ခါတမန်နဗီယီးန်အကြောင်းအရာနှင့်ပတ်သတ်၍ နောက်ဆုံးကြေငြာချက်

بِسْمِ اللهِ الرَّحْمـٰنِ الرَّحِيمِ

يٰحَسْرَةً عَلَى الْعِبَادِ ‌ۚ مَا يَاْتِيْهِمْ مِّنْ رَّسُوْلٍ اِلَّا كَانُوْا بِهٖ يَسْتَهْزِءُوْنَ‏

 Alas for My servants! there comes not a Messenger to them but they mock at him.



ကျွန်ုပ်တို့အဟ်မဒီမွတ်စလင်မ်များ၏ အမြုတေယုံကြည်ချက်မှာ " လားအိလားဟ အိလ္လလ္လားဟို့ မုဟမ္မဒ်ဒွရ် ရစူလွလ္လာဟ် '' ၊ ('' အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာမရှိ၊ မုဟမ္မဒ်သည် အလ္လာဟ်အရှင်စေလွှတ်တော်မူသော တမန်တော်ဖြစ်သည် '') ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် တမန်တော်မြတ်ကြီး (ဆွလ္လာလ်လားဟို့ အလိုင်းဟေ ဝဆလာမ်) အား ခါတမန်နဗီယီးန်၊ နဗီတမန်တော်အပေါင်း၏ ဦးစီးခေါင်းဆောင် အချုပ်တံဆိပ်တော် မကိုဋ်သရဖူအဖြစ် ယုံကြည်ပါသည်။

အကယ်၍ ဤဘလော့ဂ်သည် လူအများအား လမ်းမှားသို့ညွှန်နေသည် သို့မဟုတ် လူအများအား brain wash လုပ်နေသည် သို့မဟုတ် အမှားအယွင်းများအား အဓမ္မဝါဒဖြန့်နေသည် သို့မဟုတ် အလားတူယုံကြည်ယူဆသည့် ၃၃.၄၁ ပါ ခါ-သ-မ အား အဆုံးသတ်သူ သို့မဟုတ် နောက်ဆုံး သို့မဟုတ် အသုဘဖိတ်စာများတွင် အများဆုံးသုံးသော အန္တိမ ဟူသည့်အဓိပ္ပါယ်ဖြင့် ယုံကြည်ကြသော အဟ်မဒီမှအပ အခြားသော အဟ်မဒီယာမွတ်စလင်မ်များအား အမနာပ ဆိုချင်သည့် မွတ်စလင်မ်အားလုံးထဲမှ မည်သူတစ်ဦးတစ်ယောက်မဆို

၁) ၃၃.၄၁ ပါ ခါ-သ-မ အား အဆုံးသတ်သူ သို့မဟုတ် နောက်ဆုံး သို့မဟုတ် အသုဘဖိတ်စာများတွင် အများဆုံးသုံးသော အန္တိမဟူသည့်အဓိပ္ပါယ်အဖွင့်ကို ထောက်ပံ့ရန် ကျမ်းမြတ်ကုရ်အာန်ထဲမှ အခြားမုက္ခပါတ်တော်တစ်ခု ထုတ်ပြလျှင်သော်လည်းကောင်း

၂) ကျွန်ုပ်ဘက်မှ ၃၃.၄၁ ပါ ခါ-သ-မ သည် အဆုံးသတ်သူ သို့မဟုတ် နောက်ဆုံး သို့မဟုတ် အသုဘဖိတ်စာများတွင် အများဆုံးသုံးသော အန္တိမ ဟူသည့် အဓိပ္ပါယ်လုံးဝမသက်ရောက်နိုင်ေြကာင်း ထောက်ခံတင်ပြသည့် ကျမ်းမြတ်ကုရ်အာန်ထဲမှ

အလ္လာဟ်အရှင်မြတ်သည် “မလာအိကာဟ်” ကောင်းကင်တမန်တို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း စေတမန် (တမန်တော်များ) ကို ရွေးချယ်တော်မူ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော ကောင်းစွာမြင်တော်မူသော အရှင်မြတ်ပင်ဖြစ် တော်မူ၏။ ထိုအရှင်မြတ်သည် ၎င်းတို့၏ရှေ့နောက် အဖြစ်အပျက်အလုံးစုံတို့ကို (အကြွင်းမဲ့) သိရှိတော်မူ ပေသည်။ စင်စစ်သော်ကား အရေးကိစ္စအ၀၀တို့မှာ အလ္လာဟ်အရှင်မြတ် အထံတော်သို့ပင် ပြန်လည် ရောက်ရှိကြမည်သာတည်း။ (၂၂ း ၇၅ - ၇၆)

ဆိုသည့်မုက္ခပါတ်တော်ပါ ယဆွ်တွဖွှီ သည် ပစ္စုပ္ပာန်နှင့် အနာဂတ်ကာလပြကြိယာ ( universal truth ကိုပေးသော simple present) မဟုတ်ဘဲ ဆော်ဒီအခွင့်ရ ကုရ်အာန်မြန်မာပြန်ထဲမှသကဲ့သို့ အတိတ်ကာလပြ ကြိယာဟု သက်သေပြနိုင်လျှင်သော်လည်းကောင်

၃)

كَانَ النَّاسُ اُمَّةً وَّاحِدَةً فَبَعَثَ اللّٰهُ النَّبِيّٖنَ مُبَشِّرِيْنَ وَمُنْذِرِيْنَ وَاَنْزَلَ مَعَهُمُ الْكِتٰبَ بِالْحَـقِّ لِيَحْكُمَ بَيْنَ النَّاسِ فِيْمَا اخْتَلَفُوْا فِيْهِ‌ؕ وَمَا اخْتَلَفَ فِيْهِ اِلَّا الَّذِيْنَ اُوْتُوْهُ مِنْۢ بَعْدِ مَا جَآءَتْهُمُ الْبَيِّنٰتُ بَغْيًا ۢ بَيْنَهُمْ‌ۚ فَهَدَى اللّٰهُ الَّذِيْنَ اٰمَنُوْا لِمَا اخْتَلَفُوْا فِيْهِ مِنَ الْحَـقِّ بِاِذْنِهٖ‌ؕ وَاللّٰهُ يَهْدِىْ مَنْ يَّشَآءُ اِلٰى صِرَاطٍ مُّسْتَقِيْمٍ‏ 

လူသားအားလုံးတို့သည် (မူလက)တစ်သင်းတစ် ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ အဓွန့်ကာလရှည်ကြာ လတ်သော် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော် များ ကို (အမိန့်တော်နာခံသူများအဖို့) ပီတိသောမနဿ ဝမ်း မြောက်ဖွယ်ရာမင်္ဂလာသတင်း ပေးပို့သူများအဖြစ်ဖြင့်လည်း ကောင်း၊ (မနာခံသူများအား) သတိပေးနှိုးဆော်သော သူများ အဖြစ်ဖြင့်လည်းကောင်း၊ စေလွှတ်တော်မူလေသည်။ ထို့ပြင် တ၀ လူသားတို့အချင်းချင်း ကွဲပြားလျက်ရှိသော ပြဿနာရပ် များကို စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှ အလ္လာဟ်အရှင် မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်း ဂန် အသီးသီးတို့ကိုလည်း ထုတ်ပြန်ချမှတ် ပေးအပ်တော်မူ လေသည်။ ထိုကျမ်းဂန်နှင့် စပ်လျဉ်း ၍ကား (မည်သူတစ်ဦး တစ်ယောက်မျှ) ကွဲပြားသည် မရှိချေ။ ထိုကျမ်းဂန်ကို ရရှိ သောသူများသာလျှင် မိမိတို့ထံ ထင်ရှားသော အမှတ်အသား လက္ခဏာ တော်များရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့ အချင်းချင်း မလိုမုန်းထား ထောင်လွှားခြင်းကြောင့် ထိုကျမ်း ဂန်နှင့်စပ်လျဉ်း၍ ကွဲပြားလာကြလေ၏။ ထိုအခါ (နောက်ဆုံး ၌) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ဖြင့် လူသားတို့ ကွဲပြားလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကုန်သော မုအ်မင်တို့အား တရားမှန်ကို ညွှန် ကြားပြသတော်မူလေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် မိမိနှစ်မြို့တော်မူသောသူတို့ကုိ ဖြောင့်မတ်မှန်ကန် သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူလေသတည်း။ ( ၂း၂၁၄) (ဃာဇီဟာရှင်မ်ဆာဟိဘ် + ၁ မြန်မာပြန်မှ)

ဖော်ပြပါအတိုင်း ကျမ်းမြတ်ကုရ်အာန်ထဲမှ နဗီ=ရစူလ် ၊ နဗီနှင့်ရစူလ်သည် စကားလုံးအားဖြင့် root ကွဲသော်လည်း ဂုဏ်အဆင့်ချင်းအတူတူဖြစ်သည်ဟု မယူဘဲ ရစူလ်သည် နဗီထက်ပို၍မြင့်သည်၊ ရစုူလ်သည် မဟာဘွဲ့ ၊ နဗီသည် သာမာန်ဘွဲ့အဖြစ်ယူကြပြီးသကာလ ၃၃.၄၁ ပါ ခါ-သ-မ အား အဆုံးသတ်သူ သို့မဟုတ် နောက်ဆုံး သို့မဟုတ် အသုဘဖိတ်စာများတွင် အများဆုံးသုံးသော အန္တိမဟု ယုံကြည်သော ဇာကိရ်နိတ်ကိုထောက်ခံသော အခြားမွတ်စလင်မ်အားလုံး၏ အယူအရ  နဗီဖြစ်ခွင့်ရှိခြင်းသည် ခါတမန်နဗီယီးန် အာယတ်တော်အရ တမန်တော်မြတ်(ဆွလ္လာလ်လားဟို့ အလိုင်းဟေ ဝဆလာမ်) အားဖြင့် အဆုံးသတ်ခဲ့ပြီ၊ သို့သော်နဗီထက်မြင့်သည့် ရစူလ်ဖြစ်ခြင်းကိုမူ ကျမ်းမြတ်ကုရ်အာန်ထဲမှ မုက္ခပါတ်တော်အားဖြင့် အဆုံးမသတ်သေးဘဲ ရှိနေကြောင်း သက်ဝင်ယုံကြည်သည့်နှယ်ဖြစ်ကြောင်း ကျွန်ုပ်ဘက်မှ အခိုင်အမာဆိုပါသည်။

အကယ်၍ ရီစာလသ် ရစူလ်ဖြစ်ခွင့်ပါ မရှိတော့ကြောင်း အဓိပ္ပါယ်ဆောင်သည့် ကျမ်းမြတ်ကုရ်အာန်ထဲမှ တိုက်ရိုက်စကားလုံးပါ မုက္ခပါတ်တော်တစ်ခု သက်သေပြနိုင်လျှင်လည်းကောင်း

ကျွန်ုပ်၏ ဤဘလော့ဂ်ကို ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း။

(မှတ်ချက် ။ ဤကြေငြာချက်သည် မိမိ က အမှန်တရားဟုယူဆသည့်လမ်းစဉ်အပေါ်မိမိ၏ညီနောင် အား ရောက်ရှိစေချင်သည့် ဆန္ဒမှာ အလွန်တရာသဘာဝကျ၍ မှန်ကန်သည့်လူ့ဗီဇ သာဖြစ်ကြောင်း ကိုယ်ပိုင်လွတ်လပ်စွာယူဆမိသည်ဖြစ်၍ ဘလော့ဂ်အားတင်ဆက်သော်လည်း မဟုတ်မတရား အမနာပ သွားပုတ်လေလွင့်ဖြင့် ဇာတိပုညဂုဏ်မာနထုတ်ပြနေသော သူများသို့သာ ရည်ရွယ်ပါကြောင်း)


နောက်ဆက်တွဲ (ခ)

နောက်ဆက်တွဲ (ဂ)