ဟဒီးဆ်တော်လာ လာနဗီယာဘာအ်ဒီ အပေါ် အဟ်လေဟဒီးဆ်ကဝိကျော် နဝဘ်ဆဒီးက် ဟဆန်ခန်၏ အရေးအသား
ahlehadith
ကျော်ကြားလှသော သာသနာရေးရာခေါင်းဆောင်တဦးလည်းဖြစ် ပညာရှင်တစ်ဦးလည်းဖြစ်သူ နဝဘ်ဆဒီးက် ဟဆန်ခန် ကအထက်ပါအတိုင်း " လာနဗီယာဘအ်မှာ အတော်ကလေးမှန်ကန်ပေမယ့် ကျွန်ုပ် (တမန်တော်မြတ် (ဆွ)) နောက်ပိုင်း ဝဟီဗျာဒိတ် မကျရောက်ဆိုသည့် ဟဒီးဆ်မှာ အခြေမခိုင်ပါ။ လာနဗီယာဘအ်သည်ကို စာပေကဝိများက ' ကျွန်ုပ် (တမန်တော်မြတ် (ဆွ)) နောက်ပိုင်းတွင် ကုရ်အာန်ကျမ်းတော်မြတ်အား ပယ်ဖျက်ရန် ရှရီအတ်ဥပေဒသစ်ဆောင်ယူလာမယ့် တမန်တော် မပေါ်ထွန်းတော့ပါ' လို့ ဖွင့်ဆိုကြပါတယ်။ " (အစ်တရက်ဘ် ဘွလ် ဆာအတ်၊ စာ ၁၆၂ ။ မူရင်းအထက်တွင်ဖော်ပြထား)
အရှ်ရဖ်အလီထာနဝီ၏ အရေးအသား

ကျမ်းမြတ်ကုရ်အာန်မြန်မာပြန်ဆရာကြီး အလ်ဟဂျ်ဃာဇီဟာရှင်မ်ဆာဟိဘ်၏ ဘာသာပြန်ကျမ်းတွင် အကျယ်ဖွင့်ဆိုချက် သဖ်စီရ်များတွင် အထူးအလေးထားကိုးကားခဲ့သည့် ပညာရှင်ကြီး အရှ်ရဖ်အလီထာနဝီက ဟာဇရသ်အနားဆ်(ရဒီ) ၏ဆင့်ပြန်ချက်ဖြစ်သည့် တမန်တော်မူဆာ(အ)က တမန်တော်မြတ်(ဆွ)၏ အွမ္မသီနဗီဖြစ်ခွင့်ကို အလ္လာဟ်အရှင်ထံ ခွင့်ပြန်သည်တွင် အလ္လာဟ်က ''ငါအရှင်မြတ်ဟာ သူ့(မုဟမ္မဒ်) နာမကို အရရှ်ပုလ္လင် တော်မှာ မိုးနဲ့မြေကို မဖန်ဆင်းမီ နှစ်သန်းပေါင်း ၂၀ ကျော်ကပင်ရေးမှတ်ထားပြီးသူ ဖြစ်တယ်..ငါအရှင်မြတ် ကျိမ်ဆို မိန့်ကြားတော်မူမယ်... မိုဟမ္မဒ်(ဆွ)နဲ့ သူ့ရဲ့အွမ်မသ်သားတွေ ဂျန်နသ်ထဲ မဝင်ရသေးသရွေ့ တစ်ခြားမည်သည့် လူသားဖန်ဆင်းခံမျှ ဂျန်နသ်ထဲဝင်ခွင့်ရမည်မဟုတ်... အဲဒီနောက် တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ကောင်းချီးတွေကို မိန့်ကြားပြီးနောက်မှာ မူစာ (အ)က လျှောက်ထားတယ်...

အို -- အလ္လာဟ်ကျွန်တော်မျိုးကို ဒီအွမ်မသ်ရဲ့ နဗီဖြစ်စေတော်မူပါ၊ ဒီအခါအရှင်မြတ်က သူ့အွမ်မသ်ရဲ့နဗီဟာ ထိုအွမ်မသ် ထဲကပဲ ဖြစ်လိမ့်မယ်" ဟု မိန့်ကြားတော်မူခဲ့ကြောင်းကို အရှ်ရဖ်အလီထာနဝီဆာဟိဘ်က သူ၏စာအုပ် နရှာရွတ်သွိုင်ယိဘ်.....ဖီးဇိက်ရွန်နဗီယိလ် ဟဘီးဘ် ၊ စာ ၂၁၉ တွင်ကိုးကားဖော်ပြခဲ့သည်သာမက တမန်တော်မူဆာ(အ)က အလ္လာဟ်ထံ ကိုယ်တော်မြတ်(ဆွ)၏ သာမာန် အွမ္မသ်ဖြစ်ခွင့်တောင်းရာ အရှင်မြတ်က အသင်(မူဆာ) ဟာ ကိုယ်တော်မြတ်(ဆွ)ထက် အလျင်ပွင့်ပြီးဖြစ်တာကြောင့် ပါဝင်ဖို့ ခွင့်မပြုတော်မူကြောင်းကိုလည်း ကိုးကားဖော်ပြထားပါသည်။
သက်သေရရှိသည်မှာ ကိုယ်တော်မြတ်(ဆွ)နောက်ပိုင်း အွမ္မသ်သီနဗီ ရှိမည့်အကြောင်းပါပင်။
သက်သေရရှိသည်မှာ ကိုယ်တော်မြတ်(ဆွ)နောက်ပိုင်း အွမ္မသ်သီနဗီ ရှိမည့်အကြောင်းပါပင်။
အစ္စလာမ့်ပညာကျော် အာဓိကဝိကြီးများ၏
ရှင်းလင်းဖွင့်ဆိုချက်များ
အထက်၌ “ဟဒီးစ်” တော်များတွင် လာရှိထားချက်များမှ “ခါတမန်နဗီယီးန်” ၏ သဘောသကန်များ၊ “လားနဗီယာဘာအ်ဒီ” ၏ ဆိုလိုသော အနက်အဓိပ္ပါယ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီ ဖြစ်ပါ၍ အရိပ်ပြအကောင်မြင်နိုင်စွမ်းရှိကြသော စာရှုသူ များအတွက် လုံလောက်မည်ဟု မျှော်လင့်ပါသည်။ ယခု ဆက်လက်၍ အစ္စလာမ့် ပညာကျော် သာသနာ့ပညာရှင် “အိုလမာအေရဗ္ဗာနီ” များ၏ ရှင်းလင်းတင်ပြချက်များမှ အချို့ကို တင်ပြ၍ နိဂုံးချုပ်ပါတော့မည်။
ဟာဇရသ်အိုင်အေရှာသခင်မကြီး(ရဒီ) ၏ဆင့်ပြန်ချက်မူရင်း
ယင်းကိုအထက်တွင်ကိုးကားတင်ပြပြီးဖြစ်သော်လည်း မူရင်းအား ယခုတင်ဆက်ပေးပါရစေ။
hadhrataisha
ဟာဇရသ်အာအိရှာ(ရဒီ) သခင်မကြီးမှာ သာသနာ၏တဝက်ကို တဖက်ကမ်းခတ်မျှသိရှိနားလည်ထားသူ တစ်ဦးဖြစ်သည်နှင့်အညီ သခင်မကြီးက အထက်ပါအတိုင်း ကိုယ်တော်မြတ်(ဆွ)အား ခါတမန်နဗီယီးန်ဟု အလ္လာဟ်ကသတ်မှတ်သော်လည်း ကိုယ်တော့်နောက် တမန်တော်မရှိဟု မပြောကြရန် မြစ်တားခဲ့လေသည်။
(၁)
အေမာမ် အစ်ဘနေ့ ကသီဘဟ် (ဟစ်ဂျရီ ၂၆၇ ကွယ်လွန်) က “ဆိုင်ယေဒါဟ် အာအိရှာ ဆွစ်ဒီကာဟ် (ရဒီ) ၏ အထက်ဖော်ပြပါ အဆိုအမိန့်ကို ညွှန်းဆို၍ မိန့်ကြားရှင်းပြသည်မှာ-
" အာအိရှာ သခင်မကြီး ၏ ဤအဆိုမှာ တမန်တော်မြတ်ကြီး မိန့်ကြားခဲ့သော “လားနဗီးယာ ဘာအ်ဒီ” ဟူသော စကားနှင့် ဝိရောဓိ မဖြစ်ပါ။ အကြောင်းမူကား ကိုယ်တော်မြတ်ကြီးက ယင်းသို့ မိန့်ကြားခဲ့ရသော ရည်ရွယ်ချက်မှာ ကျွနု်ပ်ချမှတ်သော “ရှရီအသ်” ပညတ်တရားတော်ကို ပယ်ဖျက်ပြုပြင်မည့် တမန်တော် တစ်ပါးမျှ မရှိဟူ၍ဖြစ်သောကြောင့်တည်း။ " (သာဝီလ်မွခ်သလေဖုလ်အဟာဒီးစ်ကျမ်း၊ စာ-၂၃၆။)
ဤသို့ ကြီးမြင့်မြတ်ထွတ် ပြီးပြည့်စုံတော်မူလှသော -
"အာဒမ်နွယ်ဝင်တို့၏ ဦးသျှောင်နာယက'' နှင့်
“စကြဝဠာကမ္ဘာအပေါင်းကို ဖန်ဆင်းရခြင်း၏ ရည်မျှော်ရာပုဂ္ဂိုလ်”ဟူသည့် ထူးကဲသောအရည်အချင်းတို့နှင့် ပြည့်စုံတော်မူသော၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်မြတ်ကြီးအား “နဗူဝသ်” (တမန်တော်ခန့်ထားခြင်း)ဆိုင်ရာ ကြီးမားကျယ်ပြောလှသော အဆောက်အဦ၏ “အုတ်တစ်ချပ်မျှသော” အခြေအနေမျှသာ ရှိသည်ဟု ရည်ညွှန်းပါ “ဟဒီးစ်”တော် ကို ရှုမြင်သုံးသပ်ခြင်းမှာ လုံးလုံးလျားလျား မှားယွင်း၍ ပယ်ချသင့်သော အဓိပ္ပါယ်ပြန်ဆို ချက်သာ ဖြစ်ပါတော့သည်။ ယင်းကို မခံချင်စိတ်ထက်သန်သော မွတ်စလင် တစ်ဦးအဖို့ လက်ခံနိုင်လိမ့်မည် မဟုတ်သည်မှာ သေချာလှပါသည်။ ထို့ပြင် ဤဖော်ပြပါ ဟဒီးစ် တော်တွင် “ရှရီအသ်” ဓမ္မဥပဒေသ၏ ပြီးပြည့်စုံမှုကိုသာ ဖော်ပြရန် ရည်ရွယ်ရင်းဖြစ်ပြီး အခြားသောသဘော မည်သို့မျှ မဟုတ်သည်မှာ တတ်အပ်သေချာလှပေသတည်း။ (အုတ်တစ်ချပ်မျှဟူသော ဟဒီးဆ်ကို အပိုင်း ၇-၁ ၊ သက်သေပြချက် (င)၌ တင်ပြပြီး)
ယင်းကဲ့သို့၊ သို့လော သို့လော အတွေးအခေါ်များပေါက်၍ အတွေးချော်မှုများ ဖြစ်ပွားလာကာ ဆိုလိုသော သဘောတရားအမှန်မှ ဝေးစွာလွဲချော်သွားမည်ကို စိုးရိမ်လှသဖြင့် ”မို့အ်မင်” သက်ဝင်ယုံကြည်သူအပေါင်း၏ မိခင်မွန် ဟဇရသ်အာ အိရှာဆွစ်ဒီကာဟ် သခင်မကြီး (ရဒီ) က ဤသို့ မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။
““အို - အစ္စလာမ်သာသနာဝင် သူတော်စင်အပေါင်းတို့။ အသင်တို့သည် တမန်တော်မြတ်ကြီးမှာ “ခါတမန်နဗီယီးန်” ဖြစ်သည်ဟူ၍မူကား ဆိုကြလေကုန်။ သို့ရာတွင် ကိုယ်တော်မြတ်ကြီး၏ နှောင်းပိုင်းတွင် “နဗီ” တမန်တော်တစ်ပါးတစ်လေမျှ မရှိတော့ပြီဟူ၍ကား မဆိုကြကုန်လင့်။”” (“ဒုရ်ရေဟန်ဆူရ်”၊ တွဲ ၅၊ စာ ၂၀၄ နှင့် တက္ကမီလာအဂျ်မအုလ်ဘဟာရ်ကျမ်း၊ စာ ၈၅။)
မှတ်ချက်။ မို့အ်မင်တို့၏ မိခင်မွန် အာအိရှာ သခင်မကြီးသည်ကား တမန်တော်မြတ်ကြီး၏ အမြတ်နိုးဆုံးနှင့် သာသနာ့ပညာ အတတ်မြောက်ဆုံးသော ကြင်ရာတော်ဖြစ်ပေသည်။ အကြင်သခင်မကြီးနှင့် စပ်လျဉ်း၍ “ရေဝါယသ်” ဆင့်ပြန် ချက်များ လာရှိသည်မှာ “ဆွဟာဘာဟ်” အဂ္ဂမဟာသာဝကကြီးများအတွက် သာသနာ့ ပညာရေးဆိုင်ရာ အခက်အခဲများရှိခဲ့သော် ဟဇရသ်အာအိရှာသခင်မထံမှပင် အဖြေရရှိခဲ့ လေသည်။ (ဇာဒုလ်မအာဒ်ကျမ်းရှု) (အလ်ဟဂျ်ဃာဇီမိုဟမ္မဒ်ဟာရှင်ဆွာဟိဘ်၏ “မိခင်မွန်” စာ ၄၆ - ၅၄ လည်းရှု)
(၂)
ဟဇရသ်အေမာမ်မိုဟမ္မဒ်သွာဟီရ် (၉၈၆ ဟစ်ဂျရီ - ကွယ်လွန်) မှာ ဥက္ကောဋေးယျ ကျော်ကြားလှပေသော ကြီးမြတ်သော “အာလင်မ်” ပညာရှင်ကြီးတစ်ပါး ဖြစ်ပါသည်။ ယင်းပုဂ္ဂိုလ်ကလည်း ဟဇရသ် အာအိရှာသခင်မကြီး (ရဒီ) ၏ အထက်ဖော်ပြပါ မိန့်ကြားရှင်းလင်းချက်ကို ဤသို့ ထပ်ဆင့်လင်းပြထားပါသည်။
““ဟဇရသ်အာအိရှာသခင်မကြီး (ရဒီ) ၏ ဤအဆိုမှာ တမန်တော်အီဆာ(အ) သည် “နဗီ” တမန်တော်၏ အခြေအနေဖြင့် ကြွှရောက်ပွင့်ပေါ်ရန်ရှိခြင်းကို အခြေခံ ထားခြင်း ဖြစ်သည်ဟု ဆိုကြပေသည်။ ထို့ပြင် ဤအဆိုမှာ “လားနဗီးယာဘာ့အ်ဒီ” ဟူသော ဟဒီးစ်နှင့် ဝိရောဓိလည်း မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် တမန်တော် မြတ်ကြီး ၏ ယင်းအဆို၏သဘောမှာ ကိုယ်တော်မြတ်၏ နောက်တွင် ကိုယ် တော်မြတ်ချမှတ်ခဲ့သော “ရှရီအသ်” ပညတ်တရားတော်ကို ပယ်ဖျက်ပြုပြင်မည့် “နဗီ” တမန်တော်မျိုးရှိတော့မည် မဟုတ်ဟူ၏။”” (တက္ကမီလာမဂျ်မအုလ်ဘဟာရ်ကျမ်း စာ - ၈၅။)
(၃)
ထိုမှတစ်ပါး “ဟဇရသ်အေမာမ် အဗ္ဗဒုလ် ဝါဟားဘ်ရှဲအ်ရာနီ (ရဟ) (ဟစ်ဂျရီ ၉၇၆ ကွယ်လွန်) က “လားနဗီးယာဘာအ်ဒီ” ဟဒီးစ်ကို အကျယ်ဖွင့်ဆို ရှင်းပြရင်း မိန့်ကြားသည်မှာ -
““တမန်တော်မြတ်ကြီး ၏ အဆိုအမိန့်ဖြစ်သော “လားနဗီးယာဘာ့အ်ဒီ” နှင့် “လားရစူးလာဘာ့အ်ဒ်” တို့၏ သဘောသကန်မှာ ကိုယ်တော်မြတ်ကြီး၏ နောက်ပိုင်းတွင် “ရှရီအသ်” ဓမ္မဥပဒေသ၊ ပညတ် တရားတော်ကို ယူဆောင်ချမှတ်မည့် တမန်တော် မရှိတော့ပြီဟူ၏။”” (အလ်ဝါကီယတုလ် ဂျဝါဟီရ် - တွဲ ၂။ စာ ၃၅)
(၄)

အိန္ဒိယတိုက်ငယ်တဝန်း ကျော်ဇောကိတ္တိရှိလှသော “မိုဟာဒိစ်” လည်းဖြစ် “မိရှ်ကားသ်ကျမ်း” ၏ အဋ္ဌကထာရှင်လည်းဖြစ်ပြီး၊ အဲဟ်လေ ဆွန္နသ်-ဝလ်-ဂျမာအသ်တို့၏ အေမာမ်ကြီးလည်းဖြစ်သော အေမာမ်မောင်လာအလီကာရီသခင်(ဟစ်ဂျရီ ၁၀၁၄ ကွယ်လွန်) ကအထက်ပါအတိုင်း ကိုယ်တော်မြတ်(ဆွ)၏သားတော်ကလေး အီဗရာဟင်မ်အသက်ရှင်ပါမူ တမန်တော်ဖြစ်မည့်အကြောင်းနှင့် ထိုနည်းတူ အိုမာရ်သည်လည်း တမန်တော်ဖြစ်ခဲ့ပါမူ ကိုယ်တော်မြတ်(ဆွ)၏ နောက်လိုက်များသာဖြစ်မည့်အကြောင်းနှင့် ထိုသည် ခါတမန်နဗီယီးန်အားမဆန့်ကျင်ကြောင်း၊ အကြောင်းမူ ခါတမန်နဗီယီးန်မှာ ကိုယ်တော်မြတ်(ဆွ)နောက်ပိုင်း ရှရီအတ်ဥပဒေပြုတမန်တော်နှင့် ကိုယ်တော်၏အွမ္မသ်ပြင်ပမှ တမန်တော်မပွင့်ပေါ်ဟု ဆိုလိုရင်းဖြစ်ကြောင်း အလ်အက်စ်ရာ အလ်မာဖူအာ ဖိလ် အက္ကဘာရ် အလ်မောင်ဇူအာ ၊ စာမျက်နှာ် ၁၉၂ တွင်ဖော်ပြခဲ့သည်။
၎င်းပြင် ထိုပုဂ္ဂိုလ်ကြီးကပင် လာနဗီယာဘာအ်ဒီနှင့်ပတ်သက်၍ " ဟဒီးစ်တော်လာ လာနဗီယာဘာအ်ဒီ ဟူ၍ လာရှိထားသော အကြင်စကားလုံးများမှာ အိုလမာပညာရှင်ကြီးများ၏အလိုအရ တမန်တော်မြတ်ကြီး(ဆွ)
၏ ရှရီအသ် ပညတ်တရားတော်ကို ပယ်ဖျက်မည်ဖြစ်သော ရှရီအသ်ကို ယူဆောင်လာမည့်
တမန်တော်တစ်ပါးမျှ ပေါ်ထွန်းလိမ့်မည်မဟုတ် ဟူ၍ အဓိပ္ပါယ်ရရှိသည်။ " ဟု မိန့်ခဲ့ဖူးသည်။ (အလ်အိရှာအသ်-ဖီး-အိရှ်ရာသ်အလ်ဆာအဟ် စာ ၂၂၆)
ဟာဇရသ်အိုင်အေရှာသခင်မကြီး(ရဒီ) ၏ဆင့်ပြန်ချက်မူရင်း
ယင်းကိုအထက်တွင်ကိုးကားတင်ပြပြီးဖြစ်သော်လည်း မူရင်းအား ယခုတင်ဆက်ပေးပါရစေ။
hadhrataisha
ဟာဇရသ်အာအိရှာ(ရဒီ) သခင်မကြီးမှာ သာသနာ၏တဝက်ကို တဖက်ကမ်းခတ်မျှသိရှိနားလည်ထားသူ တစ်ဦးဖြစ်သည်နှင့်အညီ သခင်မကြီးက အထက်ပါအတိုင်း ကိုယ်တော်မြတ်(ဆွ)အား ခါတမန်နဗီယီးန်ဟု အလ္လာဟ်ကသတ်မှတ်သော်လည်း ကိုယ်တော့်နောက် တမန်တော်မရှိဟု မပြောကြရန် မြစ်တားခဲ့လေသည်။
(၁)
အေမာမ် အစ်ဘနေ့ ကသီဘဟ် (ဟစ်ဂျရီ ၂၆၇ ကွယ်လွန်) က “ဆိုင်ယေဒါဟ် အာအိရှာ ဆွစ်ဒီကာဟ် (ရဒီ) ၏ အထက်ဖော်ပြပါ အဆိုအမိန့်ကို ညွှန်းဆို၍ မိန့်ကြားရှင်းပြသည်မှာ-
" အာအိရှာ သခင်မကြီး ၏ ဤအဆိုမှာ တမန်တော်မြတ်ကြီး မိန့်ကြားခဲ့သော “လားနဗီးယာ ဘာအ်ဒီ” ဟူသော စကားနှင့် ဝိရောဓိ မဖြစ်ပါ။ အကြောင်းမူကား ကိုယ်တော်မြတ်ကြီးက ယင်းသို့ မိန့်ကြားခဲ့ရသော ရည်ရွယ်ချက်မှာ ကျွနု်ပ်ချမှတ်သော “ရှရီအသ်” ပညတ်တရားတော်ကို ပယ်ဖျက်ပြုပြင်မည့် တမန်တော် တစ်ပါးမျှ မရှိဟူ၍ဖြစ်သောကြောင့်တည်း။ " (သာဝီလ်မွခ်သလေဖုလ်အဟာဒီးစ်ကျမ်း၊ စာ-၂၃၆။)
ဤသို့ ကြီးမြင့်မြတ်ထွတ် ပြီးပြည့်စုံတော်မူလှသော -
ယင်းကဲ့သို့၊ သို့လော သို့လော အတွေးအခေါ်များပေါက်၍ အတွေးချော်မှုများ ဖြစ်ပွားလာကာ ဆိုလိုသော သဘောတရားအမှန်မှ ဝေးစွာလွဲချော်သွားမည်ကို စိုးရိမ်လှသဖြင့် ”မို့အ်မင်” သက်ဝင်ယုံကြည်သူအပေါင်း၏ မိခင်မွန် ဟဇရသ်အာ အိရှာဆွစ်ဒီကာဟ် သခင်မကြီး (ရဒီ) က ဤသို့ မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။
““အို - အစ္စလာမ်သာသနာဝင် သူတော်စင်အပေါင်းတို့။ အသင်တို့သည် တမန်တော်မြတ်ကြီးမှာ “ခါတမန်နဗီယီးန်” ဖြစ်သည်ဟူ၍မူကား ဆိုကြလေကုန်။ သို့ရာတွင် ကိုယ်တော်မြတ်ကြီး၏ နှောင်းပိုင်းတွင် “နဗီ” တမန်တော်တစ်ပါးတစ်လေမျှ မရှိတော့ပြီဟူ၍ကား မဆိုကြကုန်လင့်။”” (“ဒုရ်ရေဟန်ဆူရ်”၊ တွဲ ၅၊ စာ ၂၀၄ နှင့် တက္ကမီလာအဂျ်မအုလ်ဘဟာရ်ကျမ်း၊ စာ ၈၅။)
မှတ်ချက်။ မို့အ်မင်တို့၏ မိခင်မွန် အာအိရှာ သခင်မကြီးသည်ကား တမန်တော်မြတ်ကြီး၏ အမြတ်နိုးဆုံးနှင့် သာသနာ့ပညာ အတတ်မြောက်ဆုံးသော ကြင်ရာတော်ဖြစ်ပေသည်။ အကြင်သခင်မကြီးနှင့် စပ်လျဉ်း၍ “ရေဝါယသ်” ဆင့်ပြန် ချက်များ လာရှိသည်မှာ “ဆွဟာဘာဟ်” အဂ္ဂမဟာသာဝကကြီးများအတွက် သာသနာ့ ပညာရေးဆိုင်ရာ အခက်အခဲများရှိခဲ့သော် ဟဇရသ်အာအိရှာသခင်မထံမှပင် အဖြေရရှိခဲ့ လေသည်။ (ဇာဒုလ်မအာဒ်ကျမ်းရှု) (အလ်ဟဂျ်ဃာဇီမိုဟမ္မဒ်ဟာရှင်ဆွာဟိဘ်၏ “မိခင်မွန်” စာ ၄၆ - ၅၄ လည်းရှု)
(၂)
ဟဇရသ်အေမာမ်မိုဟမ္မဒ်သွာဟီရ် (၉၈၆ ဟစ်ဂျရီ - ကွယ်လွန်) မှာ ဥက္ကောဋေးယျ ကျော်ကြားလှပေသော ကြီးမြတ်သော “အာလင်မ်” ပညာရှင်ကြီးတစ်ပါး ဖြစ်ပါသည်။ ယင်းပုဂ္ဂိုလ်ကလည်း ဟဇရသ် အာအိရှာသခင်မကြီး (ရဒီ) ၏ အထက်ဖော်ပြပါ မိန့်ကြားရှင်းလင်းချက်ကို ဤသို့ ထပ်ဆင့်လင်းပြထားပါသည်။
(၃)
ထိုမှတစ်ပါး “ဟဇရသ်အေမာမ် အဗ္ဗဒုလ် ဝါဟားဘ်ရှဲအ်ရာနီ (ရဟ) (ဟစ်ဂျရီ ၉၇၆ ကွယ်လွန်) က “လားနဗီးယာဘာအ်ဒီ” ဟဒီးစ်ကို အကျယ်ဖွင့်ဆို ရှင်းပြရင်း မိန့်ကြားသည်မှာ -
““တမန်တော်မြတ်ကြီး ၏ အဆိုအမိန့်ဖြစ်သော “လားနဗီးယာဘာ့အ်ဒီ” နှင့် “လားရစူးလာဘာ့အ်ဒ်” တို့၏ သဘောသကန်မှာ ကိုယ်တော်မြတ်ကြီး၏ နောက်ပိုင်းတွင် “ရှရီအသ်” ဓမ္မဥပဒေသ၊ ပညတ် တရားတော်ကို ယူဆောင်ချမှတ်မည့် တမန်တော် မရှိတော့ပြီဟူ၏။”” (အလ်ဝါကီယတုလ် ဂျဝါဟီရ် - တွဲ ၂။ စာ ၃၅)
(၄)
အိန္ဒိယတိုက်ငယ်တဝန်း ကျော်ဇောကိတ္တိရှိလှသော “မိုဟာဒိစ်” လည်းဖြစ် “မိရှ်ကားသ်ကျမ်း” ၏ အဋ္ဌကထာရှင်လည်းဖြစ်ပြီး၊ အဲဟ်လေ ဆွန္နသ်-ဝလ်-ဂျမာအသ်တို့၏ အေမာမ်ကြီးလည်းဖြစ်သော အေမာမ်မောင်လာအလီကာရီသခင်(ဟစ်ဂျရီ ၁၀၁၄ ကွယ်လွန်) ကအထက်ပါအတိုင်း ကိုယ်တော်မြတ်(ဆွ)၏သားတော်ကလေး အီဗရာဟင်မ်အသက်ရှင်ပါမူ တမန်တော်ဖြစ်မည့်အကြောင်းနှင့် ထိုနည်းတူ အိုမာရ်သည်လည်း တမန်တော်ဖြစ်ခဲ့ပါမူ ကိုယ်တော်မြတ်(ဆွ)၏ နောက်လိုက်များသာဖြစ်မည့်အကြောင်းနှင့် ထိုသည် ခါတမန်နဗီယီးန်အားမဆန့်ကျင်ကြောင်း၊ အကြောင်းမူ ခါတမန်နဗီယီးန်မှာ ကိုယ်တော်မြတ်(ဆွ)နောက်ပိုင်း ရှရီအတ်ဥပဒေပြုတမန်တော်နှင့် ကိုယ်တော်၏အွမ္မသ်ပြင်ပမှ တမန်တော်မပွင့်ပေါ်ဟု ဆိုလိုရင်းဖြစ်ကြောင်း အလ်အက်စ်ရာ အလ်မာဖူအာ ဖိလ် အက္ကဘာရ် အလ်မောင်ဇူအာ ၊ စာမျက်နှာ် ၁၉၂ တွင်ဖော်ပြခဲ့သည်။
၎င်းပြင် ထိုပုဂ္ဂိုလ်ကြီးကပင် လာနဗီယာဘာအ်ဒီနှင့်ပတ်သက်၍ " ဟဒီးစ်တော်လာ လာနဗီယာဘာအ်ဒီ ဟူ၍ လာရှိထားသော အကြင်စကားလုံးများမှာ အိုလမာပညာရှင်ကြီးများ၏အလိုအရ တမန်တော်မြတ်ကြီး(ဆွ)
၏ ရှရီအသ် ပညတ်တရားတော်ကို ပယ်ဖျက်မည်ဖြစ်သော ရှရီအသ်ကို ယူဆောင်လာမည့်
တမန်တော်တစ်ပါးမျှ ပေါ်ထွန်းလိမ့်မည်မဟုတ် ဟူ၍ အဓိပ္ပါယ်ရရှိသည်။ " ဟု မိန့်ခဲ့ဖူးသည်။ (အလ်အိရှာအသ်-ဖီး-အိရှ်ရာသ်အလ်ဆာအဟ် စာ ၂၂၆)
(၅)
အချုပ်ဆိုသော် ပေါ်ထွန်းခဲ့လေသမျှသော ရှေးသာသနာ့ပညာရှင် “အိုလမာ ရဗ္ဗာနီ” များမှ တစ်ပါးပြီး တစ်ပါး တင်ပြခဲ့လေသမျှ အားလုံးတို့မှာ “ဟဒီးစ်လား နဗီးယားဘာ့ဒီ” ကို တညီတညွတ်တည်း ဤသို့ ဖွင့်ဆိုခဲ့ကြကြောင်းကို နေမင်းပမာ ထင်ရှားစွာ သိရှိရပါတော့သည်။
ယင်းကို ရှာဟ်ဝလီယွလ္လာဟ် မိုဟာဒီးစ်ဒေလဝီ (ဟစ်ဂျရီ ၁၁၇၆ ကွယ်) က - ““တမန်တော်မြတ်ကြီး (ဆွ) ၏ အဆို “လားနဗီးယာဘာအ်ဒီ” နှင့် “လားရစူလာ” တို့အားဖြင့် အကြင်ပြတ်တောက်သွားပြီဟူသော “နဗူဝသ်” နှင့် “ရေဆာလသ်” မှာ တမန်တော်မြတ်ကြီးန၏ အလိုသဘောအရ “ရှရီအသ်” ပညတ်တရားတော်အသစ် ပါရှိသော “နဗူဝသ်” တမန်တော်စနစ်ကို ဆိုလိုခြင်း ဖြစ်ပေသည်”” (ကုရ်ရာသွလ်အိုင်နိုင်း - ဖီ - သဖ်ဒွီလွတ်ရှေခိုင်းန်၊ စာ ၃၁၉။)
သို့ဖြစ်ပါ၍ “ရှရီအသ်“ ဓမ္မဥပဒေသ (ဝါ) ပညတ်တရားတော်ကို ယူဆောင် လာမည့် law bearing Prophet သည်ကား တမန်တော်မြတ်ကြီး (ဆွ) ၏ နောက်ပိုင်းတွင် “ကေယာမသ်” ရှင်ပြန်ထမြောက်ရမည့် နေ့တော်ကြီးတိုင်အောင် မပေါ်မထွန်းနိုင်တော့ကြောင်းနှင့် “ရှရီအသ်” ဓမ္မဥပဒေသ (ဝါ) ပညတ်တရားတော်မပါဘဲ တမန်တော်မြတ်ကြီး (ဆွ) ၏ “အွမ္မသ်” တပည့်တော်များအတွင်းမှဖြစ်သည့် တမန်တော် ဟူ၍ကား ကမ္ဘာ့ နောက်ဆုံးနေ့တိုင် ပေါ်ထွန်းနိုင်ကြောင်းကို အထင်အရှား ကွင်းကွင်း ကွက်ကွက် သိရှိရပေတော့သတည်း။
သို့ဖြစ်၍လည်း ဒေယိုဘန်ကျောင်းတော်ကြီးကို လက်လွန်မဆွ အုတ်မြစ်ချ၍ တည်ထောင်တော်မူခဲ့သော ၊ ယနေ့ ဒီယိုဘန် များ၏ ဥသျှောင် ဟဇရသ်မောင်လာနာမိုဟမ္မဒ်ကာဆင်(မ်) နာနူတဝီ အရှင်သူ မြတ် (ဟစ်ဂျရီ ၁၂၉၇ ကွယ်လွန်) က ဤသို့မိန့်ကြားရှင်းပြထားခဲ့ခြင်း ဖြစ်ပါသည်။
MuhammadQasimNanotaviSahib
“သာမန်လူအများ၏ အယူ၌ တမန်တော်မြတ်ကြီး (ဆွ) ၏ “ခါတမ်“ ဖြစ်ခြင်းမှာ တမန်တော်မြတ်ကြီး(ဆွ) ၏ အချိန်ကာလသည် ရှေးတမန်တော်တို့၏ အချိန်ကာလ၏ နောက်မှဖြစ်သည်။ ဤသို့ဖြင့် တမန်တော်မြတ်ကြီးသည် အားလုံးတို့တွင် နောက်ဆုံးစွန်သောနဗီဖြစ်သည်ဟူ၍ အဓိပ္ပါယ်သဘောရယူကြပေသည်။ သို့ရာတွင် အချိန်ကာလအားဖြင့် ရှေးကျခြင်းနောက်ကျခြင်းတွင် ပင်ကိုယ်သဘောအားဖြင့် မည်သို့မျှ မြင့်မြတ်ခြင်းသဘောမရှိဟူသည်ကို ပညာဉာဏ်ရှိသူတို့အဖို့ ပေါ်လွင် ထင်ရှားပါ လိမ့်မည်။ ထို့နောက် ဂုဏ်တင်ချီးမွမ်းရာ၌ “ဝလာကင်န် ရစူလွလ’ာဟ် ဝါ ခါတမန်နဗီယီးန်” ဟု မိန့်တော်မူခြင်းမှာ ထိုသို့သော ပုံစံဖြင့် ဆိုပါလျှင် (တစ်နည်း နောက်ဆုံးဟူ၍ အချိန်ကာလသဘောကိုယူလျှင်) အသို့လျှင် မှန်ကန်သင့် လျော်ပါ တော့မည်နည်း။ အကယ်၍ ဤ (ခါတမန်နယီးန်ဟူသော) ဘွဲ့ကို ဘွဲ့ဂုဏ်ချီးမြှင့်ခြင်း အဖြစ် မဆိုလျှင်လည်းကောင်း ဤ“ခါတမီယသ်” အဆင့်အတန်းကို ချီးမွမ်းမှု ဖွင့်ခန်းအဖြစ် မသတ်မှတ်လျှင်လည်းကောင်း၊ ”ခါတမီယသ်” မှာ အချိန်ကာလအားဖြင့် နောက်ဆုံးဟုယူလျှင် မှန်ကန်သင့်မြတ်နိုင်ပေသည်။ သို့သော် “အဲဟ်လေအစ္စလာမ်” (အစ္စလာမ်သာသနာဝင်) တို့အနက် မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအကြောင်းရပ်ကို သဘောတူလက်ခံကြမည် မဟုတ်ကြောင်းကို ကျွနု်ပ်နားလည်ထားပါသည်။”” (သာဟ်ဇီရွန် နားစ်၊ စာ ၃-၄-၅)
ပုဂ္ဂိုလ်ကြီးကပင် ထပ်ဆင့်ပြောကြားသည်မှာ " နောင်တချိန်တွင် မြင့်မားသောအဆင့်ဖြင့် တမန်တော်တစ်ပါးပေါ်ထွန်းလာသည့်တိုင်၊ (တနည်း ကိုယ်တော်မြတ်(ဆွ) နောက် တမန်တော်တစ်ပါးပေါ်ထွန်းလာသည့်တိုင်) ကျွန်ုပ်တို့အနေဖြင့် အထက်ပါအမြင်ကို လက်ခံသော်လည်း ကိုယ်တော်မြတ်(ဆွ)၏ (အချိန်ကာလအလျောက်) အဆုံးသတ်ဖြစ်ခြင်းကို တစ်စုံတစ်ရာမဆန့်ကျင်ပေ။ " (သာဟ်ဇီရွန် နားစ်၊ စာ ၃၄)
ကျွနု်ပ်တို့အတွက်သတင်းကောင်း
အစ္စလာမ်သာသနာက ကျွနု်ပ်တို့အတွက် ဆုံးရှုံးနစ်နာခြင်းသတင်းကိုသာ ပေးနေ၏၊ ''နေ့အ်မသ်'' ကောင်းကိုျးချမ်းသာနှင့် ''ရဟ်မသ်'' ကရုဏာတော် ဟူသမျှ တို့၏ တံခါးပေါက်များကို ကျွနု်ပ်တို့အတွက် အစဉ်ထာဝရအားဖြင့် ပိတ်ထားလိုက်ပြီ ဟု ဆိုကြပါမည်လော။ (နအူဇိုဘိလ္လာဟ်)မဟုတ်ပါ။ လုံးဝ (လုံးဝ) မဟုတ်ရပါ။ ဤသည်မှာ ကျွနု်ပ်တို့ ညီရင်းအစ်ကိုများ ၏ အတွေးအမြင်မှား ယွင်းမှုသာဖြစ်ပါ၏။ အလ္လာဟ်အရှင်မြတ်က ကျွနု်ပ်တို့၏နှစ်ဘဝ သခင်ကျေးဇူးရှင်အား အကြောင်းပြု၍ ကျွနု်ပ်တို့အား သတင်းကောင်း ပေးထားပါ၏။
''ထိုမှတစ်ပါး အသင်သည် ''မုအ်မင်န်'' သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့ အပါ်၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကြီးကျယ်လှစွာသော ''ဖဇလ်'' ကျေးဇူးတော်ရှိ ကြောင်း သတင်းကောင်းပြောကြားပါလေ'' (၃၃း၄၈)
သို့ပါလျက် ကျွနု်ပ်တို့သည် မိမိတို့ကိုယ်ကို အသို့လျှင် ကံဆိုးမိုးမှောင်ကျနေ သူများအဖြစ် မှတ်ယူကြပါအံ့နည်း။ အလ္လာဟ်အရှင့် ကရုဏာတော်မုခ်ဦးတံခါးပေါက်မှာ အစဉ်ထာဝရအားဖြင့် ဖွင့်လှစ်ထားလျက်ရှိနေပါ၏။ ထို့အပြင် အကြင်သူသည် ဤတံခါး ပေါက်မှ အကျိုးရယူလိုသောဆန္ဒထားရှိပါလျှင်၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ ''ဖဇလ်'' ကျေးဇူးတော်မှ ဝေစုကို မြေကြီးလက်ခတ်မလွဲ ရရှိမည်ဖြစ်ပါသည်။
သို့ဖြစ်၍၊ လာကြပါကုန် ကျွနု်ပ်တို့သည် အသင်သူတော်ကောင်းပုဂ္ဂိုလ်များအား သတင်းကောင်းပြောကြားပါမည်။ ယခုကာလမှာလည်း အလ္လာဟ်အရှင်မြတ်၏ ““နေ့အ်မသ်”” ကောင်းကျိုးချမ်းသာများမှ ဝေစုအများ အပြားကို ရရှိလျက် အစ္စလာမ် သာသနာကဖော်ပြသော အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ လာကြကုန်။
ထိုအရှင်မြတ် သည် အဖန်တလဲလဲ သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော် မူပါ၏။ အကြင်သူသည် ထိုအရှင်မြတ်ထံတော်မှ အသနားခံလျှောက်ထားလျှင် ယင်းကိုရရှိ၏။ ထိုအရှင်မြတ်၏ တံခါးပေါက်သို့ လာရောက်သောသူသည် ကံမွဲစွာဖြင့် လက်ဗလာနှင့် ပြန်ရသည်မရှိချေ။ ထို့ပြင် ထိုအရှင်မြတ်၏ မဟာတမန်တော်(ဆွလ္လလ္လားဟို့ အလိုင်းဟေဝဆလာမ်)သည် လည်း အသက်ဝင်ရှင်သန်လျက်ရှိတော်မူသော တမန်တော်ဖြစ်၏။ အကြင် သူသည် ထိုတမန်တော်၏ ပုဆိုးအနားစကို ဆွဲကိုင်အံ့ သူသည်ဆန္ဒမပြည့်ဝဘဲရှိမည် မဟုတ်ချေဟူ၍ ဖိတ်မန္တကပြုသူများရှိနေပါ၏။
အလ္လာဟ်အရှင်မြတ်၏ အစေတော်က အသင်သူတော်ကောင်းပုဂ္ဂိုလ်တို့အား ဖိတ်ခေါ်သည်ကို နားဆင်ကြပါ။
““ကျွနု်ပ်သည် လူခပင်းတို့အား ယုံကြည်စိတ်ချလောက်သောစကားကို ဆိုပါ၏။ ယခုအခါ မိုးကောင်းကင်အောက်တွင် ကြီးမြတ်၍ လုံးလုံးလျားလျား အသက် ထင်ရှားရှိတော်မူသော တမန်တော်မှာ တစ်ပါးတည်းသာရှိပါ၏။ ဆိုလိုသည်မှာ ““မူဟမ္မဒ်မူဆ်တဖွာ”” ဆွလ္လလ္လားဟို့ အလိုင်းဟေဝဆလာမ် ဖြစ်၏။ ဤသည်ကို သက်သေပြအထောက်အခံ ပြုရန် အတွက် အလ္လာဟ်က ကျွနု်ပ်အား ““မဆိဟ်”” အဖြစ်ပြု၍ စေလွှတ်တော်မူပါ သည်။
အကြင်သူသည် ဒွိဟ သံသယဖြစ်ပါလျှင် ထိုသူ့အနေနှင့် အေးဆေး တည်ငြိမ်စွာဖြင့် ဤမြင့်မြတ်သောဘဝကို ကျွနု်ပ်အား သက်သေပြပါလေ။ အကယ်၍ ကျွနု်ပ်သာ မလာရောက်ခဲ့ပါလျှင် စောဒကဝင်စရာ တစ်စုံတစ်ရာရှိခဲ့ မည်ဖြစ်ပါသည်။ သို့သော် ယခုအခါ မည်သူတစ်ဦးတစ်ယောက် အတွက်မျှ စောဒဝင်ဖို့နေရာမရှိတော့ပါ။ အကြောင်းမူ အလ္လာအရှင်မြတ်က အသက်ဝင် ရှင်သန်လျက်ရှိသော ကျမ်းတော်မှာ ကုရ်အာန်ကျမ်းတော်ဖြစ်ကြောင်း၊ အသက် ဝင်ရှင်သန်လျက်ရှိသော သာသနာမှာ အစ္စလာမ်ဖြစ်ကြောင်းနှင့် အသက်ဝင် ရှင်သန်လျက်ရှိသော တမန်တော်မှာ ““မူဟမ္မဒ်မုဆ်တဖွာ”” ဆွလ္လလ္လားဟို့ အလိုင်းဟေဝဆလာမ် ပင်ဖြစ်ကြောင်း တို့ကို သက်သေပြရန်အလို့ငှါ ကျွနု်ပ်အား စေလွှတ်တော်မူသောကြောင့်တည်း။
ဤစကားရပ်များမှာ မှန်ကန်သော သစ္စာစကားများဖြစ်ကြောင်းနှင့် ““ကလေမဟ်”” လားအီလားဟ၊ အိလ်လလ္လာဟို၊ မူဟမ္မဒ် ဒူရ်ရစူလွလာဟ်”” တွင် ဖော်ပြထားသော အရှင်မြတ်သည်သာ တစ်ပါးတည်းသောအရှင်ဖြစ် ကြောင်းကို ကျွနု်ပ်သည် မိုးကောင်းကင်နှင့် ပထဝီမြေကို သက်သေပြု၍ ဆိုပါ၏။ ထို့အပြင် အသက်ဝင်ရှင်သန်လျက်ရှိသော တမန်တော်မှာလည်း ထိုတမန်တော် ဆွလ္လလ္လားဟို့ အလိုင်းဟေဝဆလာမ် တစ်ပါးတည်းသာရှိပါ၏။ အကြင်တမန်တော် ဆွလ္လလ္လားဟို့ အလိုင်းဟေဝဆလာမ် ၏ ခြေတော် အောက်မှ ကမ္ဘာလောကသည် အသစ်တဖန် အသက်ဝင်လှုပ်ရှားလျက်ရှိ နေပါ၏။ အတိတ်ကြီး နိမိတ်ကြီးများ ပေါ်ထွန်းလျက်ရှိနေပါ၏။ ““ဘရ်ကတ်”” မင်္ဂလာအဖြာဖြာ ပေါ်လွင်ထင်ရှားလျက် ရှိနေပါ၏။ ““ဂိုက်ဗ်”” အကွယ်မှ စန်းပေါက်များ ပန်းထွက်လျက်ရှိနေပါ၏။ သို့ဖြစ်ရာ မိမိကိုယ်မိမိ အမိုက်မှောင် (အဝိဇ္ဇာ)မှ ထုတ်ဆောင်သော အကြင်သူသည်ကား မင်္ဂလာရှိပေသတည်း။””
(ဟာဇရသ် မဆီဟ်မော်အုဒ် အလ် မဟ်ဒီမော်အုဒ် ၊ ၁၃၁၈ ဟစ်ဂျရီ၊ မိုဟာရမ်လ(၂၅)ရက်၊ ၁၉၀၀-ပြည့်နှစ်၊ မေလ(၂၅)ရက်၊ သောကြာနေ့ထုတ်ကြေညာစာတမ်း။)
““အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်။ ကျွန်တော်မျိုး တို့ထံမှ သဘောတူလက်ခံတော်မူပါ။ စင်စစ် အရှင်မြတ်သည်ပင်လျှင် လွန်စွာကြား တော်မူသောအရှင်။ အစဉ်ထာဝရသိရှိတော်မူသောအရှင် ဖြစ်တော်မူပါ၏””။
နောက်ဆက်တွဲ(က)
No comments:
Post a Comment