တဖန် ၃၃.၄၁ ပါ ခါ-သ-မ အား နောက်ဆုံးသို့မဟုတ် အဆုံးသတ်သူ ဟု သက်ဝင်ယုံကြည်ကြပြီး ကျမ်းစာသစ်ဆောင်ယူလာသည့်တမန်တော်ရော ၊ အွမ္မသ်သီတမန်တော်ပါ လာရောက်စရာအကြောင်းမရှိတော့ဟု ပြောဆိုရေးသားတင်ဆက်နေပါက
၁) တမန်တော်အီစာ(အ) ၏ ဒုတိယမ္ပိပြန်လည်ရောက်ရှိလာမှုသည်လည်း အွမ္မသီတမန်တော်အနေဖြင့် ပြန်လည်ရောက်ရှိလာမည်မဟုတ်ဟု သက်ဝင်ယုံကြည်ရာရောက်ပါ၏။
၂) ''အို အာဒမ်၏ မျိုးဆက်အပေါင်းတို့။ အကယ်၍ အသင်တို့ အတွင်းမှပင် တမန်တော်များ ရောက်လာပြီး အသင်တို့အား ငါအရှင်မြတ်၏ 'အာယတ်' တော်များကို ရွတ်ဖတ်ပြသော် အကြင် မည်သူမဆို 'တက္ကဝါ' (အလ္လာဟ်အား ကြောက်သိရိုကျိုးခြင်း) တရားကို ကျင့်မူဆောက်တည်ပြီး ပြုပြင်ပြောင်းလဲလျှင် ထိုသူတို့ အပေါ် မည်သို့သော စိုးရိမ်ကြောက်ရွံ့မှုမျှ ဖြစ်မည်မဟုတ်။ ထို့ပြင် ထိုသူတို့သည် ပူဆွေးသောက ဖြစ်ကြရမည်လည်း မဟုတ်ချေ။'' (ရး၃၆) ဟု တမန်တော်ချုပ်(ဆွ) ထံ ပို့ချပေးခဲ့သည်မှာ အဘယ်ကြောင့်ပါနည်း။ ကိုယ်တော်မြတ်(ဆွ)သည် နောက်ဆုံးတမန်တော် နဗုဝသ်ကို အဆုံးသတ်သည့်တမန်တော်ဖြစ်ပါသော် အလ္လာဟ်အရှင်က يَاْتِيَنَّكُمْ ဟူသည့် simple present (ကာလစဉ်ဆက်ပြကြိယာ) ကိုသုံးကာ အဘယ်ကြောင့် 'အသင်တို့ အတွင်းမှပင် တမန်တော်များ ရောက်လာပြီး' ဟု ကိုယ်တော့်(ဆွ) ထံ ထုတ်ပြန်ပေးသနားတော်မူထားပါသလဲ။
စသည် စသည်ဖြင့် မေးခွန်းပေါင်းမြောက်မြားစွာဖြင့် ကျမ်းမြတ်ကုရ်အာန်၏ အခြားမုက္ခပါတ်တော်များအား 'ခဲ့' ထည့်၍ ပြန်ဆိုရသည်အထိ လုပ်ကြံမှုကြီးဖြစ်သွားခဲ့ပါပြီ။ ကုရ်အာန့်မှတ်ကျောက်အား မည်သူငြင်းနိုင်ပါအံ့နည်း။ (လာအ် နုတွလ္လာဟေ့အလလ်ကာဇေဘီးန်)
ယင်းသို့သော အကြောင်းများကြောင့်ပင် ဒေါက်တာဇာကိရ်နိတ်က ဖော်ပြပါ မေးခွန်းများကို ရှောင်ရှားနိုင်ရန်အလို့ငှာ တမန်တော်အီစာ(အ) နောက်တစ်ကြိမ်ပြန်လာခဲ့ပါသော် သူသည် နဗီသော်လည်းကောင်း ၊ ရစူလ်သော်လည်းကောင်း အဆင့်မျိုးဖြင့်ပြန်လာမည်မဟုတ်တော့ဘဲ သာမာန်အွမ္မသ်အနေဖြင့်သာ ပြန်လာမည်၊ အီစာ(အ) ၏ နဗူဝသ်မှာပြီးဆုံးသွားမည် (FINISH) ၊ အီစာ(အ)ဒုတိယမ္ပိပြန်လာသောအခါ ထိုအဆင့်အတန်းများဖြင့်ပြန်လာမည်ဟုဆိုသူသည် ကာဖဲရ် စသဖြင့် ပြောဆိုကြွေးကြော်နေပါသည်။
၁) အီစာ(အ) ဒုတိယအကြိမ်ပြန်လာလျှင် တမန်တော်(နဗီ)အနေနှင့်ပြန်လာတော့မည်မဟုတ်ကြောင်း ပြောဆိုထားသည့်သက်သေ
၂) အီစာ(အ) ဒုတိယအကြိမ်ပြန်လာလျှင် တမန်တော်(ရစူလ်)အနေနှင့်ပြန်လာတော့မည်မဟုတ်ကြောင်း ပြောဆိုထားသည့်သက်သေ
၃) အကယ်၍ တမန်တော်အီစာ(အ) ၏ ဒုတိယမ္ပိပြန်လည်လာရောက်မှုတွင် MESSENGER အနေဖြင့် လာရောက်မည်ဟု ပြောဆိုသူသည် ကာဖဲရ် ဟု ဆိုထားသည့်သက်သေ (မှတ်ချက် ။ နောက်ဆုံးအထိကြည့်ရှုနားသောတ ဆင်ပါရန်)
ကဲ အခုကြည့်ကြပါ၊ အဟ်မဒီယသ်မှတင်ပြသည်ကို ငြင်းချက်ထုတ်ရန် ဟဒီးဆ်တော်၌ ကိုယ်တော်မြတ်(ဆွ) က အီဆာ(အ) ဒုတိယမ္ပိကြွမြန်းလာပါက တမန်တော်ဟု လေးကြိမ် လေးခါတိုင် မြွက်ကြားခေါ်ဝေါ်တော်မူခဲ့သည်ကိုပင် လျစ်လျူပြု လီဆည်ကြံစည်ကြရင်းနှင့်ပင် ရှေ့နောက်မညီသည့်အဖြစ်များ၊ ကုရ်အာန်ကျမ်းတော်ဘာသာပြန်ဆိုမှုကိုပင် လုပ်ကြံရသည့်အဖြစ်များနှင့် ကြုံဆုံနေပါ၏။( အရှင်မြတ် ကျွန်တော်မျိုးတို့အား ဤသို့သောအဖြစ်မှ အကာအကွယ်ပေးသနားတော်မူသည်ကို ရှုကုရ်အလ်ဟမ်ဒိုလိလ္လာဟ် )
မစ္စတာဇာကိရ်က အီဆာ(အ) ဒုတိယမ္ပိကြွမြန်းလာပါက ရစူလ်ဟုပြောဆိုသူ ကာဖဲရ်ဟု တင်ပြကြွေးကြော်မှုကြောင့် မည်သူများသည် ကာဖဲရ်ဖြစ်သွားရပါ၏နည်း။
(အောက်ပါ video file အား ကြည့်ရှုစေလိုပါသည်။)
ဤတွင်ပင် ခါ-သ-မ အား ကျမ်းမြတ်ကုရ်အာန်ဖြင့် တင်ပြဆွေးနွေးမှုကို ရပ်နားပြီး ဤဘလော့ပေါ်ပေါက်လာပုံအား သိသာစေအပ်ပါမည်။
လေးစားအပ်တဲ့ ပရိသတ်ကြီးအား သိစေလိုသည်မှာ ကျွနု်ပ်သည် ဆရာဦးစိုးလွင်ငြိမ်းချမ်း Nyeinchan786@yahoo.com နှင့် တိုက်ရိုက်ဆွေးနွေးခဲ့ခြင်းသာဖြစ်ပြီး၊ (Oct - 30 - 2010, 9 : 45 am) 'ဆရာခင်ဗျား....ကျနော်သည် Qualified အဆင့်ရှိသူတစ်ယောက် မဟုတ်ပါ။ သာမန်လူငယ် တစ်ဦးသာ ဖြစ်ပါတယ်' လို့ ရိုးသားစွာဆွေးနွေးခဲ့သူပါ။ ဝါဒဖြန့်ရန်၊ မဟုတ်မဟတ်လုပ်ဇာတ်ကို စတင်ခင်းကျင်းခဲ့သူ မဟုတ်ပါ။
သို့သော် ကျနော်နှင့် တိုက်ရိုက်ဦးတည်ဆွေးနွေးသူကိုယ်တိုင်က ဒီဘာသာရပ်ကို ဆက်လက်မဆွေးနွေးတော့ဘဲ၊ ထွက်သွားခဲ့ပြီဖြစ်တာကြောင့် တစ်ယောက်သောသူက ဘာမပြော ညာမပြော အတင်းဝင်ပြီး မည်သည့်အခါကမျှ ကြေးထပ်ခြင်းမပြုခဲ့ဘဲ ယခုတစ်ကြိမ်တွင်မှ ကြေးထပ်ပွဲသွင်းနေရာယူလာသူသာ ဖြစ်ပါလျက်Nyeinchan786 ကိုယ်တိုင်က 'ဒီအကြောင်း ကို မေ့လိုက်ပါ' လို့ (Mon, Nov 15 - 2010 at 9 : 55 am မှာ) ပြောခဲ့တာကို ပုဂ္ဂိုလ်ကြီးက 'အကိုကြီးမဟုတ် တောင် ကျွန်တော်အကိုကြီးကိုယ်စား စာထုတ်လိုက်ပါမယ်' ဆိုပြီး၊ 'ကိုယ့်ကိုယ်ကို ဖော်ပြလိုတဲ့သဘော နဲ့ လူတွင်ကျယ်လုပ်ရျ်ဝင်လာခဲ့ပြီး စာရှုသူပရိသတ်များအား ကျွနု်ပ်အပေါ်အစိမ်းမြင်ရလေအောင် ' ကာဒီယာနီ၊ မီရ်ဇာအီ' ဆိုတဲ့အမည်ကို တွင်တွင်သုံးလျက် မျက်မှန်စိမ်းတပ်ပေးနေခဲ့ပြီး ဘလော့အား ပက်ဘလစ်ကို မတင်ဆက်မီကပင် ပုဂ္ဂိုလ်ကြီးကို ပါဝင်ဆွေးနွေးလိုက ပါဝင်နိုင်ကြောင်းအသိပေးပြီး ဖြစ်သော်ငြားလည်း ဤဘလော့ကို ကျွနု်ပ်က ဝါဒဖြန့်နေတယ်လို့ စွပ်စွဲနေခြင်းသည်လည်းကောင်း ၊ တိုက်ရိုက်ဦးဆောင်ခဲ့သူထွက်သွားပြီးဖြစ်၍ ယခုဆွေးနွေးလျက်ရှိသော 'ခါတမန် နဗီယီးန်' ဆိုင်ရာ ဘာသာရပ်တွင် ဆက်လက်ဆွေးနွေးရန် မရှိတော့ကြောင်း ထင်ရှားပြီဖြစ်ပါသဖြင့် 'မွလ္လာ' ပီပီဘာသာရပ်ကို တစ်ဖက်သတ်မရ အရပြောင်းနေခြင်း(ကုရ်အာန်ကျမ်းမြတ်ကို ပဓာနမပြု) မှာ ပညာတတ်အသိုင်းအဝိုင်း လူယဉ်ကျေးများကိုယ်တိုင် ဆုံးဖြတ်ကြစေလိုပါသည်။
ပုဂ္ဂိုလ်ကြီးက အာယတ်တော် (၂၁ း ၁၈) ဖြင့် ကျွနု်ပ်အား ကျိန်စာတိုက်ထားပါသည်။ သို့သော် ၎င်းအနေဖြင့် ကျွနု်ပ်၏နောက်ဆုံးကြေငြာချက်တွင် ဖော်ပြထားပြီး ဖြစ်သည့်အတိုင်း 'ကုရ်အာန်မှ အာယတ်တော်ကိုထောက်ခံရှင်းလင်းရန် (ကုရ်အာန်ကျမ်းမြတ်ပါ မုက္ခပါတ်တော်အား ကျမ်းမြတ်ကသာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ပေးပါ၏။) ကုရ်အာန်မှ အခြားသောအာယတ်တော် တစ်ပုဒ်တစ်လေမျှကိုပင် တင်ပြခဲ့ခြင်းမရှိ ဘဲ၊ (၂၁ း ၁၈) မုက္ခပါတ်တော်ကို ကိုယ်စားပြုခြင်းမှာ - အလ္လာဟ်အရှင်မြတ်က ယင်းကဲ့သို့သောငါ့စကားနွားရ ပြောသူတို့အား၊ ခပ်ပြင်းပြင်းကလေး ဥပမာပေးထားသည့် မုက္ခပါတ်တော်ကို သတိရမိ ပါသည်။ ၎င်းပုဂ္ဂိုလ်မှာ ကျွနု်ပ်ထက် အသက်အရွယ်ကြီးသူဖြစ်ပါသောကြောင့် 'အသက်ကိုတော့ လေးစားပါတယ်' ဒါပေမဲ့ အလ္လာဟ်ကပေးတဲ့ ဥပမာစကားဖြစ်တာကြောင့် ထိုဥပမာကို တင်ပြရင်း နိဂုံးချုပ်လိုက်ပါရစေ -
سَآءَ مَثَلَاَ ۨالْقَوْمُ الَّذِيْنَ كَذَّبُوْا بِاٰيٰتِنَا وَاَنْفُسَهُمْ كَانُوْا يَظْلِمُوْنَ
(ရး၁၇၈)
Evil is the case of the people who treat Our Signs as lies. And it was their own selves that they wronged.
وَمَا عَلَيْنَاۤ اِلَّا الْبَلٰغُ الْمُبِيْنُ
(၃၆း၁၈)
‘And on us lies only the plain delivery of the Message.’
(မှတ်ချက် ။။ ထပ်မံပြောဆိုစွပ်စွဲ အမနာပ ရေးသားမှုများသည် ကျမ်းမြတ်ဆီသို့ မလာဘဲ အပ်ကြောင်းထပ်နေပြီဖြစ်သော ဓာတ်ပြားဟောင်းကြီးများသာဖြစ်ပါမူ ယင်း၏ ဖြေရှင်းချက်ကို ရှုစားရန် ဤ နေရာသို့ )
ခါ-သ-မ အားဟဒီးဆ်တော်လား မိန့်ဆိုချက်များဖြင့် highlight သဘောမျိုး ဆက်လက်ဆွေးနွေးတင်ပြပါဦးမည်။
ဟဒီးဆ်တော်များမှ highlight များ
ခါ-သ-မ အားဟဒီးဆ်တော်လား မိန့်ဆိုချက်များဖြင့် highlight သဘောမျိုး ဆက်လက်ဆွေးနွေးတင်ပြပါဦးမည်။
ဟဒီးဆ်တော်များမှ highlight များ
No comments:
Post a Comment