ခါတမန်နဗီယီးန်ဆောင်းပါးမှ ကောက်နုတ်ချက်များ နောက်ဆက်တွဲ (ဃ)
အလ္လာဟ်အရှင်မြတ်က အရှင့်ဓမ္မနိယာမ အစဉ်အလာ (စွန္နတ်)တော်ကြီးကို အထပ်ထပ် အခါခါနည်းမျိုးစုံစွာဖြင့် လင်းပြတော်မူလျက် လူမျိုးဆက်အသီးသီးတို့ရဲ့ ယဉ်ကျေးမှုဗိသုကာကြီးများဖြစ်ကြတဲ့ တမန်တော်အဆက်ဆက်ထံမှ ၎င်းအစဉ်အလာနိယာမတရားကြီးကို စဉ်ဆက်မပြတ် လက်ဆင့်ကမ်း ပို့ဆောင်ကြဘို့ရာ၊ ကတိပဋိညာဉ်ကို ချုပ်ဆိုတော်မူခဲ့တဲ့အပြင်၊ (နောက်ဆက်တွဲ ဂ ရှု ) - “အကြွှင်းမဲ့ ပြီးပြည့်စုံတဲ့ ကျမ်းတော်ကြီး” ရဲ့ “ခါတမန်နဗီယီးန်” အာယတ်တော်ပါရှိတဲ့ စူရာဟ်မှာဘဲ ထိုအာယတ်တော်ရဲ့ အနက်သဘော ကောက်ယူမှုလွဲမှားမည့်အရေး အပူထားတော်မူလျက် အရြှင်မတ်က တမန်တော်မြတ်ကြီး (ဆွ)၊ “ခါတမန် နဗီယီယန်” ဖြစ်ရခြင်းမှာ The Galaxy of the Prophethood မှာ ၊ “နေမင်းကြီး” တစ်ဆူဖြစ်တာကို ဆိုလိုတာ ဖြစ်ကြောင်း ခုလိုလင်းပြတော်မူခဲ့ပြန်ပါတယ်။
““အို---နဗီတမန်တော်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်း ကောင်း၊ သတင်းကောင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း စေလွှတ်တော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ဖိတ်ခေါ်သူ အဖြစ်လည်းကောင်း၊ လင်းဝင်းတောက်ပသော မီးရှူးမီးတိုင် (သူရိယ) အဖြစ် လည်းကောင်း (စေလွှတ် တော်မူ၏)”” (၃၃း၄၆ - ၄၇)
ဒါကို ဆော်ဒီအသိအမှတ်ပြု “ကုရ်အာန် ကျမ်းတော်မြတ် မြန်မာဘာသာပြန်” ၊ “ဖဟဒ်ဘုရင်ပုံနှိပ်တိုက်ထုတ်” တွဲ ၂၊ စာ ၂၂၀၇ အောက်ခြေမှာ -
" တမန်တော်မြတ် (ဆွ) သည် ““စိရာဂျန်မူနရန်”” လင်းဝင်းတောက်ပသော သူရိယလည်းဖြစ်တော် မူသည်။ လူသားထုကြီးတစ်ရပ်လုံးအား အမှောင်ခွင်း၍ အလင်းဆောင်တော်မူသည်။ သူရိယနေထွက်ပေါ် လာသည့်အခါ အခြားအလင်းရောင်များသည် ကွယ်ပျောက်သွားသကဲ့သို့ တမန်တော်မြတ် (ဆွ) ၏ ဓမ္မ သူရိယရှေ့မှောက်တွင် အခြားဓမ္မရောင်ခြည်များသည် ကွယ်ပျောက်သွားချေပြီ။ (မလိုတော့ပြီ)။ ထို့ပြင်တ၀ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် (ဆွ) အား အကြောင်းပြု၍ နောက်လိုက် တပည့်သားတို့အား ကျန်အုပ်စုအားလုံးတို့ထက် ထူးကဲမြင့်မြတ်မှုကို ချီးမြှင့်ထားတော်မူသည်။"
အရိပ်ပြ အကောင်မြင်နိုင်စွမ်းရှိကြသော အလ္လာဟ်အား အကြောက်တရားရှိကြသော ဓမ္မမိတ်ဆွေ အပေါင်းတို့ခင်ဗျား။ - အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်တွင် “အမှား” သည် ရှေ့ဘက်မှရော နောက်ဘက်မှပါ လာရောက်စွက်ဖက်နိုင်မည်မဟုတ်လို့ အာမခံချက် ပေးထားတော်မူတာနဲ့ စံချိန်စံညွှန်း ကိုက်ညီစွာ (၄၁ း ၄၂) ။ “ခါတမန်နဗီယီးန်” အာယတ်တော်ပါရှိတဲ့ စူရာဟ်အတွင်းမှာပဲ အရှေ့မှာရော (၃၃ း ၇) အနောက်မှာပါ (၃၃ း ၄၆) “မှားယွင်းဖောက်ပြန်တဲ့ အယူအဆ အတွေးအမြင်များ ဝင်ရောက် မစွက်ဖက်နိုင်ရလေအောင် လုံခြုံမှုကို ပေးထားတော်မူပါတယ်။
ဒီအာယတ်တော် (၃၃ း ၄၆) ရဲ့၊ ဆိုလိုတဲ့သဘောကို မိတ်ဆွေကြီးများ (လိုတဲ့အခါ) အားကိုးတကြီး ဖြင့် ဖော်ပြလေ့ရှိသော “ဂျလာလိုင်း” ကျမ်းတော်ကြီးရဲ့ သဖ်စီရ်အကျယ်ကိုရေးသားပြုစုခဲ့တဲ့ “အေမာမ်အဟ်မဒ်အလ်ဆွာဝီ” သခင်ကြီးက ခုလို ရှင်းပြထားပါတယ်။
၁။ သူရိယနေမင်းဟု အနက်ယူလျှင် ကိုယ်တော်မြတ် (ဆွ)ထံတော်မှ အလင်းကိုခံယူလျက် ကမ္ဘာလောကတဝှမ်းလုံးသို့ ရောင်ပြန်ဟပ်သောသဘောဖြင့် အလင်းရောင်ဖြန့်ဖြူးမည့် ပုဂ္ဂိုလ်များသည် ကိုယ်တော်မြတ်၏ “အွမ္မတ်” တွင် အစဉ်ထာဝရရှိနေဦးမည်ဖြစ်ကြောင်းနှင့် လစန္ဒာသည် နေဝန်းကြီး၏ ကိုယ်ပိုင်အလင်းကို ခံယူလျက် ညဉ့်၏အမှောင်ထုဖုံးလွှမ်းမှုကို ရောင်ပြန်ဟပ်ကာ အလင်းပေးသည့်ပမာ ရှိနေမည်ဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။ (မှတ်ချက်- ခလီဖွှာရာထူးရ တမန်တော်များကို သုံးသပ်လျှင် နားလည်နိုင်ပါသည်။)
၂။ “ဆီရာဂျ်” ကို ဆီမီးအိမ် (ခွက်) ဟု အနက်ယူလျှင်လည်း ဆီမီးအိမ်တစ်ခုကို မီးထွန်းညှိ ခြင်းခံရပြီး လင်းဝင်းတောက်ပစေခဲ့ပြီးလျှင် ထိုမီးအိမ်မှ ရာထောင်အသောင်းမကသော ဆီမီးအိမ်များကို မီးကူးယူထွန်းညှိနိုင်ပေတော့သည်။ ထို့ပြင် ဤသိုမီးကူးထွန်းညှိလေသော ကြောင့် မူလဆီမီးအိမ်မှ မီးတောက်တွင် မည်သို့မျှလျော့နည်းသွားခြင်း မရှိကြောင်းကို သုံးသပ်ပါက ကိုယ်တော်မြတ် (ဆွ)၏ နောက်ပိုင်း၌ “အွမ္မသ်” အတွင်းမှ “အွမ္မသီနဗီ” ပေါ်ထွန်းရခြင်းကြောင့် ကိုယ်တော်မြတ်၏ ဂုဏ်မငြိုးရုံသာမက ဂုဏ်ဒြပ်တသီတင့်၍ ထွဋ်မြတ်ခြင်းကိုသာ ဆောင်ရမည်ဖြစ်ကြောင်းနှင့် တပည့်နောက်လိုက်များပြားလေ ဆရာသမား၏ဂုဏ် ကြီးမြင့်သည်ထက် ကြီးမြင့်လေသာဖြစ်ခြင်းကို ပမာပြုဆင်ခြင်နိုင်ပါ သည်။ (အေမာမ်အဟ်မဒ်အလ် - ဆွာဝီ ဂျလာလိုင်းကျမ်း၊ အောက်ခြေရှင်းလင်းချက်၌ “ဆီမီးခွက်” ဖြင့် တင်စားလျက် ရှင်းလင်းဖော်ပြထားသည်ကို အခန်း (၃) ၊ စာမျက်နှာ (၂၂၄) )
ဒါ့အပြင် နဗီတမန်တော်တွေအားလုံးနဲ့ စပ်လျဉ်းပြီး အေမာမ်အဟ်မဒ်အလ် - ဆွာဝီ သခင်ကြီးက “ဝါဟွန်မ်မခ်လူကူးနာမင့်န်ဟု” - “နဗီတမန်တော်အပေါင်းတို့သည် ကိုယ်တော်မြတ်ကြီး (ဆွ) မှပင် မွေးဖွားသန့်စင်လာကြလေသည်။”” (ဟာရှီယာဟ်အလ်ဆွာဝီ ၊ ဂျွဇ် ၄ ၊ စာမျက်နှာ ၁၄)
ဒါ့ကြောင့် တမန်တော်မြတ်ကြီး (ဆွ) ရဲ့ တသီတင့်လှတဲ့ဂုဏ်ဒြပ် အဆင့်အတန်းဟာ “လုံး၀ အဆုံးသတ်၊ အညွန့်တုံး၊ အဆက်အနွယ်ပြတ်၊ ဆက်ခံသူမရှိတဲ့” သဘောသကန်မျိုးဖြင့် ဈာပနနှင့်တွဲ၍သုံး သော “အန္တိမ” မဟုတ်မူဘဲ၊ “မြင့်မြတ်မှုအပေါင်း သရဖူဆောင်းလျက် မြင့်မားသီခေါင်လှစွာသော အမြင့်ဆုံး အထွဋ်အထိပ်ဖြစ်သည့် ဂုဏ်ဒြပ်အဆင့်အတန်းဖြစ်သော မိုးကုတ်စက်ဝိုင်း၏ ဟိုမှာဘက်တွင်ရှိသည့် “ဆစ်ဒရတုလ်မွန်တမာ” အဆင့်မှာ “အရ်ရှေ့ခိုဒါဝမ်ဒီ” (အလ္လာဟ်အရှင်မြတ်၏ ရွှေပလ္လင်တော်တည်ရှိရာ နန်းရင်ပြင်သို့ ရောက်ရှိသော (တင်စားခြင်းစကား) ဆုံးခန်းတိုင်ရောက်ခြင်း(the fullest) (ဝါ) အကြွှင်းမဲ့ပြီး ပြည့်စုံခြင်း သဘောကိုဆောင်တဲ့ “the ultimate one” ဟူသည့် အနွတ္တသညာရှင်ဖြစ်ပါသည်။ Last in best and continuation of blessing ဖြစ်ပါတယ်။
ဒါ့ပြင် ဂျလာလိုင်းသဖ်စီရ်ကျမ်းအား စီရင်ပြုစုခဲ့သူပုဂ္ဂိုလ်ကြီးနှစ်ဦးအနက် ဆူယူတီ(ရ.ဟ) သခင်ကြီးက မိမိရဲ့ ဒူရေမန်ဆူးရ်ကျမ်းမှာ အိုင်အေရှာ(ရဒီ)သခင်မကြီးဆင့်ပြန်တဲ့ဟဒီးဆ်ကိုဖော်ပြရင်း ကိုယ်တော်မြတ်(ဆွ) ဟာ ခါသမန်နဗီယီးန် ဖြစ်တော်မူပေမယ့် ကိုယ်တော့်နောက် တမန်တော်မရှိဘူးလို့ မပြောကြလေပါနဲ့ဟု သတိပေးခဲ့ခြင်းဖြစ်ပါတယ်။ ဂျလာလိုင်းသဖ်စီရ်ကျမ်းကြီးရဲ့ အရှေ့ပိုင်းသဖ်စီရ်များကို ဖြတ်တောက်ယူငင်ပြီး အဓိပ္ပါယ်ဆိုလိုရင်း လွဲမှားအောင်ပြုကြသူများအတွက်ကတော့ အလွန်ဝမ်းနည်းဖွယ်ကောင်းလေစွ။
ဒါ့ပြင် ဂျလာလိုင်းသဖ်စီရ်ကျမ်းအား စီရင်ပြုစုခဲ့သူပုဂ္ဂိုလ်ကြီးနှစ်ဦးအနက် ဆူယူတီ(ရ.ဟ) သခင်ကြီးက မိမိရဲ့ ဒူရေမန်ဆူးရ်ကျမ်းမှာ အိုင်အေရှာ(ရဒီ)သခင်မကြီးဆင့်ပြန်တဲ့ဟဒီးဆ်ကိုဖော်ပြရင်း ကိုယ်တော်မြတ်(ဆွ) ဟာ ခါသမန်နဗီယီးန် ဖြစ်တော်မူပေမယ့် ကိုယ်တော့်နောက် တမန်တော်မရှိဘူးလို့ မပြောကြလေပါနဲ့ဟု သတိပေးခဲ့ခြင်းဖြစ်ပါတယ်။ ဂျလာလိုင်းသဖ်စီရ်ကျမ်းကြီးရဲ့ အရှေ့ပိုင်းသဖ်စီရ်များကို ဖြတ်တောက်ယူငင်ပြီး အဓိပ္ပါယ်ဆိုလိုရင်း လွဲမှားအောင်ပြုကြသူများအတွက်ကတော့ အလွန်ဝမ်းနည်းဖွယ်ကောင်းလေစွ။
သို့ကြောင့်လည်းပဲ အလ္လာဟ်အရှင်မြတ်က အခြားတစ်နေရာမှာ ““အင်န်နကာ့ လအလား ခုလုကင်န် အဇွီးမ်”” “ထိုမှတပါး မလွဲဧကန် အသင် (တမန်တော်မြတ်) သည် ထူးကဲမြင့်မြတ်လှစွာသော သဘောသကန် အကျင့်စာရိတ္တပေါ်၌ ရှိနေ၏။” (၆၈ း ၄) ။ (ဤတွင် သတိချပ်ဆင်ခြင်ရမည်မှာ “ရဗ်ဗေ့ကလ်အဇွီးမ်” (၅၆ း ၉၆) ပါ အကြီးကျယ်မြင့်မြတ်ဆုံးကို ညွှန်းဆိုကြောင်း ဖြစ်ပါသည်။)
အဲ့သလိုကြီးကျယ်မြင့်မြတ် အထွဋ်မြင့်မားသီခေါင်လှတဲ့ ဂုဏ်ဒြပ်အဆင့်အတန်းကို ချီးမြှင့် မြှောက်စားခြင်းခံရသူဖြစ်တာကြောင့်၊ ကျွန်ုပ်တို့ မွတ်စလင်(မ်) များက ကိုယ်တော်မြတ်မူဟမ္မဒ်သခင် (ဆွ)ကို ၊ အခြားတမန်တော်များထက် တမူထူးခြားစွာ “တမန်တော်မြတ်၊ မဟာတမန်တော်၊ တမန်တော်ချုပ်” ဆိုပြီး တစ်ဂုဏ်တစ်ထူး ခေါ်ဆိုကြပေတာပေါ့။
ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ “မဟာတမန်တော်ချုပ်ကြီး” မူဟမ္မဒ်သခင် (ဆွ) ဟာ၊ အလွန်မှပင် ကြီးကဲ ထွဋ်မြတ် မြင့်မားသီခေါင်လှတဲ့ ဂုဏ်ဒြပ်အဆင့်အတန်းမှာရှိနေသူ အရှင်သူမြတ်ကြီးဖြစ်တဲ့အတွက် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ကပင်၊ “တမန်တော်အာဒမ် မမွေးဖွားမီကတည်းကပင် ငါကိုယ်တော်သည် ခါတမန်နဗီယီန်း ဖြစ်၏။” လို့ မိန့်ခဲ့ခြင်းဖြစ်ပါတယ်။ (မုဆ်နဒ်အဟ်မဒ်ဗင်န်ဟမ်ဘလ်ကျမ်းနှင့် ကန်ဇုလ် အုမ္မာလ်ကျမ်း၊ တွဲ - ၆ ၊ စာမျက်နှာ ၁၁၂) အရှင်မြတ်ကလည်း မိမိရဲ့အချစ်တော်ကြီးကို ခါ-သ-မ နဲ့ နဗူဝသ်ကိုပေါင်းပြီး တွဲသုံးတဲ့စကားလုံး မျိုးမသုံးဘဲ ခါ-သ-မနဲ့ နဗီယီန်းဆိုတဲ့ accusative masculine noun အားဖြင့် တဂုဏ်တထူးချီးမြှင့်ခဲ့တာပါ၊ ခါ-သ-မ နဗူဝသ်မဟုတ်မူဘဲ ခါ-သ-မ နဗီယီးန်ဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်။
(ref: , ဤသည် အဟ်မဒီမွတ်စလင်များ၏ research web site တစ်ခုမဟုတ်ပါ။)
ကျွန်ုပ်တို့ တင်ပြထားပြီးဖြစ်တဲ့ “ခါတမန်နဗီယီးန်နှင့် ကျွနု်ပ်တို့၏ယုံကြည်ချက်” မှ “ခါတမီယသ်သည် နဗူဝသ်၏ ဝိသေသလက္ခဏာများအပေါ် ဖြန့်ကျက်လွှမ်းမိုးလျက်ရှိ၏” ဟူသော ခေါင်းစဉ်အောက်မှ အကြောင်းအရာများနှင့် “အထက်ကောင်းကင်ယံသို့ ကြွှမြန်းခြင်း” ခေါင်းစဉ်အောက်ရှိ အချက်အလက်များ ကို ပြန်ပြောင်းဖတ်ရှုခြင်းဖြင့် “ခါတမေနဗူဝသ်၏ ဉာဏ်စဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ပွားယူကာ၊ ဝိဉာဏ အသိထူးကို ရယူကြစေရန် တိုက်တွန်းအပ်ပါတယ်။
အဲ့ဒါကြောင့်လည်းပဲ အလ္လာဟ်အရှင်မြတ်က -
““ထိုသူတို့သည် အသင် (တမန်တော်မြတ်)အား ရှုမြင်နေကြသည်ဟု အသင်ကမြင်နေပေမယ့်လည်း ထိုသူတို့သည် (အသင့်အား) မြင်ရှုနေကြသည်မဟုတ်ချေ။”” (၇ း ၁၉၈)
ဆိုပြီး မယုံကြည်သူတို့က မဟာတမန်တော်မြတ်ကြီး(ဆွ)ရဲ့ မြင့်မားထွဋ်မြတ်လှတဲ့ ဂုဏ်အဆင့်ကိုကြည့်ကား ကြည့်၏။ မမြင်ကြရတဲ့ဘဝမှာ သောင်တင်ရေမကျနဲ့ ရှိနေခဲ့ကြတယ်လို့ ဥပမာပေးမိန့်ဆိုထားခဲ့ခြင်း ဖြစ်ပါ တယ်။
ယခုလည်းပဲ ခေတ်ပေါ် “သာသနာ့ပညာရှင်” အမည်ခံပုဂ္ဂိုလ်များက “နေမင်းတမန်တော်ကြီးရဲ့” လင်းဝင်းတောက်ပတဲ့ အလင်းရောင်အရှိန်အဝါကို မြင်ရှုတွေးခေါ်နိုင်တဲ့အစွမ်း မရှိကြခြင်းကို စာနာစိတ် အပြည့်ဖြင့် စိတ်မကောင်းခြင်းများစွာ ဖြစ်ရသလို ထိုပုဂ္ဂိုလ်ထဲက အချို့ကတော့ သဖ်စီရ်ဆိုတဲ့ commentary ကို လက်ခံခြင်းမရှိလို့ ကြွေးကြော်ကြပေမယ့် နားလည်မှုနဲ့ အားလုံးသော ၇၂ သင်းကို မတင်မြှောက်ပါဘဲ ကိုယ်စားပြုဖို့ လိုသလို ဖြတ်တောက်ယူငင်အသုံးတော်ခံမှုများဟာ တကယ့်ကို သတိချပ်ရှောင်ကြဉ်ဖွယ်များပါ။
ရိုးသားမှုနဲ့ ကုရ်အာန့်မှတ်ကျောက်ကို ရဲရဲကြီးအစမ်းစစ်ခံနိုင်တဲ့ ပုဂ္ဂိုလ်များမှာတော့ အချို့လူရေးကျမ်းများအား စာတစ်မျက်နှာလောက်တင်ခြင်းမျိုးအလျဉ်းမပြုမူဘဲ စာတစ်အုပ်လုံးကို ချပြထားသည်ကိုက အလ္လာဟ်ကြောက်စိတ်အသိရှိနေတယ် ဆိုတာအထင်အရှားပါ။
နောက်ဆက်တွဲ (င)
နောက်ဆက်တွဲ (င)
No comments:
Post a Comment