသားတို့အား စီမံအုပ်ချုပ်ရန် စည်းလုံးညီညွတ်မှု မပြိုပျက်အောင် စောင့်ထိန်းရန်နှင့် ပြဿနာအရပ်ရပ်မှ အကာအကွယ်ပေးရန်ဟူသော သဘောဖြင့် ခန့်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဤ 'ခိလာ ဖသ်' မှာ 'ခိလာဖသေနဗူဝသ်' မဟုတ်မူဘဲ 'ခိလာဖသ်အင်န်သေဇာမီ' (စီမံကွပ် ကဲရန် တာဝန်ပေးခြင်း) သာ ဖြစ်ပေသည်။
သို့ရာတွင် ဖော်ပြပြီးခဲ့သည့်အတိုင်း ဤသို့ ပုဂ္ဂလိက 'ခိလာဖသ်' ရွေးချယ် ခန့်အပ်မှုတွင် 'ခိလာဖသ် အင်န်သေဇာမီ' (စီမံကွပ်ကဲရန် တာဝန်ပေးခြင်း) အပြင် 'ခိလာဖသေနဗူဝသ်' (တမန်တော်ရာထူးအားဖြင့် ကိုယ်စားလှယ်ပြုစေခြင်း) လည်း ရှိပေသေးသည်။ ဆိုလိုသည်မှာ ရှေ့ဦးနဗီတစ်ပါး၏ အမျိုးသားတို့ကို ပဲ့ပြင် ထိန်းကျောင်း ရန်အတွက် အလ္လာဟ်အရှင်မြတ်က ပညတ်တရားအသစ်ကို မချပေးဘဲ ရှေ့ဦးတမန်တော် ချမှတ်ခဲ့ပြီးဖြစ်သော 'ရှရီအသ်' ပညတ်တရားတော်နှင့်စပ်ဆိုင်သမျှ အရေးတွင် ဤနဗီ တမန်တော်မှာ ရှေးဦးနဗီတမန်တော်၏ အလုပ်အကိုင် တာဝန်ဝတ္တရားကိုသာ ဆက်လက် စောင့်ထိန်းလုပ်ကိုင်ရသူ ဖြစ်ပေသည်။ ဤသို့အားဖြင့် ဤတမန်တော်မှာ ရှေ့ဦးတမန် တော်၏ 'ခလီဖာဟ်' ဖြစ်ရလေသည်။ သို့သော် ၎င်းသည် ရာထူးဌာနန္တရအားလျော်စွာ ရှေ့ဦး တမန်တော်က ခန့်ထားသူလည်း မဟုတ်သည့်နည်းတူ ထိုရှေ့ဦးတမန်တော်၏ 'အွမ္မသ်' အမျိုးသားတို့မှ ရွေးချယ်တင်မြှောက်ခြင်းခံရသူလည်း မဟုတ်ဘဲ အလ္လာဟ် အရှင်မြတ်ကိုယ်တော်တိုင်က တိုက်ရိုက် ရွေးချယ်ခန့်အပ်ခြင်းခံရသူ ဖြစ်ပေသည်။ ဤသို့သော 'ခလီဖါဟ်' များမှာ 'ဘနီအစ္စရာ အီလ်' အမျိုးသားတို့တွင် အမြောက်အမြား ပေါ်ထွန်းခဲ့ကြသည်ဟု ဆိုနိုင်ရုံ မည်ကာမျှသာ မဟုတ်ဘဲ တမန်တော်ကြီးမူဆာ(အ)၏ နောက်ပိုင်းတွင် 'ဘနီအစ္စရာအီလ်' အမျိုးသားတို့တွင် ပွင့်ပေါ်ခဲ့ကြလေသမျှ နဗီတမန် တော် အားလုံးသည်ပင် ထိုကဲ့သို့သော 'ခလီဖါဟ်' များသာ ဖြစ်ခဲ့ကြပေသည်။ တစ်နည်း ဆိုသော် ၎င်းတို့အားလုံးမှာ နဗီတမန်တော်များကား ဟုတ်၏။ သို့သော် 'ရှရီအသ်' ပညတ်တရားအသစ်ကို ယူဆောင်လာခဲ့ကြသော 'ဥပဒေပြုတမန်တော်များ' မဟုတ်မူဘဲ တမန်တော်ကြီးမူဆာ (အ) ချမှတ်ထားရစ်ခဲ့သည့် 'ရှရီအသ်' ပညတ်တရားတော်ကိုသာ လိုက်နာကြကာ မိမိအမျိုးသားတို့ကိုလည်း သာသနာတော်အတွင်း အသစ်တီထွင်လာ ခဲ့သမျှကို စွန့်လွှတ်ကြပြီး နဂိုမူရင်း အခြေခံတရားစစ်ကိုသာ လိုက်နာကြရအောင် ဆောင်ရွက်ရန် ပေါ်ထွန်းလာခဲ့ကြသူများ ဖြစ်ပေသည်။
ဤသည်ကို မြတ်ကုရ်အာန်က ကျွနု်ပ်တို့အား ဤသို့အသိပေးထားပါသည်။
''ဧကန်ပင် ငါတို့သည် 'တောင်ဝ်ရာတ်' ကျမ်းတော်ကို ပို့ချတော်မူခဲ့၏။ ယင်း၌ လမ်းညွှန်မှုသည် လည်းကောင်း အလင်း ရောင်သည်လည်းကောင်း ပါရှိ၏။ ယင်း တောင်ဝ်ရာတ် ကျမ်း တော်'အားဖြင့် မိမိကိုယ်ကို လုံးဝနာခံလိုက်နာမှုတွင် ဆိုက် ရောက်လျက် ရှိခဲ့ကြသော တမန်တော်တို့သည် ရဟူဒီများ အတွက် စီရင်ဆုံးဖြတ်မှုကိုပြုခဲ့ကြ၏။ ထို့ပြင် သူတို့သည် ယင်းအပေါ် သက်သေများ ဖြစ်ခဲ့ကြ၏။ " (၅ း ၄၅)
ဤအာယတ်တော်အားဖြင့် တမန်တော်ကြီး မူဆာ(အ)၏ နှောင်းပိုင်းတွင် တမန်တော်ကြီး ချမှတ်ခဲ့သော 'ရှရီအသ်' ပညတ်တရားတော်အား မြဲမြဲမြံမြံရှိစေဖို့ စောင့်ရှောက်ရန် တမန်တော်များသည် တမန်တော်ကြီး မူဆာ(အ)၏ 'ခလီဖါဟ်' အဖြစ် ပွင့်ပေါ်ခဲ့ကြကြောင်းနှင့် ထိုနဗီတမန်တော်များအပြင် 'ရဗ္ဗာနီ' များနှင့် 'အဟ်ဘာရ်' များဟု ခေါ်ထိုက်သော ပုဂ္ဂိုလ်များ ခန့်ထားတော်မူခဲ့ကြောင်းတို့ကို သိရှိရပေသည်။ သို့ဖြင့် တမန်တော်ကြီး မူဆာ(အ)၏ နှောင်းကာလတလျှောက်လုံး နဗီတမန်တော်များနှင့် သာသနာတော် သန့်ရှင်းရေးကို ဆောင်ရွက်သူ 'မူဂျဒီဒ်' များမှာ 'ခလီဖါဟ်' များ အသွင်ဖြင့် အစဉ်အဆက် ပေါ်ထွန်းခဲ့ကြကာ ဥပဒေပြုတမန်တော်ကြီး ဖြစ်သော တမန်တော်မူဆာ(အ)၏ စီမံကိန်းကြီးကို ပြီးပြည့်စုံသည့်တိုင် ဆောင်ရွက်ခဲ့ကြကြောင်း နားလည်ကြရ ပါသည်။ ဤအစဉ်အဆက်မှ နောက်ဆုံးကွင်းဆက်မှာ တမန်တော် အီဆာ(အ)သာ ဖြစ်ပါသည်။ ဤအချက်ကို မြတ်ကုရ်အာန်အား ဂနသေချာစွာ ဆင်ခြင်သုံးသပ်မှု မပြုကြသောကြောင့် မွတ်စလင်အများစုမှာ အထူးသဖြင့် 'အာခရီဇမာ နာ' ကမ္ဘာ့နောက်ဆုံးနေ့များဟု ခေါ်တွင်သော မျက်မှောက်ကာလရှိ မွတ်စလင်များ အနေနှင့် တမန်တော် အီဆာအား 'ရှရီအသ်' ပညတ်တရားကို ယူဆောင်လာသော ဥပဒေပြုပုဂ္ဂိုလ် (Law Bearing Prophet)ဟု ထင်မှတ်မှားလျက် ရှိနေကြ ပေသည်။
ထိုကဲ့သို့ပင် ဤခေတ်ကာလရှိ ခရစ်ယာန်ဘာသာဝင်တို့ကလည်း ၎င်းအား ဓမ္မအသစ်ကို ယူဆောင်လာခဲ့သူဟု ထင်မှတ်ကြသောကြောင့် မိမိတို့ ယုံကြည်ကြသောကျမ်းကို 'ဓမ္မသစ်ကျမ်း' ဟု မှည့်ခေါ်ထားကြခြင်း ဖြစ်ပါသည်။ စင်စစ်သော်ကား မြတ်ကုရ်အာန်က တမန်တော်အီဆာ(အ)အား တမန်တော်ကြီး မူဆာ၏ သာသနာကို စောင့်ထိန်းသူ 'ခလီဖါဟ်' တစ်ပါးအဖြစ်သာ ဖော်ပြထား ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားသည်မှာ -
''ထို့ပြင် ငါတို့သည် 'တောင်ဝ်ရာတ်' ကျမ်းတော်၏ သင်ပြချက်များကို အစဉ်မပြတ် ရှိစေရန် ပွင့်ပေါ်ခဲ့ကြသော ထိုတမန်တော်များ၏ လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန် အလို့ငှာ မရ်ယမ်၏သား အီဆာအား သူ၏ အလျင်ကရှိခဲ့သော 'တောင်ဝ်ရာတ်' ကျမ်းတော်ကို (အခိုင်အမာပြု) ထောက်ခံသူအဖြစ် စေလွှတ်တော်မူခဲ့၏။'' (၅ း ၄၇)
တမန်တော်အီဆာယေရှုခရစ်တော် ကိုယ်တိုင်က လည်း-
''ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်ကား ကောင်း ကင်နှင့် မြေကြီး မပျက်စီးသည်တိုင်အောင် ပညတ္တိကျမ်း၌ အငယ် ဆုံးသော စာလုံးဗိန္ဓု တလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ'' (ရှင်မဿဲ ခရစ်ဝင်။ ၅ း ၁၇ - ၁၈။)
အချုပ်ဆိုသော် တမန်တော်ကြီးမူဆာ(အ) အနိစ္စရောက်သည်နှင့် တပြိုင်နက် 'ခလီဖါဟ်' ရာထူးကို ဆက်ခံသူ ယောရှုမှသည် (ယောရှုမှတ်စာ ၁ း ၁ - ၂။) တမန်တော်အီဆာအထိ ပွင့်ပေါ်ခဲ့သမျှ တမန်တော်များနှင့် သာသနာတော် သန့်ရှင်းအောင်ပြုကြကုန်သော 'မူဂျဒီဒ်' အားလုံးတို့မှာ တမန်တော်ကြီး မူဆာ(အ)၏ ခလီဖါဟ်များနှင့် တမန်တော်ကြီး ချမှတ်ခဲ့သော 'ရှရီအသ်' ပညတ်တရားတော်ကို အစဉ်အဆက် စောင့်ထိန်းခဲ့ကြသူများသာ ဖြစ်ကြပေသတည်း။
ဤကဲ့သို့ပင် တမန်တော်မြတ်ကြီး မူဟမ္မဒ်သခင်(ဆွ)၏ 'အွမ္မသ်' အမျိုးသား ထုကြီးကိုလည်း အလ္လာဟ် အရှင်မြတ်က ဖော်ပြပါ သုံးမျိုးသုံးစားလုံးသော 'ခိလာဖသ်' ကို ထပ်တူထပ်မျှ ပေးသနားချီးမြှင့်တော်မူမည် ဖြစ်ကြောင်း (ကုရ်အာန် ၂၄ း ၅၆) တွင် ကတိပေးတော်မူခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါအာယတ်တော်ရှိ
كَمَا اسْتَخْلَفَ الَّذِيْنَ مِنْ قَبْلِهِمْ ၎င်းတို့၏ အလျင်က ရှိခဲ့ကြသော အကြင်သူတို့ အား 'ခလီဖါဟ်' ပြုပေးတော်မူဘိသကဲ့သို့ ဟူသော စကားပိုဒ်ကို ပို၍ ရှင်းလင်းစွာ ကွင်းကွင်းကွက်ကွက် သိရှိနားလည် သဘောပေါက်ကြစေခြင်းငှာ အောက်ပါ အာယတ်တော်ဖြင့် ခိုင်းနှိုင်း ပမာပြကာ ဖော်ပြထားတော်မူခဲ့ပါသည်။
''အို လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် တမန်တော် မူစာအား ဖိရ်အောင်န်ဘုရင်ထံသို့ သက်သေခံရန် စေလွှတ်တော် မူဘိသကဲ့သို့ (ထိုနည်းထိုအသွင်ဖြင့်) အသင်တို့ထံသို့ သက်သေခံရန် တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၏။'' (၇၃ း ၁၆)
ဤအာယတ်တော်တွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွ)အား တမန်တော်မူစာ(အ)၏ အနှိုင်းခံပုဂ္ဂိုလ်အဖြစ် ဖော်ပြထားပါသည်။ သို့ဖြင့် 'အာယတ် အီစ်တီခ်လာဖ်' (၂၄ း ၅၆) တွင် ဖော်ပြထာေးသာ
كَمَا اسْتَخْلَفَ الَّذِيْنَ مِنْ قَبْلِهِمْ ဟူသည် တမန်တော်မူဆာ(အ)၏ 'အွမ္မသ်' အမျိုးသားများကို ညွှန်းဆိုကြောင်း သိရှိရပါသည်။ သို့ကြောင့် 'တပ္ဖစီရ်ရူဟုလ် မာအာနီ' ကျမ်းတွင်

သို့ဖြစ်၍ တမန်တော်မြတ်ကြီး မူဟမ္မဒ်သခင်(ဆွ)နှင့် တမန်တော်ကြီး မူဆာ(အ)တို့မှာ ဥပဒေပြုတမန်တော်ကြီးများ ဖြစ်သောကြောင့် ခိုင်းနှိုင်းဥပမာပြခြင်းကခံကြရသည့် အလား တမန်တော်မြတ်ကြီး(ဆွ)၏ 'အွမ္မသ်' အတွင်းမှ ပေါ်ထွန်းကြမည့် ခလီဖာဟ်များ ကိုလည်း တမန်တော်ကြီးမူဆာ(အ)၏ နောက်တွင် တစ်ဆယ့်လေးရာစုတိုင် ပေါ်ထွန်းခဲ့ ကြသော နဗီတမန်တော်အဆင့်ရှိ ခလီဖာဟ်များနှင့် ခိုင်းနှိုင်းပမာပြခြင်းကို ခံကြရခြင်း ဖြစ်ကြောင်း၊ အထင်အရှား သိရှိရပါသည်။
သို့ကလို အထက်ဖော်ပြပါ အာယတ်တော်များကို လည်းကောင်း၊ သာဓက အမှတ်(၆)တွင် တင်ပြခဲ့ပြီးဖြစ်သော တမန်တော်ကြီးနူဟ်(အ)နှင့် တမန်တော် အစ်ဗရာဟင်မ ်(အ) တမန်တော်ကြီးမူဆာ(အ)နှင့် တမန်တော် အီဆာ(အ)တို့၏ ဆက်နွယ်ပတ်သက်ပုံတို့ကို လည်းကောင်း သတိတရားလက်ကိုင်ထားလျှက် ဆက်စပ်ချိန် ထိုး ကိုက်ညှိစစ်ဆေး ကြည့်မည်ဆိုက 'အင်ရှာအလ္လာဟ်' စာရှုသူအနေနှင့် မြတ်ကုရ်အာန် ၏ အလိုသဘောကို ကောင်းစွာသဘောပေါက် နားလည်လာပါလိမ့်မည်။
ဤသည်အားလုံးကို ခြုံငုံသဘောပေါက်ကြစိမ့်သောငှာ ''ကုရ်အာန်ကျမ်းတော် မြတ် မြန်မာပြန်ကျမ်း'' (ဖဟ်ဒ်ဘုရင်ပုံနှိပ်တိုက်ထုတ်၊ တွဲ-၂၊ စာ ၁၉၁၂-၁၉၁၃၊ အောက်ခြေ) တွင် ''ဟဒီးစ်တော်များအရ ခလီဖဟ် သမ္မများတွင် နောက်ဆုံးခလီဖဟ်မှာ အေ့မာမ်မဟ်ဒီ သခင်ဖြစ်သည်'' ဟု လိုရင်းတိုရှင်း ဖော်ပြထားခဲ့ခြင်း ဖြစ်ပါသည်။
တမန်တော်မြတ်ကြီး(ဆွ)၏ မှာတမ်းစကားတစ်ရပ်မှာ -

''အို-မွတ်စလင်အပေါင်းတို့၊ အသင်တို့တွင် ဤ 'နဗူဝသ်' တမန်တော်စနစ် တည်ရှိမည့်ကာလမှာ အလ္လာဟ်အရှင်မြတ် အလိုရှိ တော်မူသည့်တိုင် တည်ရှိပေလိမ့်မည်။ ထိုမှနောက်တွင် 'ခလီဖာဟ်' စနစ် ရောက်လာလိမ့်မည်။ ယင်း 'ခလီဖာဟ်' စနစ်သည် 'နဗူဝသ်' တမန်တော်စနစ်ကို အခြေခံ၍ တည်ရှိလိမ့်မည်။ ထိုမှတစ်ဖန် အချိန်ကာလအတန်ကြာပြီးနောက် ဤ 'ခလီဖာဟ်' စနစ်သည်လည်း လွင့်ပျေက်သွားပေလိမ့်မည်။ ၎င်းနောက်တွင် ခုတ်ထစ်ပိုင်းဖြတ်မည့် (ပြည်သူတို့ကို အဓမ္မပြုမည့်) ဘုရင်စနစ် ရောက်လာလိမ့်မည်။ တဖန်ကာလအတန်ကြာပြီးနောက် ဤစနစ်သည်လည်းချုပ်ငြိမ်း လျက် အဓမ္မပြုခြင်းမှ ရှောင်ရှားသရောင် ရှိလင့်ကစား အများပြည်သူ ဆန္ဒနှင့် ဆန့်ကျင်မည့် ဘုရင်စနစ် တည်ရှိပေလိမ့်မည်။ ထို့နောက် ထိုပုံစံဖြင့်ရှိသော အုပ်ချုပ်ရေးမှာလည်း ပျောက်ကွယ်သွား လတ္တံ့။ ယင်းနောက်မှ တဖန်ပြန်၍ ရှေးကရှိခဲ့သော စနစ်အတိုင်းပင် 'နဗူဝသ်' တမန်တော်စနစ်ကို အခြေခံသော 'ခလီဖာဟ်' စနစ်တည်ရှိပေလိမ့်မည်။ ထို့နောက် တမန်တော်မြတ်ကြီး သည် ခပ်မဆိတ် နှုတ်ပိတ်လိုက်တော်မူသည်။ (အခြားအစဉ် အဆက်ရှိသေးကြောင်း ထပ်မမိန့်တော့ချေ။) ဟု ဆင့်ပြန်သူက ပြောခဲ့သောဟူ၏'' (မုစ်နဒ်အဟ်မဒ်ကျမ်း တွဲ ၅၊ စာ-၄ဝ၄)
အလွန်ကျော်ကြား လူသိများလှသော 'မိရှ်ကတ်' ကျမ်းကြီးတွင်ဖော်ပြပါ ဟဒီးစ်တော်ကို မှတ်တမ်းတင်၍ အခြေ၌ ဤသို့ဖော်ပြထားပါသည်။

ခါတမန်နဗီယီးန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ချက် အပိုင်း(၆-၂)
No comments:
Post a Comment