بِسْمِ اللهِ الرَّحْمـٰنِ الرَّحِيمِ
အပိုင်း(၁)
ကျနော်တို့ အဟ်မဒီများရဲ့ အဟ်မဒီယာမွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ပြုအပ်သော ကတိသစ္စာ တွင် ဖော်ပြထားသည့်အချက်တစ်ခုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
" ကျွန်ုပ်သည် တမန်တော်မြတ် ဟာဇရသ်မုဟမ္မဒ် ရစူလွလ္လာဟ် (ဆွလ္လလ်လားလို့ အလိုင်းဟေ ဝစလာမ်) အား ခါတမန်နဗီယီးန် ၊ နဗီတမန်တော်အပေါင်း၏ ဦးစီးခေါင်းဆောင် မကိုဋ်သရဖူနှင့် အချုပ်တံဆိပ်တော်အဖြစ် ယုံကြည်ပါသည်။ " အဟ်မဒီယာမွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ရန် ကတိပြုလွှာ(အင်္ဂလိပ်ဘာသာဖြင့်)
တမန်တော်မြတ် ဟာဇရသ်မုဟမ္မဒ် ရစူလွလ္လာဟ် (ဆွလ္လလ်လားလို့ အလိုင်းဟေ ဝစလာမ် ) အား ခါတမန်နဗီယီးန် ၊ နဗီတမန်တော်အပေါင်း၏ ဦးစီးခေါင်းဆောင် မကိုဋ်သရဖူ ၊ အချုပ်တံဆိပ်တော်အဖြစ် သက်ဝင်ယုံကြည်ခြင်းဟာ အဟ်မဒီများရဲ့ အမြုတေယုံကြည်မှုလည်းဖြစ်ပါတယ်။
ကျနော်တို့အဟ်မဒီများက ခါတမန်နဗီယီးန်ဆိုတဲ့ ကိုယ်တော်မြတ်(ဆွ)အပေါ် အလ္လာဟ် အရှင်မြတ် ချီးမြင့်တော်မူတဲ့ ထူးကဲလှတဲ့ဂုဏ်တော်ကို ဘာကြောင့် " နဗီတမန်တော်အပေါင်း၏ ဦးစီးခေါင်းဆောင် မကိုဋ်သရဖူနှင့် အချုပ်တံဆိပ်တော် " လို့ သက်ဝင်ယုံကြည်ပြီး ဘာကြောင့် " နဗူဝသ်၊ တမန်တော်ဖြစ်ခြင်းအား အဆုံးသတ်သူ " အဖြစ် အဓိပ္ပါယ်ဖွင့်လို့မရနိုင်ကြောင်း တင်ပြနေကြတာလဲ။
အဲဒီရှင်းလင်းမှုကိုမသွားမီမှာ ကျနော်အနေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်လာ ကဏ္ဍတော်တစ်ခုအကြောင်း တင်ပြပါရစေ။
အဲဒီကဏ္ဍတော်ကတော့ ကဏ္ဍတော် ၁၀၈ ၊ စူရာဟ်အလ်ကောင်ဝ်ဆဲရ် ပဲဖြစ်ပါတယ်။
[108:1] بِسْمِ اللهِ الرَّحْمـٰنِ الرَّحِيمِ [108:1] In the name of Allah, the Gracious, the Merciful. | |
[108:2] Surely We have given thee abundance of good; | |
[108:3] So pray to thy Lord, and offer sacrifice. | |
[108:4] Surely, it is thy enemy who is without issue. |
မြန်မာပြန် =>
- (အို-နဗီတမန်တော်) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား များပြား လှစွာသောကောင်းခြင်း များ ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
- သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ရည်သန်၍ ဆွလာတ်ဝတ်ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် (ထိုအရှင်မြတ်အားရည်သန်၍ သားကောင်ကို) ကုရ်ဗာနီပြုပါလေ။
- ဧကန်မလွဲ အသင်၏ရန်သူသည်သာလျှင်အညွန့်တုံးသူ ဖြစ်ချေသတည်း။
(mmsy gtalk Quran translator)
ကောင်ဝ်ဆဲရ် ရဲ့အဓိပ္ပါယ်ကတော့ ကောင်းခြင်းအမြောက်အမြားလို့ ဖွင့်ဆိုကြပါတယ်။ ထူးကဲလှတဲ့ ကဏ္ဍတော်တစ်ခုဖြစ်သလို ဟစ်ဂျရသ်မတိုင်မီကျရောက်ခဲ့ပေမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဆုံးပိုင်းမှာဖော်ပြခြင်းခံထားရတာက အလွန်ထူးခြားတဲ့ ဟစ်ကမာ၊ အမြော်အမြင်ကို ပေးပါတယ်၊ ဆိုလိုတာက ကိုယ်တော်မြတ်(ဆွ)ရဲ့ Prophethood ဖြစ်ပြီး အစကနဦးပိုင်း လေးနှစ်တာကာလအတွင်း ကျရောက်ခဲ့တဲ့ အဲဒီ အလ်ကောင်ဝ်ဆဲရ်ဆိုတဲ့ ကဏ္ဍတော်မှာ " ငါတို့သည် အသင့်အား ကောင်းခြင်းအမြောက်အမြားကို ပေးသနားတော်မူသည် " လို့ ဖော်ပြထားတာနဲ့အညီ အဲဒီဖော်ပြချက်ဟာ ကိုယ်တော်မြတ်အတွက် စကားလုံးအတိအကျအတိုင်း ပြီးပြည့်စုံခဲ့ပါတယ်။ ဒါကြောင့်လည်း ကျမ်းမြတ်ကုရ်အာန်ကို အရှင့်အမိန့်တော်နဲ့ အစီအစဉ်ချတဲ့အခါ အဲဒီကဏ္ဍတော်က ကောင်းခြင်းအမြောက်အမြား ချီးမြင့်ခံရခြင်းကတိတော်ပြီးပြည့်စုံပြီး အခြေအနေတစ်ရပ်ကို ဖော်ပြဖို့ ကျမ်းတော်ရဲ့နောက်ဆုံးမှာ နေရာချထားခြင်းဖြစ်တယ်လို့ သတ်မှတ်ရပါတယ်။
ကောင်ဝ်ဆဲရ်ဆိုတဲ့အဓိပ္ပါယ်က ကောင်းခြင်းအမြောက်အမြားကို ပိုင်ဆိုင်သူအဖြစ်သာမက အဲဒီလိုပိုင်ဆိုင်ပြီး သူကိုယ်တိုင်ကလည်း ကောင်းခြင်းများကို ပြန်လည်ဖြန့်ဝေပေးတယ်ဆိုပြီး အနက်ရတဲ့အလျောက် အလ္လာဟ်အရှင်မြတ်က ကိုယ်တော်မြတ်(ဆွ)ကို အားလုံးထက်ထူးကဲသာလွန်ကြီးမြင့်မြတ်တဲ့ အဆင့်အတန်းကိုပေးသနားပြီး ကိုယ်တော်ရဲ့ လမ်းစဉ်ကို လျောက်လှမ်းတဲ့သူတော်ကောင်းတွေအတွက် လည်း ကောင်းခြင်းအမြောက်အမြားနဲ့ အဆင့်အတန်းဂုဏ်ဒြပ်တွေချီးမြင့်ခြင်းခံရပါတယ်။
စူရာဟ်ကောင်ဝ်ဆဲရ်ရဲ့အဆုံးပိုင်းမှာ " အပ်သာရ် " ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကတော့
- he cut off or cut of utterly or entirely
- any beast having the tail cut off; a short-tailed serpent; one in want or poor;
- defective, deficient, imperfect;
- suffering loss; from whom all good or prosperity is cut off;
- having no offspring or no male issue
(Lane and Aqrab)
လို့အနက်ရပါတယ်။ မြန်မာလိုကတော့ ဆွေစဉ်မျိုးဆက်ပြတ်နေတဲ့၊ သုခမင်္ဂလာသို့မဟုတ် တိုးပွားထက်သန်ခြင်း ပြတ်တောက်နေသူ၊ ဆက်ခံသူ သားယောကျ်ားမရှိသူ လို့ဖွင့်ဆိုနိုင်ပါတယ်။
ကိုယ်တော်မြတ်(ဆွ)ဟာ ဖော်ပြပါစူရာဟ်ကောင်ဝ်ဆဲရ် မကျရောက်မီနဲ့ ကျရောက်ပြီးကာလများ၌ မွေးဖွားသန့်စင်ခဲ့တဲ့ သားယောကျ်ား တစ်ဦးတစ်ယောက်တောင်မှ အဖတ်မတင်ဘဲ အလ္လာဟ်အရှင်ရဲ့ အစီအမံနဲ့ ကိုယ်တော်ဟာ လောကီရေးရာသားတော်များမရှိခဲ့ဘဲ ဝိညာဉ်ရေးရာသားလှရတနာအမြောက်အမြားကို ပေးသနားချီးမြင့်တော်မူခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် စူရာဟ်ကောင်ဝ်ဆဲရ်ပါ " အပ်သာရ် " ဆိုတဲ့စကားလုံးဟာ ရုပ်ပိုင်းဆိုင်ရာဆက်ခံသူပြတ်တောက်နေတဲ့ အဖြစ်မဟုတ်ဘဲ ဝိညာဉ်ပိုင်းဆိုင်ရာဆက်ခံ သူပြတ်တောက်နေတဲ့အဖြစ်ကို ဆိုလိုရင်းဖြစ်ပါတယ်။
ကိုယ်တော်မြတ်(ဆွ) ဟာ ယုံကြည်သူမွတ်စလင်တိုင်းအတွက် ဖခင်ကြီးတစ်ပါးသာမက အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူတဲ့တမန်တော်အားလုံး ( ကိုယ်တော်မြတ်မပွင့်မီ နှင့် ပွင့်ပြီးနောက် စေလွှတ်ခံခဲ့ရသည့်တမန်တော်များ ) အတွက်လည်း ဝိညာဉ်ရေးရာထူးကဲလှတဲ့ ဖခင်ကြီးဖြစ်ပါတယ်။
ဒါကြောင့်လဲ အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်လာ အမြော်အမြင်အတိုင်း အလ္လာဟ်အရှင်က မုက္ခပါတ်တော် ၃၃:၄၁ မှာ အောက်ပါအတိုင်းဖော်ပြတော်မူထားပါတယ်။
[33:41] Muhammad is not the father of any of your men, but he is the Messenger of Allah and the Seal of the Prophets; and Allah has full knowledge of all things.
မုဟမ္မဒ်သည် အသင်တို့ ယောကျ်ားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ သို့သော်သူ (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် တမန်တော် အပေါင်းတို့၏ ဦးစီးခေါင်းဆောင် အချုပ်တံဆိပ်တော်ဖြစ်ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ပင် ဖြစ်တော်မူပေသတည်း။
တဖန် ၃၃း၇ မှာ အလ္လာဟ်အရှင်မြတ်က အခုလို မိန့်တော်မူထားပါသေးတယ်။
وَاُولُوْا الْاَرْحَامِ بَعْضُهُمْ اَوْلٰى بِبَعْضٍ فِىْ كِتٰبِ اللّٰهِ مِنَ الْمُؤْمِنِيْنَ وَالْمُهٰجِرِيْنَ اِلَّاۤ اَنْ تَفْعَلُوْۤا اِلٰٓى اَوْلِيٰٓٮِٕكُمْ مَّعْرُوْفًاؕ كَانَ ذٰلِكَ فِىْ الْكِتٰبِ مَسْطُوْرًا
[33:7] The Prophet is nearer to the believers than their own selves, and his wives are as mothers to them. And blood relations are nearer to one another, according to the Book of Allah, than the rest of the believers from among the Helpers as well as the Emigrants, except that you show kindness to your friends. That also is written down in the Book.
နဗီတမန်တော်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့် ၎င်းတို့ကိုယ်တိုင်ထက်ပင် ပိုမို၍နီးစပ်၏။၎င်းပြင် ထိုနဗီတမန်တော်မြတ်၏ ကြင်ရာတော်များသည်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ် ၏ကျမ်းဂန်၌ သွေးရင်းသားရင်း တော်စပ်သူတို့မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအခြား မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့ထက်လည်းကောင်း၊မုဟာဂျိရီန် မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ကာ (မက္ကာမြို့မှ) ရွှေ့ပြောင်းခဲ့ကြကုန်သော သူတို့ထက်လည်းကောင်း၊ ပိုမို၍နီးစပ်သူ များ ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည်မိမိတို့၏ အဆွေခင်ပွန်းများအား တစ်စုံတစ်ရာ ကျေးဇူးပြုလိုကြသည်ရှိသော်(ပြုနိုင်ခွင့်ရှိ၏)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်၌ ရေးသားပြီးဖြစ်ချေသတည်း။ (mmsy gtalk Quran translator)
၃၃း၇ ပါဖော်ပြချက်အရ ကိုယ်တော်မြတ်(ဆွ)ဟာ ယုံကြည်သူများအတွက် မိမိတို့သွေးသားရင်းချာများ သာမဟုတ် မိမိတို့ကိုယ်တိုင်ထက်တောင်ပိုပြီး (သွေးသားရင်းခြာ) နီးစပ်နေသလို ကိုယ်တော်ရဲ့ ကြင်ယာတော်များကလည်း ယုံကြည်သူများအတွက် မိခင်မွန်များပဲဖြစ်တယ်ဆိုတာ သိရပါတယ်။
ဒါကြောင့်လည်း အလ်ကောင်ဝ်ဆဲရ်မှာဖော်ပြထားတဲ့အတိုင်း ကိုယ်တော်မြတ်(ဆွ) ကို " အပ်သာရ် " ၊ ဆွေပြတ်မျိုးပြတ် ဆက်ခံသူကင်းမဲ့နေတဲ့သူ၊ တိုးပွားခြင်းကို ဆုတ်ယုတ်စေတဲ့ သုခကိုအဆုံးသတ်သူရယ်လို့ မဟုတ်မတရားစွပ်စွဲခဲ့ကြတဲ့ ကာဖဲရ်များဟာ ဝိညာဉ်ရေးရာအခြေအနေအားဖြင့် " အပ်သာရ် " ဆိုတဲ့အဆင့်မျိုးရောက်သွားခဲ့သလို ကိုယ်တော်မြတ်(ဆွ) ကလည်း ကောင်းခြင်းအမြောက်အမြားဆိုတဲ့ ဝိညာဉ်ရေးရာဆက်ခံသူအများအပြားကို ချီးမြင့်ပေးသနားခြင်းခံခဲ့ရပါတယ်။
ဒါကြောင့် ဆိုခဲ့တဲ့အတိုင်းပါပဲ၊ ကိုယ်တော်မြတ်(ဆွ)ထံတော်ပါးသို့ ကောင်းခြင်းသုခများ အများအပြားပို့ချပေးခြင်းခံခဲ့ရသလို ကိုယ်တော့်ကို ဖဝါးခြေထပ်လိုက်နာခြင်းဖြင့် လည်း ကိုယ်တော့်အားဖြင့် ထိုသုခကောင်းခြင်းများဟာ ကိုယ်တော့်အားဝိညာဉ်ရေးရာနွယ်ယှက်နေသူများထံ ရောက်ရှိလာပါတယ်။
သံခိပ် -
၁) အလ်ကောင်ဝ်ဆဲရ် မကျရောက်မီ မက္ကာဟ်ရှိ မယုံကြည်သူများက ကိုယ်တော်မြတ်အား ဆက်ခံမည့်သူမဲ့နေတဲ့ အဆက်ပြတ်သူ၊ ကောင်းကျိုးသုခကို ပြတ်တောက်သူရယ်လို့ အဓိပ္ပါယ်ရတဲ့ အပ်သာရ် ဆိုပြီး မဟုတ်မတရားစွပ်စွဲခဲ့ကြပေမယ့် အလ္လာဟ်အရှင်မြတ်က ကိုယ်တော်မြတ်(ဆွ) ကို ကောင်ဝ်ဆဲရ် ၊ ကောင်းခြင်းအမြောက်အမြားချပေးသနားတော်မူကြောင်း ကတိတော်ထားရှိခြင်းဖြင့် တုန့်ပြန်တော်မူခဲ့ပါတယ်။
၂) ဒါနဲ့ဆက်စပ်ပြီး ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော် ၃၃:၄၁ ကို အလ္လာဟ်အရှင်မြတ် က ဖော်ပြတော် မူတဲ့အခါ မုဟမ္မဒ်သည် အသင်တို့ယောကျ်ားများအနက်မည်သူတစ်ဦးမျှ၏ ဖခင်မှမဟုတ်ချေ၊ သို့သော် (but - Walarkin) သူသည် ရစူလ်တမန်တော်နှင့် ခါတမန်နဗီယီးန်ဖြစ်ပေသည် ဆိုပြီး but (သို့သော်) ကိုသုံးနှုန်းထားပါတယ်။
but သို့သော် ဆိုတဲ့စကားလုံးဟာ တစ်ခုကိုငြင်းမယ်၊ နောက်တစ်ခုအတွက် species တူနေတဲ့အတန်းအစားထဲက ဂုဏ်ပုဒ်၊ ဒါမှမဟုတ်အကြောင်းအရာတစ်ခုကို ထောက်ခံမယ် စတဲ့ရည်ရွယ်ချက်များနဲ့သာ သုံးစွဲခြင်းခံရပါတယ်။ ခုလည်းဒီလိုပါပဲ၊ မုဟမ္မဒ်သည် အသင်တို့ယောကျ်ားများအနက်မည်သူတစ်ဦးမျှ၏ ဖခင်မှမဟုတ်ချေ၊ သို့သော် သူသည် ရစူလ်တမန်တော်နှင့် တမန်တော်အပေါင်း၏ ဖခင် သို့မဟုတ် ဦးစီးခေါင်းဆောင် .......... ဆိုတဲ့ အဓိပ္ပါယ်ဆီကိုပဲ သာ၍ရောက်ရှိစေပါတယ်။
၃) ဒါ့ပြင် " အပ်သာရ် " ရယ်လို့စွပ်စွဲနေကြတဲ့ ကာဖဲရ်ထုကြီးအတွက် မုဟမ္မဒ်(ဆွ)မှာတော့ လောကီရေးရာ သားတော်တစ်ပါးမှမရှိပြီ၊ သို့သော် ဝိညာဉ်ရေးရာသားတော်အများအပြားရှိတယ်ဆိုတဲ့ sense ဆီသို့သာ သယ်ဆောင်ရောက်ရှိသွားစေပါတယ်။
၄) ဒါကိုကျနော်တို့က မုဟမ္မဒ်(ဆွ)သည် အသင်တို့ယောကျ်ားများအနက်မည်သူတစ်ဦးမျှ၏ ဖခင်မှမဟုတ်ချေ၊ သို့သော် သူသည် နဗူဝသ်ကို အဆုံးသတ်သူဖြစ်သည်လို့ ယူလိုက်ရင် But ဆိုတဲ့ ဝလာကင် ဟာ အဓိပ္ပါယ်မဲ့သွားသလို မုဟမ္မဒ်(ဆွ)ဟာလည်း အဆုံးသတ်သူအဖြစ်သာ (နအူဇိုဘိလ္လာဟ်) ရှိနေဦးမှာဖြစ်ပါတယ်။
No comments:
Post a Comment